ဆင်းမ်ကဒ် လုံခြုံရေး
ဩဂုတ်လထဲမှာပဲ စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ကြားဖြတ်နားထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အော်ပရေတာတွေကိုလည်း သုံးစွဲသူတွေရဲ့ ဖုန်း call log လို data တွေကို သုံးနှစ်အထိ သိမ်းထားရမယ်လို့ အမိန့်ပေးစေခိုင်းခဲ့တာတွေ ရှိပါ
တယ်။ ဒီလိုအချိန်မှာ အရေးကြီးလာတာကတော့ အသုံးပြုနေကြတဲ့ Sim card တွေရဲ့ လုံခြုံရေးပါပဲ။ Sim Card တွေကို အသုံးပြုပြီး ဖုန်း
ပြောဆိုခြင်း၊ SMS ပို့ခြင်းတွေဟာ ဒီအချိန်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ခြင်းကို အပြည့်အဝခံလိုက်ရပြီဖြစ်ပါတယ်။ ဖုန်း call တွေအတွင်း
မှာ ပြောဆိုကြတဲ့ စကားတွေဟာ လွပ်လွပ်လပ်လပ်ပြောလို့ရတော့တာမဟုတ်ပဲ စစ်ကောင်စီအတွက် မလိုလားတဲ့ C*M လို၊ P*F လို
စကားတွေပြောမိတဲ့အခါ အိမ်တိုင်ရာရောက် လက်ထိပ်ခတ်ခံရနိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။ SIM Card Safety ကို နားလည်ထားဖို့
တင်ပေးလိုက်ပါတယ်။
Sim Card ကို စွန့်ပယ်
အခုလို အင်တာနက်ရနေသေးတဲ့အချိန်မှာတော့ Sim Card ကတစ်ဆင့် ဖုန်းခေါ်ဆိုမှု၊ စာပို့မှုတွေကို လုံးဝစွန့်လွှတ်ပြီး Signal လို၊
Telegram လို ၊ SIlence လို ကြားဖြတ်နားထောင်လို့မရသော Encryption စနစ်ပါတဲ့ App တွေကတစ်ဆင့်ပဲ ဆက်သွယ်ပြောဆိုကြဖို့
တိုက်တွန်းပါတယ်။ ဒါဟာ အခုချိန်မှာ စစ်ကောင်စီက Target ထားခံရတဲ့သူတွေတင် လုပ်ဆောင်ရမယ့်အရာမဟုတ်ပဲ ကိုယ်ရေးကိုယ်တာ
အချက်အလက်တွေ ကိုတန်ဖိုးထားသူတွေ၊ ကိုယ်လုံခြုံရေးကိုတန်ဖိုးထားသူတိုင်း လုပ်ဆောင်ရမယ့်အရာပါ။ Signal၊ Telegram နဲ့
Silence တို့ ဘယ်လိုသုံးရမလဲဆိုတာတော့ Channel မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ လုံခြုံရေးဆိုဖြစ်မှ အရေးကြီးမှန်းသိရတာဖြစ်တဲ့
အတွက် ကြိုတင်ပြင်ဆင်ထားခြင်းဟာ ကာကွယ်ထားခြင်းပါပဲ။
Sim Card မထုတ်ပစ်ခင်
နောက်ပြုလုပ်သင့်တာကတော့ ကိုယ့်နာမည် နဲ့ Register လုပ်ထားတဲ့ Sim Card ကို မသုံးနေသင့်တော့ပါဘူး။ Registered လုပ်ထားပြီး
သား Sim Card များကို ပြောင်းလဲ အသုံးပြုသင့်ပါတယ်။ တခုသတိထားရမှာကတော့ Sim Card ကို မထုတ်ခင်မှာ Two Factor
Authentication ကိ်ု ဖုန်းနံပါတ်နဲ့ ထားထားတာတွေကို အရင်ထုတ်ပယ်ပြီး Google Authenticator လို App မျိုးတွေနဲ့ Backup code
