ကိုယ်တိုင် D day ဆိုတာ ဘာမှန်းမသိလို့ ရှာပြီးတင်ပေးလိုက်ပါတယ်။
D-Day ဟာ အာဏာရှင်ဟစ်တလာပြုတ်ကျဖို့အဆုံးအဖြတ်ဖြစ်ခဲ့တဲ့နေ့ အဖြစ်မှတ်တမ်းပြုကြပါတယ်။
ဒီ-ဒေး ဆိုတာ Deployment Day ပြိုင်တူတိုင်ပင်ကိုက်ထတီးတဲ့နေ့ကိုခေါ်တာ။
ဗိုလ်ချုပ်အောင်ဆန်းက မတ်လ ၂၇ ရက်နေ့ကိုဖက်ဆစ်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့သလိုမျိုးပေါ့။
ဒီဒေးအကြောင်းပြောရရင် အဓိကက တိုင်ပင်ကိုက်အချိန်နဲ့နေရာကအသက်ပဲ။
ဒီဒေးနဲ့ပတ်သက်လို့ IKE Count Down to D-Day ဆိုတာလေးကိုကြည့်သင့်တယ်။ ဒီရုပ်ရှင်က ကျနော့်ရဲ့ Life Lessons collection ထဲ
မှာသိမ်းထားတာကြာပြီ။အဲ့ဒီ ဒီဒေးနဲ့ပတ်သက်လို့သင်ခန်းစာယူစရာလေးတွေကိုပြန်မျှဝေလိုက်ပါတယ်။
အားလုံးကထတိုက်ဖို့လက်ယားနေကြပေမယ့် အချိန်မတိုင်မီမလုပ်သင့်ခြင်း။
ပြင်သစ်မြေအောက်တော်လှန်ရေးသမားတွေက မဟာမိတ်တပ်တွေကိုတစ်မိနစ်တောင်မဆိုင်းပဲလာစေချင်လှပြီ။ မလာရင်ကိုယ့်ဘာသာ
ကိုယ်ထချချင်ပြီ။အချိန်မတိုင်မီထချမိတော့ သူတို့တွေလုံးပါးပါးကုန်ပါတယ်။ မဟာအမှားကြီးပါ။
မဟာမိတ်တပ်တွေကလည်း အင်္ဂလန်မှာစုရုံးပြီး နက်ဖြန်လားသန်ဘက်ခါလား ပြင်သစ်နော်ဒီကမ်းခြေကိုတက်သိမ်းချင်နေလှပြီ။
ဒါပေမယ့် အမေရိကန်စစ်ဗိုလ်ချုပ်ကြီးအိုင်အိုက်ဆင်ဟောင်ဝါက အချိန်-နေရာ-အဆင်သင့်ဖြစ်မှု ဤသုံးပါးကိုအသေအချာချိန်ဆပါတယ်။
အချိန်-နေရာ-အဆင်သင့်ဖြစ်မှု တစ်ခုခုချွတ်ချော်တာနဲ့ တစ်သက်မှတစ်ကြိမ်ပဲရမယ့်အခွင့်အရေးကြီးဆုံးရှုံးသွားနိုင်ပါတယ်။
တစ်နေရာတစ်ကောင်ကထခတ်လို့ကျားမသေပါ။ ကျားကတစ်ကောင်ချင်းသတ်စားသွားပါလိမ့်မယ်။
အားလုံးပြိုင်တူအဆင်သင့်ပြင်ပြီးဝိုင်းခတ်မှကျားသေမှာကိုသိထားဖို့လိုပါတယ်။
D-Day ဘယ်နေ့လဲနဲ့ ဘယ်နေရာလဲကို သတင်းလုံးဝအပေါက်ကြားခံလို့မရပါ။
အချိန်နဲ့နေရာကိုသိသွားတာနဲ့ ရန်သူကအဲ့နေရာကိုအသင့်ပြင်ထားမှာဖြစ်ပြီး ကိုယ့်ဘက်ကအကျအဆုံးအလွန်များသွားပါနိုင်ပါတယ်။
