မြန်မာ့ စစ်သားများက ပြည်သူ လူထုကို တောင်းပန်
စစ်တပ်က လူထုအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် လူထုအာဏာဖီဆန်မှု CDM တွင်ပါဝင်လာသည့် စစ်တပ်မှ အရာရှိများ၊
စစ်သားများက လူထုကို တောင်းပန်ကြောင်း ပြည်သူ့ စစ်သားအဖွဲ့က ကြားခံအသိပေးသည်။
” အဖွဲ့အစည်းရဲ့ကောင်းမွေ ၊ ဆိုးမွေများ အားလုံးကို တာဝန်သိစိတ်ဖြင့် တာဝန်ယူရမည်ဟု နားလည်လက်ခံထားပါသည်။
မိမိကိုယ်တိုင် မကျူးလွန်သော်လည်း အဖွဲ့ဝင်များမှ ကျူးလွန်မှုများသည် အဖွဲ့ဝင်တိုင်းနှင့် သွယ်ဝိုက်သက်ဆိုင်ပါသည်” ဟု ဖော်ပြကာ
လူထုကို တောင်းပန်ထားသည်။စစ်သားကောင်းဖြစ်လိုသူများသည် လူထုကို အနိုင် ကျင့်ကြမည်မဟုတ်ကြောင်းနှင့် အနိုင်ကျင့်လျှင်လည်း
စစ်သားများမဟုတ်ဘဲထိုသူများသည် စစ်သား ဂုဏ်ပုဒ်နှင့်မထိုက်တန်သူများသာဖြစ်ကြောင်း ပြည်သူ့စစ်သားအဖွဲ့က ဆိုသည်။
Ref KhitThit Media
Zawgyi
Ref KhitThit Media