တွေကိုပြောင်းလဲထားသင့်ပါတယ်။ KBZ Pay လို၊ CB Pay လို ဖုန်းနံပါတ် နဲ့ Login လုပ်ရတဲ့ banking app တွေကို ပြောင်းလဲနိုင်ရင်
ပြောင်းလဲသင့်ပြီး မပြောင်းလဲနိုင်ပါက ပြန်လည် Login လုပ်ဖို့အတွက် Sim Card ကိုတော့ သေချာသိမ်းထားသင့်ပါတယ်။ Sim card ကို
အလွယ်တကူ ပစ်ပြန်ရင်လည်း Banking app တွေကို ကောက်ရသူက တခြားဖုန်းမှာ ထည့်ပြီး ကိုယ့် Bank account တွေ၊ Mobile
Wallet မျိုးတွေကို ဝင်ရောက်နိုင်တာကို သတိထားသင့်ပါတယ်။
Sim Card ပွားခြင်း
အော်ပရေတာတွေဟာ အခုချိန်မှာ စစ်ကောင်စီရဲ့ လက်အောက်ကို ကျရောက်နိုင်နေတဲ့အတွက် ကိုယ့် Sim card ကို Clone လုပ်နိုင်စွမ်း
လည်း ရှိနေပါတယ်။ Sim card Clone လုပ်ခြင်းကို Showroom တွေမှာ Sim card ပျောက်တာဖြစ်ဖြစ်၊ 4G သွားပြောင်းတာဖြစ်ဖြစ် လုပ်
ဖူးတဲ့သူတွေ သိပါတယ်။ Sim Card အလွတ်ထဲကို ကိုယ့် Sim card ရဲ့ နံပါတ်ကို လွှဲပြောင်းလိုက်ခြင်းလို့ နားလည်လို့ ရပါတယ်။ အကော
င့်တွေကို ဖုန်းနံပါတ် နဲ့ ဖွင့်ထားခြင်း၊ Recovery မှာ Phone Number ထည့်ထားခြင်း နဲ့ Two Factor Authentication ခံထားခြင်းတွေ
လုပ်ထားမယ်ဆိုရင် ကိုယ်က Target ထားခံရတဲ့သူဖြစ်ပါက မိမိအကောင့်တွေထဲကို ဝင်ရောက်နိုင်တဲ့ တံခါးပေါက်ကို ဖွင့်ပေးထားသလိုပါ
ပဲ။ Banking app တွေထဲကိုလည်း အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ အထိမ်းသိမ်းခံရသူရဲ့ ဖုန်းဟာ
Password ခံထားလို့ ဖွင့်မရပေမယ့် ဖုန်းထဲက Sim card ကိုတော့ ဖြုတ်ပြီး တခြားဖုန်းတစ်လုံးထဲကို ထည့်သွင်း အသုံးပြုလို့ရပါတယ်။
Contact တွေကို Sim Card ထဲမှာ မှတ်တတ်တဲ့သူဆိုရင်တော့ တခြားဖုန်းထဲမှာ အထိမ်းသိမ်းခံရတဲ့သူရဲ့ Contact တွေကို ရနိုင်ပါတယ်။
တစ်ယောက်ယောက်က အထိမ်းသိမ်းခံရတဲ့သူကို ဖုန်းဆက်တာမျိုး၊ SMS ပို့တာမျိုး လုပ်ခဲ့ရင်လည်း စစ်ကောင်စီက သိရှိနိုင်သွားပါတယ်။
သတိပြုရန်
ရှေ့ဆက်အဆင့်တွေကို မဆောင်ရွက်ခင်မှာ
SIM PIN ကို မမေ့ဖို့ အလွန်အရေးကြီးပါသည်။ SIM PIN ထဲကို မဝင်ခင် ဝယ်ကာစက ကဒ်လေးကို အရင်ရှာပါ။
ကဒ်မရှိတော့ပါက မိမိသုံးတဲ့ အော်ပရေတာရဲ့ PIN ကို Online က ရှာဖွေပါ။ PUK Code ကိုလည်း မှတ်ထားပါ။
ဒီအချက်တွေ ပြည့်စုံမှ SIM Lock လုပ်တာကို ဆက်လက်လုပ်ဆောင်ပါ
