တပ်မတော်သားများ_ဆရာဇော်ဝေစိုးစကားနားထောင်ပါ
အာဖဂန်တပ်မှာ တစ်စီးကို ဒေါ်လာ ၈ သိန်းတန် M1117 ၆၃၄ စီးMaxxPro MRAP မိုင်းခံကား- တစ်စီးဒေါ်လာ ၅သိန်းခွဲတန် ၁၅၅ စီး
Humvee cost- တစ်စီး ၂ သိန်း ၂ သောင်းတန် ၂၂,၇၁၄ စီးM113 တစ်စီးက ဒေါ်လာ ၃ သိန်းတန် ၁၆၉ စီးရှိခဲ့ပါတယ်။
သူ့မှာ အခြားလေယဉ်တွေ ရဟတ်ယဉ်တွေရှိခဲ့ပါတယ်။ အမြှောက်တွေလဲ ရှိခဲ့ပါတယ်။ ဒီကြားထဲက ရှုံးခဲ့ပါတယ်။
စာရေးသူတို့တပ်ထဲက ဘယ်ကားကမှ အမေရိကန်ကကားလို မိုင်းစွဲတာ မခံနိုင်ပါ။
ယခုအချိန်မှာ စစ်ပွဲတိုင်းလဲ တိုက်တိုင်းရှုံးနေပါတယ်။ အဘက ကချင်နဲ့ ကရင်ကို လက်ဦးမှုရအောင် ထိုးစစ်ဆင်ဖို့ပြင်နေချိန်မှာ MNDAA
က ရှမ်းမြောက်က မထင်မှတ်ဘဲ ဝင်တိုက်လို့ တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ခဲ့ပါတယ်။ ဒါကို KIA ကပါ ဝင်တိုက်လို့ အကျအရှုံးများလာခဲ့ပါ
တယ်။ MNDAA ကို တရုတ်က အချက်ပြလို့ တိုက်တယ်ဆိုရင်တော့ မအလသေပါပြီ။ တရုတ်က NLD ပါတီကို မဖျက်ရလို့ မအလကို
ပြောထားတယ်ဆိုတာကတော့ နိုင်ငံခြားရေးရုံးက လူအချို့က အတည်ပြုထားပါတယ်။ မအလကလဲ NLD ပါတီကို ဖျက်ဖို့ ပြင်ထားပြီး
သားပါ။ ဒါဆိုရင် မအလကို စုပေး ဒဏ်ပေးလုပ်ဖို့ တရုတ်မှာ လိုလာပါတယ်။
ပြည်ပ နိုင်ငံတွေကို ထားလိုက်ပါ။ ယခုဟာက တကယ်ဖြစ်ရင် ရှုံးနေတာ အားလုံးအသိပါ။ ဘယ်လောက် တောင့်ခံနိုင်ပါမလဲ။ မအလ
လက်အောက်က တပ်မတော်ဟာ တစ်တိုင်းပြည်လုံးနဲ့ တိုက်နေရလို့ ရေရှည်မှာ ရှုံးမှာပါ။ ဘယ်လောက်အထိ အသင့်အနေအထားမှာ နေ
နိုင်မှာလဲ ရဲဘော်တို့ စဉ်းစားပါ။ ယခု မအလတပ်ကို ခံချနေတာက ဗမာနယ်တွေပါ။ တိုင်းရင်းသားကလဲ အရှိန်မြှင့် တိုက်နေတာပါ။
ရဲဘော်တို့ကို ပြောလိုတာက NUG က ထုတ်ထားတဲ့ အမိန့်စာအတိုင်း ပြည်သူနဲ့ ပူးပေါင်းပါ။ လက်နက်ချပါ။ မဟုတ်ရင် မိမိနဲ့ မိမိ မိသားစု
အသက်ကို ပေးရမှာပါ။ ပြည်သူနဲ့ပေါင်းပြီး သမိုင်းလှအောင် ရေးနိုင်ပါစေ။
News Source: BBC, The Times
Myat Tun Oo
Credit copy text