ၾကားသိသမွ်

အာဏာသိမ်းမှု ဖြစ်စဉ်သည် ရွေးကောက်ပွဲဝင်ပါတီများနှင့် စစ်အစိုးရအကြားနိုင်ငံရေး ကတိကဝတ် မရှိခြင်းကြောင့်ဟု ဦးကိုကိုကြီး ပြော

အာဏာသိမ်းမှု ဖြစ်စဉ်သည် ရွေးကောက်ပွဲဝင်ပါတီများနှင့် စစ်အစိုးရအကြားနိုင်ငံရေး ကတိကဝတ် မရှိခြင်းကြောင့်ဟု ဦးကိုကိုကြီး ပြော

အာဏာသိမ်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းသည် ရွေးကောက်ပွဲဝင်ပါတီများနှင့် စစ်အစိုးရအကြားနိုင်ငံရေး ကတိကဝတ်မရှိခြင်းကြောင့်ဟု

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကပြောသည်။

အခြားသောနိုင်ငံများတွင် ရွေးကောက်ပွဲပြုလုပ်ပြီးပါက အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးရသည်မှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်

သော်လည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖော်နိုင်ရေး ကြိုးစားရာ၌ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနှင့်

မဟာမိတ်အဖွဲ့အစည်းများ စုစည်းရေးကိစ္စ အပြင် အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကိစ္စများလည်း ရှိနေကြောင်း ဆိုသည်။

ထို့အပြင် ၄င်းက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဖြစ်စဉ်တွင် ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည် မဖော်နိုင်သည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်

ပြီး ၁၉၉ဝခုနှစ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို ထောက်ပြသည်။

“ ရွေးကောက်ပွဲ မတိုင်ခင်မှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေနဲ့ ရွေးကောက်ပွဲလုပ်ပေးတဲ့ စစ်အစိုးရနဲ့ ကြားထဲမှာ နိုင်ငံရေးကတိကဝတ် မ

ရှိဘူး။ နိုင်ငံရေးပဋိညာဉ် မရှိဘူး။ ရွေးကောက်ပွဲ ပြီးသွားရင် ဘယ်လိုဘယ်ပုံ ဆောင်ရွက်မယ်ဆိုတာ ညှိနှိုင်းထားတာမရှိတဲ့ အခါကျတော့

ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာထပ်ပြီး ကြိုးစားလို့ ညှိနှိုင်းလို့ မရဘူးဆိုရင် စစ်တပ်က အင်အားသုံးပြီး ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုတာ

တို့ သူ့လမ်းကြောင်း သူသွားတာတို့ ကြုံခဲ့ရတယ်” ဟု ဆိုသည်။

၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာပြီးနောက် မဲစာရင်းကိစ္စများနှင့် ပတ်သက်၍ တင်းမာမှုများ ရှိလာပြီး‌နောက် နိုင်ငံရေး

နည်းလမ်းအရ ဖြေရှင်းရန် ၄င်းအနေဖြင့် တိုက်တွန်းခဲ့သော်လည်း ဖြစ်မလာဘဲ အာဏာသိမ်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ အာဏာသိမ်းတဲ့ ကိစ္စဟာလည်း တစ်ဖက်ကလည်း စစ်တပ်အနေနဲ့ နိုင်ငံရေးအရ အရပ်ဘက်နိုင်ငံရေး အင်အားစုတွေနဲ့ မဖြေရှင်းနိုင်တဲ့

အခါမှာ သူက အာဏာသိမ်းတဲ့ နည်းလမ်းပေါ့။ အာဏာထိန်းတယ်ပေါ့ သူ့ဘက်ကပြောတာတော့၊ အဲဒီလိုနဲ့ အာဏာသိမ်းတဲ့အခြေအနေ

အထိရောက်လာတယ်။ ကျွန်တော်တို့ ရှောင်လွဲဖို့ အတတ်နိုင်ဆုံးမျော်လင့်ခဲ့တယ် ကြိုးစားခဲ့တယ်” ဟု ဆိုသည်။

