ၾကားသိသမွ်

အောင်ပွဲနီးလေ ဖျက်မြင်းများလေ

အောင်ပွဲနီးလေ ဖျက်မြင်းများလေ

ခုသတင်းသဲ့သဲ့လေးတွေ ထွက်လာနေတဲ့ စကစဟာ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ လက်ဝါးခြင်းရိုက် အပေးယူ လုပ်နေတယ်တဲ့ ဒါ

ဟာ ထုံးစံအတိုင်း မြေ‌ခွေးအိုအကြံနဲ့ တမင်တကာကို လုပ်ဆောင်နေပြီး ထိုသတင်းမျိုးကိုလည်း ပြည်သူတွေထံ ရောက်ရှိ သိအောင် တမင်

ဖြန့်နေခြင်းပဲ ဖြစ်တယ် ဒါမှ အကုန် သံသယဖြစ် မယုံကြည် သွေးကွဲ ခွာပြဲကုန်ကြမှာမဟုတ်လား ခွာပြဲပြီး တော်လှန်ရေး ဖရိုဖရဲနဲ့ ပျက်စီး

ပြိုကွဲ သွားစေမှာ မဟုတ်လား ဒါကြောင့် အချို့လက်နက်ကိုင် အချို့ဟာ စကစနဲ့ ဆွေးနွေးညှိနှိုင်းကြမယ် စစ်မဖြစ်လိုဘူး PDF GZ တွေကို

ဆက်မကူညီကြဖို့ စာထုတ် ဘာညာတွေဟာ တကယ်ဟုတ်တာ မဟုတ်တာ ဖြစ်တာမဖြစ်သေးတာထက် (တိကျတဲ့ အဖြေစောင့်ပါ) ဘာ

ကြောင့် ယခုလိုတွေ ဖြစ်ပေါ် ထွက်လာနေရသလဲဆိုတာ (၁) စကစဟာ အင်အားလျော့နည်း စစ်ပန်း တနည်း ရှုံးမယ်ဆိုတာ ကြိုသိနေလို့ ခု

လို ပေါ်တင်မဟုတ်ပဲ နောက်ကွယ် ဒိုင်လျိုကနေ လက်နက်ကိုင်တိုင်းရင်းသား‌တွေထဲက ရတဲ့သူကို ဖမ်းလုံးပြီး နောက်ကွယ်

အပေးယူနဲ့ စစ်ရှိန်လျော့ဖို့ ကြိုးစားလာခြင်းပဲ ဖြစ်တယ် ဒါဟာ သူတို့အားနည်းနေလို့ပါ သို့ဆို ဒီအချက်ဟာ အထူးသတိထားရမှာ ဖြစ်သလို

ယုံကြည်မှုလည်း မရနိုင်ပါဘူး အကြောင်းဟာ စခ‌တွေဟာ ကတိမတည်ဘူး ဒီအချက်နဲ့တင် ယုံစားမိရင် အားလုံး ဒုက္ခရောက်ကျပါလိမ့်မည်

ဟု သိစေလိုသည် (၂) အချို့ လက်နက်ကိုင်တပ်က သူ‌တွေ စကစနဲ့ ခုလို လက်ဝါးခြင်းရိုက် အပေးယူနဲ့ ရလို့ စစ်မတိုက်လိုချင်သူတွေ ရှိ

ကောင်းပေမယ့် သို့ စစ်မတိုက်ပဲ နောက်ဆုတ် လက်လွှတ်ပြီး PDF GZ တွေကို ဂွင်ဆင် တဖက်လှည့်နဲ့ စစ်ပွဲအယောင်ပြ ထိူးကြွေးမှာ

ကြောက်နေ စိုးရိမ်သူတွေ ရှိနေကြတယ် ထိုအတွက် မစိုးရိမ်ပါနဲ့

ကရင် KNU တွေဟာ သစ္စာရှိသူ ရဲရင့် ပြတ်သားသူတွေပါ ထိုသို့ယုတ်မာမှုမျိုး စခွေးတွေလို အကျင့်စရိုက်နဲ့ ကတိမတည်တာမျိုး ဘယ်

သောအခါမှ သူတို့မျိုးရိုး လူမျိုးမှာ မရှိဘူးဆိုတာ အပြည့်ဝ ယုံကြည်လို့ပဲဖြစ်သည် ကြဖို့ အထူးသတိ‌ပေးပြောလိုပါတယ် သို့ကြောင့် ထိုသို့

ရေးပြောနေသူများဟာ KNU နဲ့ PDF GZ လေးတွေကိူ သွေးခွဲဖို့ သွေးထိုးလုပ်ဆောင်နေကြသူများသာ (စခွေးဖွတ်များ) ဖြစ်သည်ဆိုတာ