ပါးစပ်ယားမှုကြောင့် တန်ဖိုးရှိတဲ့အသက်သွေးတွေအများကြီးပေးဆပ်ဆုံးရှုံးလိုက်ရနိုင်ပါတယ်။
အဲ့ဒီမှာ အမေရိကန်ဗိုလ်ချုပ်ဟင်နရီမေးလားက အရက်မူးပြီးဟော်တယ်စားသောက်ခန်းထဲမှာ နောက် ၄-၅ ရက်နေလို့ရှိရင် ပဲရစ်မှာဝိုင်
ကောင်းကောင်းသောက်လို့ရပြီလို့ အာချောင်မိပါတယ်။
ဗိုလ်ချုပ်ဟင်နရီဟာ ဗိုလ်ချုပ်ကြီးအိုင်စင်ဟောင်ဝါရဲ့ West Point တုန်းကစစ်တက္ကသိုလ်အခန်းဖော်ဖြစ်ခဲ့သူပါ။
ဒါပေမယ့် အရေးကြီးတဲ့ကိစ္စမှာအာချောင်မှုနဲ့ နောက်တန်းကို ဒုဗိုလ်မှူးကြီးအထိရာထူး ၃ ဆင့်ချပြီးပြန်ပို့ခံရပါတယ်။
အာမချောင်မိရင် အခုလိုအရှက်တကွဲအကျိုးနည်းမဖြစ်ပဲ အနည်းဆုံး ကြယ် ၄ ပွင့်ဗိုလ်ချုပ်ကြီးဘဝနဲ့ ဆွေစဉ်မျိုးဆက်ဂုဏ်ရှိစွာအနားယူ
ခွင့်ရမှာပါ။သတင်းပေါက်ကြားခြင်း- အာချောင်ဂုဏ်ဆာခြင်းတို့ဟာ ဘယ်လိုမှခွင့်လွှတ်လို့မရတဲ့ကိစ္စပါ။
တော်လှန်ရေးအောင်မြင်ဖို့အတွက် သွေးကွဲမယ့်စကားကိုမပြောမိဖို့လိုတယ်။ တခါတလေမကြိုက်ပေမယ့်အောင့်ကာနမ်းတတ်ဖို့လိုပါ
တယ်။ဗိုလ်ချုပ်ကြီးဂျော့ပက်တွန်းဆိုတာ ကျနော်အင်မတန်သဘောကျတဲ့သူပါ။ သူကရဲစွမ်းသတ္တိရှိပြီးစစ်တိုက်တာတော်တဲ့သူပါ။
ပြဿနာက ရုရှားကိုမကြိုက်တဲ့ကိစ္စကိုလူသိရှင်ကြားထုတ်ပြောခြင်းပါပဲ။
သူ့တပည့်ဖြစ်ဖူးတဲ့အိုင်ဆင်ဟောင်ဝါက ဆရာဖြစ်ဖူးသူဂျော့ပလက်တွန်းကို ပြင်းပြင်းထန်ထန်ခေါ်ကြိမ်းကာ နောက်ဆုံးဝမ်နင်အဖြစ်
သတိပေးခဲ့ရပါတယ်။တော်လှန်ရေးဟာရပ်ကွက်ထဲမှာရန်ဖြစ်တဲ့အဆင့်မဟုတ်ပါ။ ဆဲရေးရုံ၊ haha လုပ်နေရုံနဲ့တော်လှန်ရေးမအောင်မြင်ပါ။
နိုင်ငံနဲ့ချီပြီးအလုပ်လုပ်ရတဲ့ကိစ္စမှာ မြွေလိမ္မာလိုကျင့်တတ်ရပါတယ်။ ရုရှားကိုမုန်းတယ်၊ တရုတ်ကိုမုန်းတယ် လို့ မအောင်မြင်ခင်မှာအော်
နေလို့မရပါ။စစ်ပွဲတစ်ခုအောင်မြင်ရေးအတွက် သံတမန်ရေး၊ စစ်ရေးဘက်စုံသုံးပြီး ကိုယ်ဖက်ကနိုင်ဖို့ပဲအာရုံတစ်ခုတည်းစိုက်ပြီးလုပ်ရပါ
