ၾကားသိသမွ်

အတောင်ချိုးခံထားရတဲ့ငှက်တွေကို ကယ်ထုတ်ပေးပါ

စစ်တပ်ထဲစဝင်ကတည်းက စစ်သားတွေဟာ ပြည်သူနဲ့ဝေးသထက်ဝေးသွားတယ်။ စစ်တပ်ကို သီးခြားကမ္ဘာလို တည်ဆောက်ထားတာ
ကြောင့် သူတို့ဟာ တစ်ချိန်တုန်းက ပြည်သူဖြစ်ခဲ့တာကိုပါ မေ့လျော့နေကြတယ်။ အဲ့ဒီလို ဝေးကွာနေအောင်လည်း အာဏာရှင်တွေက
ရည်ရွယ်ချက်ရှိရှိလုပ်ထားတယ်။
ဓါးမြဗိုလ်ဆီရောက်သွားတဲ့ ကျေးငှက်လိုပါပဲ။ အဖြူထည်ဘဝကနေ တဖြည်းဖြည်းရိုင်းလာတယ်။ ဆိုးသွမ်းလာတယ်။ ခိုးတတ်လာတယ်။ ဒီ
တော့ ပြည်သူက မုန်းလာကြတယ်။ အဲ့ဒီလို မုန်းလေလေ စစ်အာဏာရှင်တွေက ကြိုက်လေလေပါပဲ။
ဓါးမြဗိုလ်ဆီရောက်သွားတဲ့ငှက်တိုင်းကတော့ ဆိုးသွမ်းသွားတာမဟုတ်ဘူး။ မဆိုးသွမ်းချင်တဲ့ငှက်တွေလည်းရှိတယ်။ ဓါးမြဗိုလ် အတောင်
ချိုးထားလို့ မပျံနိုင်တဲ့ ငှက်တွေလည်း ရှိတယ်။ ငှက်ဆိုးတွေလည်း ကျန်နေတုန်းပဲ။
ငှက်ကောင်းလေးတွေကတော့ ခွန်အားရှိသလောက် ပြည်သူဆီကို ပျံသန်းလာကြတယ်။ ငှက်အသိုင်းအဝိုင်းအတွက်လည်း တောင်းပန်ကြ
တယ်။ အတောင်ချိုးခံထားရတဲ့ ငှက်လေးတွေရှိကြောင်း ၊ ခွန်အားယူနေကြောင်း ပြန်ပြောကြရတယ်။
ဓါးမြဗိုလ်တွေကတော့ ဒေါသထွက်တာပေါ့။ ငှက်အုပ်တွေ ပြည်သူ့ဆီပျံသန်းတာ အုပ်လိုက်ကြီးပဲ။ သမိုင်းမှာ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး။
အတောင်ချိုးခံထားရတဲ့ငှက်ကလေးတွေကလည်း အပြင်ကို တမျှော်မျှော်နဲ့ ပေါ့။ ငှက်ကလေးတွေက ဝေးဝေးကိုပြေးချင်တယ်။ အတောင်ပံ
လေးတွေခတ်တိုင်း ဓါးမြဗိုလ်ကြီးကလည်း ဓါးတကြိမ်းကြိမ်းနဲ့ပေါ့။
ဒီကြားထဲငှက်ဆိုးတွေကြောင့် ပြည်သူအချို့က ငှက်တွေကို မကယ်ထုတ်ချင်ကြဘူး။ အဲ့ဒီလို မကယ်ချင်လေလေ ဓါးမြဗိုလ်ကြီးက ကြိုက်
လေလေပဲ။ ငှက်ဆိုးတွေက ဆိုးမြဲဆိုးမှာပဲ။ ဓါးမြဗိုလ်ကြီးက သိမ်းသွင်းထားတာကိုး။ ဒါပေမဲ့ အတောင်ချိုးခံထားရတဲ့ငှက်တွေကိုပါ သိမ်း
ကြုံးမမုန်းပါနဲ့။ သူတို့တွေ မပျံနိုင်သေးပေမဲ့ အားယူနေကြပါတယ်။ ပြည်သူတွေက လက်ကလေးတွေကမ်းပေးထားကြရင် သူတို့တွေ
ခွန်အားရှိပြီး ရုန်းထွက်နိုင်ကြမှာပါ။