သတိပေးလိုသည် ဘာကြောင့်ဆို‌တော့ သူတို့ စခွေးတဖွဲ့လုံး KNU နဲ့ PDF တွေ စုပေါင်း အင်အားကို ကြောက်ရွံနေလို့ပဲဖြစ်သည် (၃) ခုလို

EAOS ‌တွေဘက်က စာတွေ ထုတ်ပြန် အသိပေးနေခြင်းဟာ မခြွမ်းချန်ပြောရရင် စကစထက် EAOs ‌တွေဟာ NUG နဲ့ ပိုမို ညှိနှ်ုင်း

ဆွေးနွေးချင်လိုနေပြီး D Day အတွက် ပူးပေါင်း ဆူံးဖြတ် လုပ်ကိုင်ဖို့နဲ့ ဖြစ်လာမည့်အရာများကို လက်တွဲ ရင်ဆိုင် ‌ဖြေရှင်းသွားကြဖို့

ထို့အပြင် နိုင်ငံရေးအရ မပြီးပြတ်သေးတဲ့ EAOsတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်လမ်းများအား NUG အနေနဲ့ သေချာဆုံးဖြတ်ပြီး ကတိကဝတ်နဲ့

အညီ ပူးပေါင်း‌ဆောင်ရွက်နိုင်ရန်နဲ့ နိုင်ငံအတွက် NUG PDF တို့နှင့် အတူလက်တွဲပြီး စကစအား အလုံးစုံ အမြစ်ပြတ် တိုက်ထုတ်ကြရန်

သံဓိဌာန် ပဋိဉဉ်ကို လိုချင်၍ ရေးထိုးဖို့အတွက် ခုလို စာတွေထုတ်ပြန်ပြီး စစ်ပွဲမစခင် NUG သိအောင် ထုတ်ပြန် ရေးပို့နေခြင်းပဲ ဖြစ်မည်ဆို

တာအသိပေးရင်း ထိူ့အပြင် မမြင်နိုင်တဲ့ – နိုင်ငံရေးကစားကွက် – စစ်ပွဲ အခင်းကျင်း ဗျုဟာ – လှည့်စားမှု mind game – စစ်ထိုး စစ်မြူ

စစ်ရှောင် အဖိအဖော့ စသည့် ကစားကွက် လှည့်စားမှု အတတ်ပညာတွေနဲ့ နိုင်ငံရေး စစ်ရေးကို အပြန်လှန် ထိုးစစ်ဆင် ကစား အသုံးချ

လှုပ်ရှားနေကြသည်ဆိုတာ အသိပေးရင်း မစိုးရိမ်ကြပါနဲ့ ထိုအချက်‌တွေကို ကိုယ့်ထက် သိမြင် ကျွမ်းကျင်တတ်တဲ့ ခေါင်းဆောင်ပိုင်း‌တွေ

ဖြစ်တဲ့NUG EAOs PDF မှ ဆိုင်ရာ ပညာရှင် ခေါင်းဆောင်တွေ အလိုက်သင့်ရွေ့လျားပြီး ယခုပွဲကို ဆုံးဖြတ် စတင်ကြလိမ့်မည်ဆိုတာ

အသိပေးရင်း ထိုအတွက် ပြည်သူလူထု လုပ်စရာတစ်ခုတည်းက NUG ကို ယုံကြည်ဖို့နဲ့ အားလုံး သွေးစည်း ညီညွတ်ကြဖို့ပဲ ဖြစ်သည်ဆို

တာ သို့မှ အောင်ပွဲရမှာ ဖြစ်ပြီး မဟုတ်လျှင် အောင်ပွဲနဲ့ ဝေးကွာနေအုံးမည်ဆိုတာ ထိုအတွက် သိထားရမှာက D Day နီးလာသည်နဲ့အမျှ

ယခုလို သွေးထိုးသွေးကွဲ ဆိုက်ဝါးသတင်းမျိုးစုံဟာ ဒီထက်ပိုမိုပြီး ထွက်ပေါ်လာနေအုံးမည်ဆိုတာ ဒါကို သတိနဲ့ အသိထားပြီး အားလူံး သွေး

မကွဲပဲ စည်းလုံးညီညွတ်စွာနဲ့ ‌တော်လှန်ရေးကို အဆုံးသတ်ဖို့ ကြိုးစားကြပါစို့ဟု သံဓိဌာန်ပြုလျှက် အရေးတော်ပုံ အောင်ရမည်ဟု !!

crd-မင်းကြည်ညိုနေ