တယ်။အကြီးဆုံးအဓိကရန်သူကိုတိုက်နေချိန်မှာ ရန်သူထပ်တိုးအောင်၊ ရန်သူအချင်းချင်းပေါင်းမိသွားအောင်မလုပ်ရပါ။
အဆုံးအဖြတ်မြို့သိမ်းတိုက်ပွဲကြီးကျင်းပကာနီးမှာ ငါဗိုလ်လုပ်ချင်သူတွေပေါ်လာတတ်ပါတယ်။
မတူတဲ့လူတွေအားလုံးစုပေါင်းလုပ်ရတဲ့အခါမှာ ဘယ်သူဗိုလ်လုပ်မလဲဆိုတာနဲ့ သွေးကွဲတတ်တာကိုသတိထားပါ။
အိုင်စင်ဟောင်ဝါက ဝင်စတန်ချာချီကို အလုံးစုံအာဏာရှိတဲ့ Supreme Commander အဖြစ်တောင်းပါတယ်။ကြည်းရေလေတပ်တွေ
အားလုံးကိုသူဩဇာသြောင်းမှ D-Day မှာ သူအမိန့်ပေးထိန်းချုပ်နိုင်မှာပါ။
အင်္ဂလိပ်ဗိုလ်ချုပ်ကြီးမောင်ဂိုမရီက အင်္ဂလန်ကအခြေပြုတပ်စုပြီးထွက်မှာမို့ သူ့ကိုယ်သူ Supreme Commander အဖြစ်မှန်းထားသူ။
ပြင်သစ်က ချားလ်ဒီဂေါကလည်း သူ့မြေပေါ်တက်သိမ်းမှာမို့ သူ Supreme Commander လုပ်ချင်နေတာ။
ဒီအခြေအနေမှာ အင်္ဂလန်ဝန်ကြီးချုပ်ချာချီက အမေရိကန်သမ္မတနဲ့တိုင်ပင်ပြီး အိုင်စင်ဟောင်ဝါကို Supreme Commander ရာထူးပေးပါ
တယ်။ကမ္ဘာ့သမိုင်းမှာအများဆုံးသောတပ်တွေကို တစ်သွေးတစ်သံတစ်မိန့်နဲ့ ထိန်းချုပ်ခွင့်ရတဲ့ Supreme Commander ရာထူးပါ။
ပြန်ပြောပါမယ်။ ညီညွတ်ရေးကအသက် ဆိုတာကို အားလုံးသိဖို့လိုပါတယ်။ ငါမင်းသားမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်လို့လုပ်တာနဲ့
အားလုံးခွေးဖြစ်သွားမယ်ဆိုတာကို သိထားကြပါ။
တိုက်ပွဲအောင်မြင်ရေးကအဓိကဆိုတာကိုအမြဲသိထားဖို့လိုပါတယ်။
စစ်ရေးကမ်ပိန်းကြီးတစ်ခုမှာ အားလုံးကိုစုစည်းနိုင်မယ့် ဗိုလ်ချုပ်အောင်ဆန်းလိုထက်မြက်တဲ့ခေါင်းဆောင်တစ်ယောက်လိုပါတယ်။
စစ်ရေးအောင်မြင်ဖို့က လက်ထဲသေနတ်ရှိနေတိုင်းမအောင်မြင်ပါ။
ထောက်ပို့ကအသက်ပါ။ ငါ့လက်ထဲမှာ M16 ရှိတယ်ထချမယ်လုပ်လို့မရပါ။ ကျည်ဆံကုန်သွားရင်သေနတ်ဟာဒုတ်ထက်ပိုအသုံးမကျပါ။
