D-Day လာတော့မယ်လို့ NUGက ခဏခဏသတိပေးနေတာကို အပြစ်မမြင်စေချင်ပါ
ပထမတစ်ခါ NUG ဒုကာကွယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးကလည်း တကယ်တိုက်စစ်စပြီဆိုရင် တိုက်ပြီးမှသိရမှာပါလို့ ပြောဖူးပါတယ်။
ဒုတိယတစ်ကြိမ်လည်း ဒေါက်တာဇော်ဝေစိုးက D-Day နီးပြီလို့သတိပေးဖူးပါတယ်။ ခုတစ်ခါ NUG ဒုသမ္မတက D-Day သတ်မှတ်မယ်လို့
ပြောပါတယ်။ ထပ်ပြီးဦးရည်မွန်က EAOတွေက ဦးဆောင်မယ်လို့ပြောပါတယ်။ ဒီလိုပြောနေရတာတွေက ပြည်သူတွေကိုပြင်ဆင်ဖို့ပါ ခု
ပြောလာပုံအဆင့်ဆင့်ကိုကြည့်ပါ။ ပထမ ဒေါ်ခင်မမမျိုး အရိပ်ပြပါတယ်။ ဒုတိယ ဒေါက်တာဇော်ဝေစိုး သတိပေးပါတယ် ခု ဒုသမ္မတပြောပါ
ပြီ။ ကာကွယ်ရေးဝန်ကြီးက စစ်ရိပ်ပြပါပြီ ဒါတွေက ပြည်သူတွေအဆင်သင့်ပြင်ဆင်ထားလို့ရအောင် အစိုးရတစ်ရပ်အနေနဲ့ အဆင့်ဆင့်
ဘောင်ထဲက သတိပေးနေရတာပါ။
ခင်ဗျားတို့ နာဂစ်ကို မှတ်မိလား မုန်တိုင်းဒဏ်ဆိုးဆိုးဝါးဝါးမခံဖူးတဲ့ မြစ်ဝကျွန်းပေါ်ဒေသကလူတွေ သာမန်မုန်တိုင်းလို့ပဲထင်ခဲ့ကြတာ
ဆရာကြီးဦးထွန်းလွင်က သက်ဆိုင်ရာအစိုးရ လူကြီးတွေကို အရေးပေါ်သတိပေးချက်ထုတ်ပြန် နေရာရွေ့ပြောင်းဖို့ပြောခဲ့ပေမယ့် ထိထိ
ရောက်ရောက် မလုပ်ပေးခဲ့တဲ့အပြင် ပြည်သူတွေကိုကလည်း ပေါ့ဆခဲ့လို့ နာဂစ်ကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ပြည်သူတွေ သိန်းနဲ့ချီ
သေခဲ့ကြရတယ်။ ဒီတစ်ခါလည်း မြို့ပြစစ်ပွဲတွေနဲ့ အတွေ့အကြုံမရှိတဲ့ မြို့နေပြည်သူလူထုတွေ အထိနာမှာစိုးလို့ စစ်ဘေးဒဏ်ကို သာမန်
ထက်ပိုခံရမှာစိုးလို့ NUGက အခါခါသတိပေးနေကြရတာပါ။ ဒီပွဲကတိုက်ယူမှရတော့မယ့်ပွဲဖြစ်သွားပါပြီ။ ဒါကိုလည်း အားလုံးကသိမှာပါ။
ဒီချိန်မှာ NUG က D-Day ခဏခဏသတိပေးလို့ တွေ့ရာဝင်ဖမ်းပြီး ရင်းနှီးလိုက်ရတဲ့ PDFတွေ အပြစ်မဲ့ပြည်သူတွေကို အချင်းချင်းစာနာ
ပြီး NUG က D-Day အကြောင်းခဏခဏပြောလို့ တချို့က တမျိုးမြင်လာကြပါတယ်။ အဲဒီလိုမြင်လာအောင် တမင်လုပ်နေတဲ့သူတွေ
လည်းရှိပါတယ်။ ခုချိန်က စစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်လို့ အရင်းအနှီးနဲ့ ချကျွေးရတာတွေတော့ရှိမှာပါပဲ။ ဘယ်သူဘယ်ဝါလို့မ
သတ်မှတ်ထားပါဘူး ပေါ့လျော့သူအများစုခံကြရမှာပါ။
ဟိုရက်ကဆို ကျွန်တော်အလုပ်ကအပြန် မိုးရွာလို့ လက်ဖက်ရည်ဆိုင် ခဏဝင်ထိုင်တော့ ကျွန်တော့ဘေးဝိုင်းမှာ Mobile legend ဆော့နေ
တဲ့ 18/19အရွယ် လူငယ်အဖွဲ့ 9ယောက်လောက်ရှိပါတယ် စုပြီးဆော့နေကြတာပါ မိန်းကလေးတွေလည်းပါပါတယ်။ တကယ်အံ့ဩစရာပါ
ဒီလိုကာလမှာ ဒီအရွယ်တွေလူစုပြီး ခုလိုနေရဲတာ တော်ယုံပေါ့ဆမှု မဟုတ်ပါဘူး။ တကယ်လုပ်နေတဲ့ PDF ညီကိုတွေက လုပ်ပြီးရင်
