ဂျာမနီမှာ Delivery သမားအဖြစ် အသက်မွေးနေတဲ့ အာဖဂန်ဆက်သွယ်ရေးဝန်ကြီးဟောင်း
ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ဂျာမနီကို ပြောင်း ရွှေ့ခဲ့တဲ့ အာဖဂန်ဆက်သွယ်
ရေးဝန်ကြီးဟောင်းဟာ အခုချိန်မှာတော့ ဂျာမနီအရှေ့ပိုင်းက လိုက်ဇစ်မြို့မှာ ပစ္စည်းပို့ဆောင်သူတစ်ဦးအဖြစ်နဲ့ အသက် ေမွးဝမ်းကျောင်း
ပြုနေတယ်လို့ Al Jazeera က ဖော်ပြခဲ့ပါတယ်။၂၀၁၆ မှာ ဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး ၂နှစ်အကြာမှာတော့သူက အလုပ်ထွက်ခဲ့တာ
လည်းဖြစ်ပါတယ်။…
“ဒီအတွက် ကျွန်တော့်မှာ အပြစ်ရှိတယ်လို့ မခံစားရပါဘူး” လို့ ဗြိတိန်-အာဖဂန်နွယ်ဖွား အသက် ၄၉ နှစ်အရွယ်ရှိပြီ
ဖြစ်တဲ့ SayedSadaat က ပြောပါတယ်။ လိမ္မော်ရောင်အကျီကို ဝတ်ဆင်ထားပြီး စက်ဘီးတစ်စီးနဲ့ သူ့ကိုမြင်တွေ့ရတာက ဝန်ကြီးဟောင်း
တစ်ဦးလို့ ဘယ်သူကမှ ထင်မှတ်မှာမဟုတ်ပါဘူး။ သူ့ရဲ့နုတ်ထွက်ခဲ့မှုဟာ သမ္မတဝန်းကျင်က အသိုင်းအဝိုင်းနဲ့ သဘောထားကွဲလွဲမှုေတွ
ကြောင့်လို့လည်း ဆိုပါတယ်။…“တခြားနိုင်ငံရေးသမားတွေလည်း ပုန်း လျှိုးကွယ်လျှိုးနေနေမယ့်အစား လူထုနဲ့လက်တွဲပြီး ဒီလမ်း ကြောင်း
အတိုင်းသွားကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ သူက ထပ်ပြောခဲ့ပါတယ်။
အာဖဂန်ကို တာလီဘန်တွေ သိမ်းပိုက်ခဲ့ပြီးနောက်မှာ သူ့ရဲ့ဇာတ်လမ်းက ထင်ရှားလာခဲ့ပြီး ဝန်ကြီးအလုပ်ကို လုပ်ကိုင်ခဲ့တုန်းက အိမ်ကလူ
တွေကသူ့ကို ပြစ်တင်ဝေဖန်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။…လက်ရှိမှာတော့ သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း အာဖဂန်ကနေ
ထွက်ခွာချင်နေကြပြီဖြစ်ပြီး ကယ်ထုတ်ရေးလုပ်ငန်းေတွမှာ သူတို့လိုက်ပါနိုင်ဖို့ ဒါမှမဟုတ် အခြားလမ်းကြောင်းတွေကနေ ထွက်ခွာနိုင်ဖို့
ကြိုးစားနေကြတယ်လို့ သိရပါတယ်။ဂျာမနီမှာ ခိုလှုံခွင့်တောင်း ခံထားတဲ့ အာဖဂန်အရေအတွက်ကလည်း ဒီနှစ်အစောပိုင်းကစပြီး၁၃၀%
အထိ တိုးမြင့်လာတယ်လို့ ပြည်ဘေထာင်စုရွှေ့ပြောင်းအခြေချသူများနဲ့ ဒုက္ခသည်များဆိုင်ရာရုံးက အချက်အလက်တွေအရ သိရပါ
တယ်။…
ဂျာမနီကို Sayed ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းက တော့ ပိုမိုကောင်းမွန်တဲ့အနာဂတ်စီးပွားရေးကို ရရှိဖို့ မျှော်လင့်ချက်နဲ့ဖြစ်ြပီး နောက်
တစ်ချက်ကတော့ ဆက်သွယ်ရေးကဏ္ဍ နဲ့ အိုင်တီကဏ္ဍတွေမှာ ရေရှည်လုပ်ကိုင်နိုင်မယ့် အနေအထားကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့်
လည်း ဂျာမနီမှာတော့ သူ့အတွေ့အကြုံနဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုကို ရရှိဖို့ ခက်ခဲနေခဲ့ပြီး ရုန်း ကန်ခဲ့ရကာ ဒလီဗာရီသမားတစ်ဦးအဖြစ်သူ
ရွေးချယ်လုပ်ကိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။…
“ဘာသာစကားက အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။ Lieferando ရဲ့ ပစ္စည်းပို့သမားအဖြစ်
သူ မလုပ်ကိုင်ခင်မှာ တစ်ရက်ကို လေးနာရီသင်ကြားရတဲ့ ဂျာမန်ဘာသာစကားကျောင်းတစ်ခုမှာ သူ တက်ရောက်ခဲ့ပြီး အခုတော့
အဆင်ပြေမှုတွေရှိလာပြီလို့ သိရပါတယ်။ “ပထမဆုံးရက်အနည်းငယ်ကတော့ စိတ်လှုပ် ရှားခဲ့ရပြီး ခက်ခဲခဲ့ပါတယ်၊ အပြင်ကိုများများထွက်
ရလေ၊လူတွေနဲ့ပိုတွေ့ရလေ၊ ပိုပြီးသင်ယူနိုင်လေပါပဲ” လို့ သူ့ရဲ့ Delivery သမားဘဝကို ပြောပြပါတယ်။…
TRNs