တပ်ကူပေးဖို့အခွင့်မသာရင် တိုက်ပွဲကျရှုံးလေ့ရှိပါတယ်။ တပ်ကူအားလုံးပြင်ဆင်ချိတ်ဆက်ပြီးမှတိုက်ရပါတယ်။
စစ်ရေးအောင်မြင်ဖို့အားလုံးကိုချိန်ဆရပါတယ်။
ကမ်းတက်မယ့်ရာသီဥတုကို အိုင်စင်ဟောင်ဝါသေသေချာချာရွေးချယ်ပါတယ်။ မိုးလေဝသဗိုလ်ကြီးဆီကသတင်းကို ညသန်းခေါင်လည်း
အိပ်ရာကနေထနားထောင်ပါတယ်။ရာသီဥတုက မိုးအရမ်းမရွာဖို့လိုသလို တိမ်ကင်းစင်ပြီး မြင်ကွင်းရှင်းလင်းနေလို့မဖြစ်ပါ။
သဘောကစစ်ရေးကမ်ပိန်းကြီးတစ်ခုစီမံတဲ့အခါမှာ ချချင်တာတစ်ခုတည်းနဲ့မရပါ။ အချိန်အရေးကြီးမှန်းသိပေမယ့် အောင်မြင်ဖို့အားလုံးစီမံ
ရတယ်ဆိုတာသိဖို့လိုပါတယ်။အချိန်-နေရာ-အဆင်သင့်ဖြစ်မှု ဤသုံးပါးကိုမမေ့ပါနဲ့။တရားသောစစ်အောင်မြင်ပါစေ။
အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြသူများအားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါ
တယ်နော်။
Crd-Richard Myo Thant
Zawgyi
ကိုယ္တိုင္ D day ဆိုတာ ဘာမွန္းမသိလို႔ ရွာၿပီးတင္ေပးလိုက္ပါတယ္။
D-Day ဟာ အာဏာရွင္ဟစ္တလာျပဳတ္က်ဖို႔အဆုံးအျဖတ္ျဖစ္ခဲ့တဲ့ေန႔ အျဖစ္မွတ္တမ္းျပဳၾကပါတယ္။
ဒီ-ေဒး ဆိုတာ Deployment Day ၿပိဳင္တူတိုင္ပင္ကိုက္ထတီးတဲ့ေန႔ကိုေခၚတာ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းက မတ္လ ၂၇ ရက္ေန႔ကိုဖက္ဆစ္ေတာ္လွန္ေရးေန႔အျဖစ္သတ္မွတ္ခဲ့သလိုမ်ိဳးေပါ့။
ဒီေဒးအေၾကာင္းေျပာရရင္ အဓိကက တိုင္ပင္ကိုက္အခ်ိန္နဲ႔ေနရာကအသက္ပဲ။
ဒီေဒးနဲ႔ပတ္သက္လို႔ IKE Count Down to D-Day ဆိုတာေလးကိုၾကည့္သင့္တယ္။ ဒီ႐ုပ္ရွင္က က်ေနာ့္ရဲ့ Life Lessons collection ထဲမွာ
သိမ္းထားတာၾကာၿပီ။အဲ့ဒီ ဒီေဒးနဲ႔ပတ္သက္လို႔သင္ခန္းစာယူစရာေလးေတြကိုျပန္မၽွေဝလိုက္ပါတယ္။
အားလုံးကထတိုက္ဖို႔လက္ယားေနၾကေပမယ့္ အခ်ိန္မတိုင္မီမလုပ္သင့္ျခင္း။
ျပင္သစ္ေျမေအာက္ေတာ္လွန္ေရးသမားေတြက မဟာမိတ္တပ္ေတြကိုတစ္မိနစ္ေတာင္မဆိုင္းပဲလာေစခ်င္လွၿပီ။ မလာရင္ကိုယ့္ဘာသာ