ပျောက်သွားရော ဟိုကောင်တွေရောက်လာလို့ ပတ်ရှာတဲ့အခါ မသင်္ကာရင်အကုန်မပါတယ်။ အဲဒီချိန်မှ သားကဘာလုပ်လို့လဲ ဆိုတာတွေ
လည်းမရတော့ပါဘူး အပေါ်ကို report တင်ရမယ့် ဟိုကောင်တွေက တွေ့တဲ့သူ တံဆိပ်ကပ်တော့မှာပါ ဒီလိုနဲ့ မဆိုင်ပဲ အမခံရတာတွေ
လည်းများပါပြီ။ ဒီတော့ မလိုအပ်ပဲ လူမစုနဲ့ အပြင်မထွက်နဲ့ ရပ်ကွက်ထဲမှာ သံသယဖြစ်အောင်မနေတာ အကောင်းဆုံးပါပဲ။ ဒလန်ကနေရာ
တိုင်းမှာရှိပါတယ်။ ခင်ညွန့်အလုပ်ပြန်ဆင်းနေတာကိုလည်း မမေ့ကြပါနဲ့။ PDFအယောင်ဆောင် အတုတွေလည်းရှိပါတယ် သတိရှိကြပါ။
အရင်တစ်ခေါက်က ကျွန်တော် ပြောဖူးသလိုပါပဲ D-Day သတိခဏခဏပေးတယ်ဆိုတာ NUG သဘောတစ်ခုထဲနဲ့ဘာမှ အဆင်သင့်မဖြစ်
ပဲ ထထပြောလို့မရပါဘူး။ အဲဒီလိုစိတ်ကူးပေါက်တိုင်း ပြည်သူတွေစိတ်ဓာတ်မကျအောင် အပြောသက်သက်ထထပြောနေရင် ဘယ်
EAOမှာ ပူးပေါင်းမှာမဟုတ်သလို တာဝန်ယူမှာလည်းမဟုတ်ပါဘူး။ခုလို NUGရဲ့ D-Day သတိမှာ ပြင်ဆင်မှုတွေအများကြီးနဲ့ ပြောတယ်
ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။
ခင်ဗျားတို့ထက် စကစကလည်း D-Day ကိုစောင့်နေတာပါ ခုလိုခေါ်ပြီး လာမလား စောင့်လိုက် မလာလိုက်ဖြစ်နေလို့ ခုသူ့ဘက်က စပြီး
တိုက်စစ်မြင့်နေပါပြီ အဲတော့ ပြင်ဆင်ပြီးသား EAOတွေက အထိုင်ကနေကျွေးရုံပါပဲ။ စစ်ရေးအမြင်က အရမ်းရှုပ်ထွေးပါတယ်။
ဒါကြောင့် NUG ပြောတဲ့အတိုင်း NUGက လုပ်ချင်မှလုပ်မှာပါ တခြားနည်းလမ်းလည်း ရှိရင်ရှိမှာပါ။အဓိက NUG အစိုးရ ready မဖြစ်ခင်
မှာ ကျွန်တော်တို့ တစ်မိသားစုချင်းစီက D-Day အတွက် ရိက္ခာနဲ့စိတ်ဓာတ် အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ NUG နဲ့ PDF တွေက
အဆင်သင့်ဖြစ်လို့ D-day ခေါ်တဲ့အချိန် ကိုယ်ကအဆင်သင့်မဖြစ်သေးမှ ခွေးဖြစ်နေပါမယ် ခေါ်တဲ့သူကိုအပြစ်မတင်ပါနဲ့ တစ်ယောက်ချင်း
စီက စပြီးပြင်ဆင်ကြပါတော့။ NUG အနေနဲ့ D-Day နဲ့ပတ်သတ်ပြီးပြောတာ ဒါနောက်ဆုံးလို့လည်း ထင်ပါတယ်။ တကယ်ဖြစ်လာရင်
ခင်ဗျားတို့ ကျွန်တော်တို့က ဖြစ်နေတော့မှ သိရမှာပါ ခင်ဗျားတို့ကိုပြောပြီးမှ ဖြစ်မှာမဟုတ်ပါဘူး ဒါကစစ်ရေးပါ မုန်တိုင်းဘေးလည်းမဟုတ်
ပါဘူး။ အဲဒီထက်ဆိုးပါတယ် ဖြစ်လာရင် အချိန်အကန့်အသတ်လည်း သတ်မှတ်ဖို့ခက်ပါတယ် ဒါကြောင့် ပြင်ဆင်မှုများတဲ့ မိသားစု၊
ကျေးရွာ၊ရပ်ကွက်၊မြို့နယ်တွေကတော့ အထိသက်သာမယ်ထင်ပါတယ်။
ထပ်ပြောပါရစေ NUG D-Day ခဏခဏခေါ်လို့ စိတ်မဆိုးပါနဲ့ အမေစုလည်းထောင်ထဲမှာ သမ္မတလည်းထောင်ထဲမှာ ခင်ဗျားတို့
ကျွန်တော်တို့မှာ အားကိုးစရာ ဒီNUGအစိုးရပဲရှိပါတယ်။ ကျွန်တော်တို့ကြားထဲမှာ သူ့လူကိုယ့်ဘက်သားဟန်နဲ့ သွေးခွဲနေတဲ့ Pageတွေ
နာမည်ကြီးလူပုဂ္ဂိုလ်တွေလည်း စီးဝင်နေတယ်ဆိုတာမမေ့ပါနဲ့ ရည်ရွယ်ချက်တူရင် စည်းလုံးဖို့ကအဓိကပါ