Sim Card ကို Lock ခံထားခြင်း
ဒါကို ကာကွယ်ဖို့ Sim Card ကို Lock ခံထားနိုင်ပါတယ်။ ဖုန်း Setting ထဲက Security Setting တွေထဲတွင် Lock Sim Card က
တစ်ဆင့် Sim card ကို PIN ဖြင့် Lock ခတ်ထားနိုင်ပါတယ်။ Setting ထဲက Search Bar တစ်ဆင့်လည်း ရှာဖွေနိုင်ပါတယ်။
iOS မှာဆိုရင်တော့ Setting ထဲက Cellular ထဲမှာ SIM PIN ကနေ PIN ခံနိုင်ပါတယ်။ “ Change PIN ” ကို ရွေးလိုက်ပါက PIN တစ်ခု
အရင်တောင်းပြီး ထည့်ရမှာကတော့ SIM Card တွေဝယ်ကာစမှာပါတဲ့ ကဒ်မှာ ပါတဲ့ PIN ပါ။ PIN တွေဟာ အော်ပရေတာအလိုက်ကွဲပါ
တယ်။ ထို PIN ကို ရိုက်ထည့်ပြီး မိမိထားလိုသော PIN အသစ်ကို နှစ်ခါရိုက်ထည့်ကာ ပြောင်းလဲနိုင်ပါတယ်။ ထို PIN ဟာ တခြားဖုန်း
တစ်လုံးထဲမှာ SIM Card ကို ထည့်သွင်းလိုက်တဲ့အခါမှာ တောင်းမယ့် PIN ပါ။ ( ၃ ) ခါသာ မှားယွင်းခွင့်ရှိတဲ့အတွက် လုံးဝမမေ့ဖို့ လိုအပ်
ပါတယ်။ PIN မေ့သွားပါက ဖုန်းကောအဝင်ရော၊ အထွက်ပါ အပြင် စာပို့ခြင်းကိုလည်း ပိတ်ပင်လိုက်မှာပါ။ PIN ကို မမေ့ဖို့ အလွန်
အရေးကြီးပါသည်။ Bank Account နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းတွေဂရုစိုက်လုပ်ပါ ခင်ဗျာ။
Source; နွေဦးလုံခြုံရေး
Zawgyi
ဆင္းမ္ကဒ္ လုံျခဳံေရး
ဩဂုတ္လထဲမွာပဲ စစ္ေကာင္စီမွ ဖုန္းလိုင္းမ်ားအားလုံးကို ၾကားျဖတ္နားေထာင္မယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ေအာ္ပေရတာေတြကိုလည္း သုံးစြဲသူေတြရဲ့ ဖုန္း call log လို data ေတြကို သုံးႏွစ္အထိ သိမ္းထားရမယ္လို႔ အမိန႔္ေပးေစခိုင္း
ခဲ့တာေတြ ရွိပါတယ္။ ဒီလိုအခ်ိန္မွာ အေရးႀကီးလာတာကေတာ့ အသုံးျပဳေနၾကတဲ့ Sim card ေတြရဲ့ လုံျခဳံေရးပါပဲ။ Sim Card ေတြကို အသုံးျပဳၿပီး ဖုန္းေျပာဆိုျခင္း၊ SMS ပို႔ျခင္းေတြဟာ ဒီအခ်ိန္မွာ စစ္ေကာင္စီရဲ့ ထိန္းခ်ဳပ္ျခင္းကို အျပည့္အဝခံလို
က္ရၿပီျဖစ္ပါတယ္။ ဖုန္း call ေတြအတြင္းမွာ ေျပာဆိုၾကတဲ့ စကားေတြဟာ လြပ္လြပ္လပ္လပ္ေျပာလို႔ရေတာ့တာမဟုတ္ပဲ စစ္ေကာင္စီအတြက္ မလိုလားတဲ့ C*M လို၊ P*F လို စကားေတြေျပာမိတဲ့အခါ အိမ္တိုင္ရာေရာက္ လက္ထိပ္ခတ္ခံရနိုင္တဲ့ အေျခအေနျဖစ္ေနပါၿပီ။ SIM Card Safety ကို နားလည္ထားဖို႔ တင္ေပးလိုက္ပါတယ္။
Sim Card ကို စြန႔္ပယ္