ကိုယ္ထခ်ခ်င္ၿပီ။အခ်ိန္မတိုင္မီထခ်မိေတာ့ သူတို႔ေတြလုံးပါးပါးကုန္ပါတယ္။ မဟာအမွားႀကီးပါ။
မဟာမိတ္တပ္ေတြကလည္း အဂၤလန္မွာစု႐ုံးၿပီး နက္ျဖန္လားသန္ဘက္ခါလား ျပင္သစ္ေနာ္ဒီကမ္းေျခကိုတက္သိမ္းခ်င္ေနလွၿပီ။
ဒါေပမယ့္ အေမရိကန္စစ္ဗိုလ္ခ်ဳပ္ႀကီးအိုင္အိုက္ဆင္ေဟာင္ဝါက အခ်ိန္-ေနရာ-အဆင္သင့္ျဖစ္မႈ ဤသုံးပါးကိုအေသအခ်ာခ်ိန္ဆပါတယ္။
အခ်ိန္-ေနရာ-အဆင္သင့္ျဖစ္မႈ တစ္ခုခုခၽြတ္ေခ်ာ္တာနဲ႔ တစ္သက္မွတစ္ႀကိမ္ပဲရမယ့္အခြင့္အေရးႀကီးဆုံးရႈံးသြားနိုင္ပါတယ္။
တစ္ေနရာတစ္ေကာင္ကထခတ္လို႔က်ားမေသပါ။ က်ားကတစ္ေကာင္ခ်င္းသတ္စားသြားပါလိမ့္မယ္။
အားလုံးၿပိဳင္တူအဆင္သင့္ျပင္ၿပီးဝိုင္းခတ္မွက်ားေသမွာကိုသိထားဖို႔လိုပါတယ္။
D-Day ဘယ္ေန႔လဲနဲ႔ ဘယ္ေနရာလဲကို သတင္းလုံးဝအေပါက္ၾကားခံလို႔မရပါ။
အခ်ိန္နဲ႔ေနရာကိုသိသြားတာနဲ႔ ရန္သူကအဲ့ေနရာကိုအသင့္ျပင္ထားမွာျဖစ္ၿပီး ကိုယ့္ဘက္ကအက်အဆုံးအလြန္မ်ားသြားပါနိုင္ပါတယ္။
ပါးစပ္ယားမႈေၾကာင့္ တန္ဖိုးရွိတဲ့အသက္ေသြးေတြအမ်ားႀကီးေပးဆပ္ဆုံးရႈံးလိုက္ရနိုင္ပါတယ္။
အဲ့ဒီမွာ အေမရိကန္ဗိုလ္ခ်ဳပ္ဟင္နရီေမးလားက အရက္မူးၿပီးေဟာ္တယ္စားေသာက္ခန္းထဲမွာ ေနာက္ ၄-၅ ရက္ေနလို႔ရွိရင္ ပဲရစ္မွာဝိုင္ေ
ကာင္းေကာင္းေသာက္လို႔ရၿပီလို႔ အာေခ်ာင္မိပါတယ္။
ဗိုလ္ခ်ဳပ္ဟင္နရီဟာ ဗိုလ္ခ်ဳပ္ႀကီးအိုင္စင္ေဟာင္ဝါရဲ့ West Point တုန္းကစစ္တကၠသိုလ္အခန္းေဖာ္ျဖစ္ခဲ့သူပါ။
ဒါေပမယ့္ အေရးႀကီးတဲ့ကိစၥမွာအာေခ်ာင္မႈနဲ႔ ေနာက္တန္းကို ဒုဗိုလ္မႉးႀကီးအထိရာထူး ၃ ဆင့္ခ်ၿပီးျပန္ပို႔ခံရပါတယ္။
အာမေခ်ာင္မိရင္ အခုလိုအရွက္တကြဲအက်ိဳးနည္းမျဖစ္ပဲ အနည္းဆုံး ၾကယ္ ၄ ပြင့္ဗိုလ္ခ်ဳပ္ႀကီးဘဝနဲ႔ ေဆြစဥ္မ်ိဳးဆက္ဂုဏ္ရွိစြာအနားယူခြင့္ရ
မွာပါ။သတင္းေပါက္ၾကားျခင္း- အာေခ်ာင္ဂုဏ္ဆာျခင္းတို႔ဟာ ဘယ္လိုမွခြင့္လႊတ္လို႔မရတဲ့ကိစၥပါ။
