ၾကားသိသမွ်

ကောလင်းတွင် စစ်ကောင်စီတပ်၏ စစ်ကားငါးစီးကို PDF များမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်များအကျအဆုံးများ

ကောလင်းတွင် စစ်ကောင်စီတပ်၏ စစ်ကားငါးစီးကို PDF များမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်များအကျအဆုံးများနိုင်ကြောင်း ဒေသခံ

များပြော     ကောလင်း – ဩဂုတ် ၃၀၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ပဒုမ္မာရွာနှင့် ကျွန်းတောရွာကြား ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်

ကောင်စီယာဉ် ၅ စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၅ စီကို ကောလင်း PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးခန့်သေဆုံးနိုင်သည်ဟု ခန့်မှန်

ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောင်းကုန်းကျေးရွာနဲ့ ထီးချိုင့်လမ်းမှာ လုံခြုံရေးယူထားတဲ့ စကစကား ငါးစီး ကောလင်းဘက်ကိုသွားတာ ပဒုမ္မာနဲ့ ကျွန်းတောကြားမှာ

ဟုတ်တယ် မိုင်းခွဲခံရတာ ၄ စီးမိုင်းထိတယ်။ စစ်သားတော့ ၄၀ လောက် ကျနိုင်တယ်” ဟု သူကပြောသည်။

မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

ကောလင်းမြို့နယ်တွင် ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF များက စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မကြာခဏ မိုင်းခွဲ

တိုက်ခိုက်လျက်ရှိသည်။

Photo : ကောလင်းမြို့နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရသည့် စစ်ကောင်စီကားတစ်စီးကို မြင်တွေ့ရစဉ်

Zawgyi

ေကာလင္းတြင္ စစ္ေကာင္စီတပ္၏ စစ္ကားငါးစီးကို PDF မ်ားမိုင္းဆြဲတိုက္ခိုက္၊ စစ္ေကာင္စီတပ္မ်ားအက်အဆုံးမ်ားနိုင္ေၾကာင္း ေ

ဒသခံမ်ားေျပာ

ေကာလင္း – ဩဂုတ္ ၃၀၊ ၂၀၂၁။

စစ္ကိုင္းတိုင္း ေကာလင္းၿမိဳ႕နယ္၊ ပဒုမၼာရြာႏွင့္ ကၽြန္းေတာရြာၾကား ေရႊဘို – ျမစ္ႀကီးနား ကားလမ္းေပၚတြင္

ယေန႔နံနက္ ၁၀ နာရီခန႔္က စစ္ေကာင္စီယာဥ္ ၅ စီး မိုင္းခြဲတိုက္ခိုက္ခံရေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္၏ ေမာ္ေတာ္ယာဥ္ ၅ စီကို ေကာလင္း PDF မ်ားက မိုင္းခြဲတိုက္ခိုက္ခဲ့ၿပီး စစ္သား ၄၀ ဦးခန႔္ေသဆုံးနိုင္သည္ဟု ခန႔္မွ

န္ေၾကာင္း အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက The 74 Media ကိုေျပာသည္။

“ေက်ာင္းကုန္းေက်းရြာနဲ႔ ထီးခ်ိဳင့္လမ္းမွာ လုံျခဳံေရးယူထားတဲ့ စကစကား ငါးစီး ေကာလင္းဘက္ကိုသြားတာ ပဒုမၼာနဲ႔ ကၽြ

န္းေတာၾကားမွာ ဟုတ္တယ္ မိုင္းခြဲခံရတာ ၄ စီးမိုင္းထိတယ္။ စစ္သားေတာ့ ၄၀ ေလာက္ က်နိုင္တယ္” ဟု သူကေျပာသည္။

မိုင္းခြဲ တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္မွ ရမ္းသမ္းပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သူကဆက္ေျပာသည္။

ေကာလင္းၿမိဳ႕နယ္တြင္ ေကာလင္း (ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕) PDF မ်ားက စစ္ေကာင္စီတပ္၏ ယာဥ္တန္းကို မၾကာခဏ မို

င္းခြဲတိုက္ခိုက္လ်က္ရွိသည္။