အခုလို အင္တာနက္ရေနေသးတဲ့အခ်ိန္မွာေတာ့ Sim Card ကတစ္ဆင့္ ဖုန္းေခၚဆိုမႈ၊ စာပို႔မႈေတြကို လုံးဝစြန႔္လႊတ္ၿပီး Signal လို၊ Telegram လို ၊ SIlence လို ၾကားျဖတ္နားေထာင္လို႔မရေသာ Encryption စနစ္ပါတဲ့ App ေတြကတစ္ဆင့္ပဲ ဆက္သြယ္ေျပာဆိုၾက
ဖို႔ တိုက္တြန္းပါတယ္။ ဒါဟာ အခုခ်ိန္မွာ စစ္ေကာင္စီက Target ထားခံရတဲ့သူေတြတင္ လုပ္ေဆာင္ရမယ့္အရာမဟုတ္ပဲ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ ကိုတန္ဖိုးထားသူေတြ၊ ကိုယ္လုံျခဳံေရးကိုတန္ဖိုးထားသူတိုင္း လုပ္ေဆာင္ရမယ့္အရာပါ။ Signal၊ Telegram နဲ႔
Silence တို႔ ဘယ္လိုသုံးရမလဲဆိုတာေတာ့ Channel မွာ ဖတ္ရႈေလ့လာနိုင္ပါတယ္။ လုံျခဳံေရးဆိုျဖစ္မွ အေရးႀကီးမွန္းသိရတာျဖစ္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္ထားျခင္းဟာ ကာကြယ္ထားျခင္းပါပဲ။
Sim Card မထုတ္ပစ္ခင္
ေနာက္ျပဳလုပ္သင့္တာကေတာ့ ကိုယ့္နာမည္ နဲ႔ Register လုပ္ထားတဲ့ Sim Card ကို မသုံးေနသင့္ေတာ့ပါဘူး။ Registered လုပ္ထားၿပီး
သား Sim Card မ်ားကို ေျပာင္းလဲ အသုံးျပဳသင့္ပါတယ္။ တခုသတိထားရမွာကေတာ့ Sim Card ကို မထုတ္ခင္မွာ Two Factor Authentication ကိ္ု ဖုန္းနံပါတ္နဲ႔ ထားထားတာေတြကို အရင္ထုတ္ပယ္ၿပီး Google Authenticator လို App မ်ိဳးေတြနဲ႔ Backup code ေတြကိုေျပာင္းလဲထားသင့္ပါတယ္။ KBZ Pay လို၊ CB Pay လို ဖုန္းနံပါတ္ နဲ႔ Login လုပ္ရတဲ့ banking app ေတြကို ေျပာင္းလဲနိုင္ရင္ေျပာင္းလဲသင့္ၿပီး မေျပာင္းလဲနိုင္ပါက ျပန္လည္ Login လုပ္ဖို႔အတြက္ Sim Card ကိုေတာ့ ေသခ်ာသိမ္း
ထားသင့္ပါတယ္။ Sim card ကို အလြယ္တကူ ပစ္ျပန္ရင္လည္း Banking app ေတြကို ေကာက္ရသူက တျခားဖုန္းမွာ ထည့္ၿပီး ကိုယ့္ Bank account ေတြ၊ Mobile Wallet မ်ိဳးေတြကို ဝင္ေရာက္နိုင္တာကို သတိထားသင့္ပါတယ္။
Sim Card ပြားျခင္း
ေအာ္ပေရတာေတြဟာ အခုခ်ိန္မွာ စစ္ေကာင္စီရဲ့ လက္ေအာက္ကို က်ေရာက္နိုင္ေနတဲ့အတြက္ ကိုယ့္ Sim card ကို Clone လုပ္နိုင္စြမ္းလည္း ရွိေနပါတယ္။ Sim card Clone လုပ္ျခင္းကို Showroom ေတြမွာ Sim card ေပ်ာက္တာျဖစ္ျဖစ္၊ 4G သြားေျပာ
င္းတာျဖစ္ျဖစ္ လုပ္ဖူးတဲ့သူေတြ သိပါတယ္။ Sim Card အလြတ္ထဲကို ကိုယ့္ Sim card ရဲ့ နံပါတ္ကို လႊဲေျပာင္းလိုက္ျခင္းလို႔ နားလည္လို႔ ရပါတယ္။ အေကာင့္ေတြကို ဖုန္းနံပါတ္ နဲ႔ ဖြင့္ထားျခင္း၊ Recovery မွာ Phone Number ထည့္ထားျခင္း နဲ႔