ေတာ္လွန္ေရးေအာင္ျမင္ဖို႔အတြက္ ေသြးကြဲမယ့္စကားကိုမေျပာမိဖို႔လိုတယ္။ တခါတေလမႀကိဳက္ေပမယ့္ေအာင့္ကာန
မ္းတတ္ဖို႔လိုပါတယ္။ဗိုလ္ခ်ဳပ္ႀကီးေဂ်ာ့ပက္တြန္းဆိုတာ က်ေနာ္အင္မတန္သေဘာက်တဲ့သူပါ။ သူကရဲစြမ္းသတၱိရွိၿပီးစစ္တိုက္တာေတာ္တဲ့သူပါ။
ျပႆနာက ႐ုရွားကိုမႀကိဳက္တဲ့ကိစၥကိုလူသိရွင္ၾကားထုတ္ေျပာျခင္းပါပဲ။
သူ႔တပည့္ျဖစ္ဖူးတဲ့အိုင္ဆင္ေဟာင္ဝါက ဆရာျဖစ္ဖူးသူေဂ်ာ့ပလက္တြန္းကို ျပင္းျပင္းထန္ထန္ေခၚႀကိမ္းကာ ေနာက္ဆုံးဝမ္နင္အျ
ဖစ္သတိေပးခဲ့ရပါတယ္။ေတာ္လွန္ေရးဟာရပ္ကြက္ထဲမွာရန္ျဖစ္တဲ့အဆင့္မဟုတ္ပါ။ ဆဲေရး႐ုံ၊ haha လုပ္ေန႐ုံနဲ႔ေတာ္လွန္ေရးမေအာင္ျမင္
ပါ။နိုင္ငံနဲ႔ခ်ီၿပီးအလုပ္လုပ္ရတဲ့ကိစၥမွာ ေႁမြလိမၼာလိုက်င့္တတ္ရပါတယ္။ ႐ုရွားကိုမုန္းတယ္၊ တ႐ုတ္ကိုမုန္းတယ္ လို႔ မေအာင္ျမင္ခင္
မွာေအာ္ေနလို႔မရပါ။
စစ္ပြဲတစ္ခုေအာင္ျမင္ေရးအတြက္ သံတမန္ေရး၊ စစ္ေရးဘက္စုံသုံးၿပီး ကိုယ္ဖက္ကနိုင္ဖို႔ပဲအာ႐ုံတစ္ခုတည္းစိုက္ၿပီးလုပ္ရပါတယ္။
အႀကီးဆုံးအဓိကရန္သူကိုတိုက္ေနခ်ိန္မွာ ရန္သူထပ္တိုးေအာင္၊ ရန္သူအခ်င္းခ်င္းေပါင္းမိသြားေအာင္မလုပ္ရပါ။
အဆုံးအျဖတ္ၿမိဳ႕သိမ္းတိုက္ပြဲႀကီးက်င္းပကာနီးမွာ ငါဗိုလ္လုပ္ခ်င္သူေတြေပၚလာတတ္ပါတယ္။
မတူတဲ့လူေတြအားလုံးစုေပါင္းလုပ္ရတဲ့အခါမွာ ဘယ္သူဗိုလ္လုပ္မလဲဆိုတာနဲ႔ ေသြးကြဲတတ္တာကိုသတိထားပါ။
အိုင္စင္ေဟာင္ဝါက ဝင္စတန္ခ်ာခ်ီကို အလုံးစုံအာဏာရွိတဲ့ Supreme Commander အျဖစ္ေတာင္းပါတယ္။ၾကည္းေရေလတပ္ေ
တြအားလုံးကိုသူဩဇာေၾသာင္းမွ D-Day မွာ သူအမိန႔္ေပးထိန္းခ်ဳပ္နိုင္မွာပါ။
အဂၤလိပ္ဗိုလ္ခ်ဳပ္ႀကီးေမာင္ဂိုမရီက အဂၤလန္ကအေျချပဳတပ္စုၿပီးထြက္မွာမို႔ သူ႔ကိုယ္သူ Supreme Commander အျဖစ္မွန္းထားသူ။
ျပင္သစ္က ခ်ားလ္ဒီေဂါကလည္း သူ႔ေျမေပၚတက္သိမ္းမွာမို႔ သူ Supreme Commander လုပ္ခ်င္ေနတာ။
ဒီအေျခအေနမွာ အဂၤလန္ဝန္ႀကီးခ်ဳပ္ခ်ာခ်ီက အေမရိကန္သမၼတနဲ႔တိုင္ပင္ၿပီး အိုင္စင္ေဟာင္ဝါကို Supreme Commander ရာထူးေ
