ၾကားသိသမွ်

အမေရိကန်စစ်သားအများအပြား ကျဆုံးခဲ့ရသော ကဘူးလ်လေဆိပ် ဗုံးခွဲတဲ့ သူကို အမေရိကန် ဒရုန်းနဲ့ဆော်ပြီ

အမေရိကန်စစ်သားအများအပြား ကျဆုံးခဲ့ရသော ကဘူးလ်လေဆိပ် ဗုံးခွဲတဲ့ သူကို အမေရိကန် ဒရုန်းနဲ့ဆော်ပြီ

ကဘူးလ်လေဆိပ်မှာ လူအသေအဆုံးများတဲ့ အသေခံဗုံးခွဲမှုကို ဆင်နွှဲနိုင်ခဲ့တယ်ဆိုပြီး ကြွေးကြော်ထားတဲ့ အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်

အုပ်စုရဲ့ ကြိုးကိုင်သူကို ပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။ အ

စ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် IS-K အဖွဲ့ဟာ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ရပ်ဖြစ်ပြီး အာဖဂန်နစ္စတန်က

ဂျီဟတ်အဖွဲ့အားလုံးမှာ အစွန်းရောက်ဆုံးနဲ့ အကြမ်းဖက်ဆုံးအုပ်စုဖြစ်တယ်လို့ ဘီဘီစီသတင်းတစ်ရပ်က ဖော်ပြပါတယ်။ “အာဖဂန်နစ္စ

တန်က နန်ဂါဟာပြည်နယ်မှာ မောင်းသူမဲ့လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်၊ ကနဦး ညွှန်ပြချက်တွေအရ ဒီ လေကြောင်းတိုက်ခိုက်မှု

မှာ ပစ်မှတ်ကို သုတ်သင်နိုင်ခဲ့တယ်လို့ သိရတယ်”လို့ ဗဟိုကွပ်ကဲရေးရုံး ဗိုလ်မှူးကြီး ဘီလ်အာဘန်က ပြောပါတယ်။ “အရပ်သား သေဆုံး

တာ မရှိဘူးလို့ ကျွန်တော်တို့သိရပါတယ်”လို့ ကဘူးလ်လေဆိပ်တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် လေကြောင်းတိုက်ခိုက်မှုအကြောင်း

ပထမဆုံး ကြေညာတဲ့ ထုတ်ပြန်ချက်မှာ သူက ဆိုပါတယ်။ အာဖဂန်နစ္စတန်အပြင်ဖက်ကနေ လှမ်းပစ်တဲ့ အခု လေကြောင်းတိုက်ခိုက်မှုဟာ

ကဘူးလ်လေဆိပ်ကနေ ကယ်ထုတ်ရေးတွေ ဆောင်ရွက်နေတဲ့ကြားကပဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်မှုကြီး

အပြီးမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ကယ်ထုတ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

လေဆိပ်ရဲ့ အက်ဘ်ဘေးဂိတ်ပေါက်ရှေ့က ကြီးမားတဲ့ လူအုပ်ကြီးအတွင်း အသေခံတိုက်ခိုက်ရေးသမားက ဗုံးတစ်လုံး ဖောက်ခွဲတာကြောင့်

အမေရိကန်စစ်သား ၁၃ ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၇၈ ဦး သေဆုံးခဲ့ပါတယ်။ မီဒီယာအချို့ကတော့ သေဆုံးသူဟာ ၂၀၀ နီးနီးရှိ

တယ်လို့ ဆိုကြပါတယ်။ အဲဒီ လေဆိပ်တိုက်ခိုက်မှုကိုအိုင်အက်စ်အဖွဲ့ရဲ့ အကြမ်းဖက် အာဖဂန်တပ်ခွဲ IS-K အုပ်စုက လုပ်ဆောင်ခဲ့တာ ဖြစ်

ပါတယ်။ ဒီ တိုက်ခိုက်ခံရမှုကြီးနောက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်စားချေတုံ့ပြန်သွားမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။

“ဒီ တိုက်ခိုက်မှုကို ကျူးလွန်သူတွေသာမကဘဲ အမေရိကန်တွေကို ထိခိုက်နစ်နာစေလိုသူ မှန်သမျှကို သိထားစေချင်တယ်၊

ကျွန်တော်တို့ ခွင့်မလွှတ်ဘူး၊ မေ့မပစ်ဘူး၊ ခင်ဗျားတို့ကို မြေလှန်ရှာပြီး တန်ကြေးပေးဆပ်စေမယ်”လို့ ကြာသပတေးနေ့မှာ ဂျိုးဘိုင်ဒင်က

ပြောပါတယ်။ IS-K အုပ်စုဟာ လေကြောင်းကယ်ထုတ်မှုတွေကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ ယုံကြည်ကြောင်း ပင်တ

ဂွန်ပြောခွင့်ရသူ ဂျွန်ကားဘီက သောကြာနေ့ နေ့လယ်ပိုင်းမှာ ပြောခဲ့ပါတယ်။

crd-