Two Factor Authentication ခံထားျခင္းေတြ လုပ္ထားမယ္ဆိုရင္ ကိုယ္က Target ထားခံရတဲ့သူျဖစ္ပါက မိမိအေကာင့္ေတြထဲကို ဝင္ေရာက္နိုင္တဲ့ တံခါးေပါက္ကို ဖြင့္ေပးထားသလိုပါပဲ။ Banking app ေတြထဲကိုလည္း အလြယ္တကူ ဝင္ေရာက္နိုင္ပါတယ္။ ေနာက္တစ္မ်ိဳး
ကေတာ့ အထိမ္းသိမ္းခံရသူရဲ့ ဖုန္းဟာ Password ခံထားလို႔ ဖြင့္မရေပမယ့္ ဖုန္းထဲက Sim card ကိုေတာ့ ျဖဳတ္ၿပီး တျခားဖုန္းတစ္လုံးထဲကို ထည့္သြင္း အသုံးျပဳလို႔ရပါတယ္။ Contact ေတြကို Sim Card ထဲမွာ မွတ္တတ္တဲ့သူဆိုရင္ေတာ့ တျခားဖုန္းထဲမွာ အ
ထိမ္းသိမ္းခံရတဲ့သူရဲ့ Contact ေတြကို ရနိုင္ပါတယ္။ တစ္ေယာက္ေယာက္က အထိမ္းသိမ္းခံရတဲ့သူကို ဖုန္းဆက္တာမ်ိဳး၊ SMS ပို႔တာမ်ိဳး လုပ္ခဲ့ရင္လည္း စစ္ေကာင္စီက သိရွိနိုင္သြားပါတယ္။
သတိျပဳရန္
ေရွ႕ဆက္အဆင့္ေတြကို မေဆာင္ရြက္ခင္မွာSIM PIN ကို မေမ့ဖို႔ အလြန္အေရးႀကီးပါသည္။
SIM PIN ထဲကို မဝင္ခင္ ဝယ္ကာစက ကဒ္ေလးကို အရင္ရွာပါ။ကဒ္မရွိေတာ့ပါက မိမိသုံးတဲ့ ေအာ္ပေရတာရဲ့ PIN ကို Online က ရွာေဖြပါ။PUK Code ကိုလည္း မွတ္ထားပါ။ဒီအခ်က္ေတြ ျပည့္စုံမွ SIM Lock လုပ္တာကို ဆက္လက္လုပ္ေဆာင္ပါ
Sim Card ကို Lock ခံထားျခင္း
ဒါကို ကာကြယ္ဖို႔ Sim Card ကို Lock ခံထားနိုင္ပါတယ္။ ဖုန္း Setting ထဲက Security Setting ေတြထဲတြင္ Lock Sim Card ကတစ္ဆင့္ Sim card ကို PIN ျဖင့္ Lock ခတ္ထားနိုင္ပါတယ္။ Setting ထဲက Search Bar တစ္ဆင့္လည္း ရွာေဖြနိုင္ပါတယ္။
iOS မွာဆိုရင္ေတာ့ Setting ထဲက Cellular ထဲမွာ SIM PIN ကေန PIN ခံနိုင္ပါတယ္။ “ Change PIN ” ကို ေရြးလိုက္ပါက PIN တစ္ခုအရင္ေတာင္းၿပီး ထည့္ရမွာကေတာ့ SIM Card ေတြဝယ္ကာစမွာပါတဲ့ ကဒ္မွာ ပါတဲ့ PIN ပါ။ PIN ေတြဟာ ေအာ္ပေရတာအလိုက္ကြဲ
ပါတယ္။ ထို PIN ကို ရိုက္ထည့္ၿပီး မိမိထားလိုေသာ PIN အသစ္ကို ႏွစ္ခါရိုက္ထည့္ကာ ေျပာင္းလဲနိုင္ပါတယ္။ ထို PIN ဟာ တျခားဖုန္းတစ္လုံးထဲမွာ SIM Card ကို ထည့္သြင္းလိုက္တဲ့အခါမွာ ေတာင္းမယ့္ PIN ပါ။ ( ၃ ) ခါသာ မွားယြင္းခြင့္ရွိတဲ့အတြက္ လုံးဝမေမ့ဖို႔ လို
အပ္ပါတယ္။ PIN ေမ့သြားပါက ဖုန္းေကာအဝင္ေရာ၊ အထြက္ပါ အျပင္ စာပို႔ျခင္းကိုလည္း ပိတ္ပင္လိုက္မွာပါ။ PIN ကို မေမ့ဖို႔ အလြန္အေရးႀကီးပါသည္။ Bank Account နဲ႔ ခ်ိတ္ဆက္ထားတဲ့ ဖုန္းေတြဂ႐ုစိုက္လုပ္ပါ ခင္ဗ်ာ။
Source; နွေဦးလုံခြုံရေး