ပးပါတယ္။ကမၻာ့သမိုင္းမွာအမ်ားဆုံးေသာတပ္ေတြကို တစ္ေသြးတစ္သံတစ္မိန႔္နဲ႔ ထိန္းခ်ဳပ္ခြင့္ရတဲ့ Supreme Commander
ရာထူးပါ။ျပန္ေျပာပါမယ္။ ညီညြတ္ေရးကအသက္ ဆိုတာကို အားလုံးသိဖို႔လိုပါတယ္။ ငါမင္းသားမလုပ္ရလို႔ပတ္မႀကီးထိုးေဖာ
က္မယ္လို႔လုပ္တာနဲ႔ အားလုံးေခြးျဖစ္သြားမယ္ဆိုတာကို သိထားၾကပါ။
တိုက္ပြဲေအာင္ျမင္ေရးကအဓိကဆိုတာကိုအျမဲသိထားဖို႔လိုပါတယ္။
စစ္ေရးကမ္ပိန္းႀကီးတစ္ခုမွာ အားလုံးကိုစုစည္းနိုင္မယ့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလိုထက္ျမက္တဲ့ေခါင္းေဆာင္တစ္ေယာက္လိုပါတယ္။
စစ္ေရးေအာင္ျမင္ဖို႔က လက္ထဲေသနတ္ရွိေနတိုင္းမေအာင္ျမင္ပါ။
ေထာက္ပို႔ကအသက္ပါ။ ငါ့လက္ထဲမွာ M16 ရွိတယ္ထခ်မယ္လုပ္လို႔မရပါ။ က်ည္ဆံကုန္သြားရင္ေသနတ္ဟာဒုတ္ထက္ပိုအသုံးမက်ပါ။
တပ္ကူေပးဖို႔အခြင့္မသာရင္ တိုက္ပြဲက်ရႈံးေလ့ရွိပါတယ္။ တပ္ကူအားလုံးျပင္ဆင္ခ်ိတ္ဆက္ၿပီးမွတိုက္ရပါတယ္။
စစ္ေရးေအာင္ျမင္ဖို႔အားလုံးကိုခ်ိန္ဆရပါတယ္။
ကမ္းတက္မယ့္ရာသီဥတုကို အိုင္စင္ေဟာင္ဝါေသေသခ်ာခ်ာေရြးခ်ယ္ပါတယ္။ မိုးေလဝသဗိုလ္ႀကီးဆီကသတင္းကို ညသန္းေခါင္လ
ည္းအိပ္ရာကေနထနားေထာင္ပါတယ္။
ရာသီဥတုက မိုးအရမ္းမရြာဖို႔လိုသလို တိမ္ကင္းစင္ၿပီး ျမင္ကြင္းရွင္းလင္းေနလို႔မျဖစ္ပါ။
သေဘာကစစ္ေရးကမ္ပိန္းႀကီးတစ္ခုစီမံတဲ့အခါမွာ ခ်ခ်င္တာတစ္ခုတည္းနဲ႔မရပါ။ အခ်ိန္အေရးႀကီးမွန္းသိေပမယ့္ ေအာင္ျမင္
ဖို႔အားလုံးစီမံရတယ္ဆိုတာသိဖို႔လိုပါတယ္။အခ်ိန္-ေနရာ-အဆင္သင့္ျဖစ္မႈ ဤသုံးပါးကိုမေမ့ပါနဲ႔။တရားေသာစစ္ေအာင္ျမင္ပါေစ။
အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကသူမ်ားအားလုံးလည္းသာယာေပ်ာ္ရႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္နိုင္ၾကပါေစလို႔ ဆုေတာ
င္းေပးလိုက္ပါတယ္ေနာ္။
Crd-Richard Myo Thant