ယင်းအတွက် ပထမဦးဆုံးမဲပေးခွင့်ရရှိခဲ့သည့် လူငယ်များ၏ ရလဒ်အပေါ်လျစ်လျူရှုသည့် ပုံစံဖြစ်ပေါ် ခဲ့သောကြောင့် နွေဦးတော်လှန်ရေး

တုန့်ပြန့်မှု တစ်ရပ် ဖြစ်ပေါ်လာခဲ့ခြင်း ဟုဆိုသည်။

ဝေဟင်စိုး

Zawgyi

အာဏာသိမ္းမႈ ျဖစ္စဥ္သည္ ေရြးေကာက္ပြဲဝင္ပါတီမ်ားႏွင့္ စစ္အစိုးရအၾကားနိုင္ငံေရး ကတိကဝတ္ မရွိျခင္းေၾကာင့္ဟု ဦးကိုကို

ႀကီး ေျပာ

အာဏာသိမ္းျဖစ္စဥ္ ေပၚေပါက္ခဲ့ျခင္းသည္ ေရြးေကာက္ပြဲဝင္ပါတီမ်ားႏွင့္ စစ္အစိုးရအၾကားနိုင္ငံေရး ကတိကဝတ္မရွိျခ

င္းေၾကာင့္ဟု ၈၈မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီး ကေျပာသည္။

အျခားေသာနိုင္ငံမ်ားတြင္ ေရြးေကာက္ပြဲျပဳလုပ္ၿပီးပါက အနိုင္ရပါတီကို အာဏာလႊဲေျပာင္းေပးရသည္မွာ ျဖစ္ရိုးျဖစ္စဥ္ တစ္

ခုျဖစ္ေသာ္လည္း ျမန္မာနိုင္ငံတြင္ ေရြးေကာက္ပြဲရလဒ္အေကာင္အထည္ေဖာ္နိုင္ေရး ႀကိဳးစားရာ၌ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေ

ရးႏွင့္ မဟာမိတ္အဖြဲ႕အစည္းမ်ား စုစည္းေရးကိစၥ အျပင္ အရပ္ဘက္စစ္ဘက္ ဆက္ဆံေရးကိစၥမ်ားလည္း ရွိေနေၾကာင္း ဆိုသည္။

ထို႔အျပင္ ၄င္းက ျမန္မာနိုင္ငံ၏ ေရြးေကာက္ပြဲျဖစ္စဥ္တြင္ ေရြးေကာက္ပြဲ ရလဒ္အား အေကာင္အထည္ မေဖာ္နိုင္သည္မွာ ႏွစ္ႀကိမ္ရွိၿပီ ျဖ

စ္ၿပီး ၁၉၉ဝခုႏွစ္ေရြးေကာက္ပြဲႏွင့္ ၂၀၂၀ ခုႏွစ္ေရြးေကာက္ပြဲကို ေထာက္ျပသည္။

“ ေရြးေကာက္ပြဲ မတိုင္ခင္မွာ ေရြးေကာက္ပြဲဝင္မယ့္ ပါတီေတြနဲ႔ ေရြးေကာက္ပြဲလုပ္ေပးတဲ့ စစ္အစိုးရနဲ႔ ၾကားထဲမွာ နိုင္ငံေရး

ကတိကဝတ္ မရွိဘူး။ နိုင္ငံေရးပဋိညာဥ္ မရွိဘူး။ ေရြးေကာက္ပြဲ ၿပီးသြားရင္ ဘယ္လိုဘယ္ပုံ ေဆာင္ရြက္မယ္ဆိုတာ ညႇိႏွိုင္းထားတာမရွိ

တဲ့ အခါက်ေတာ့ ေရြးေကာက္ပြဲၿပီးတဲ့ အခ်ိန္မွာထပ္ၿပီး ႀကိဳးစားလို႔ ညႇိႏွိုင္းလို႔ မရဘူးဆိုရင္ စစ္တပ္က အင္အားသုံးၿပီး ေရြးေကာ

က္ပြဲရလဒ္ကို လ်စ္လ်ဴရႈတာတို႔ သူ႔လမ္းေၾကာင္း သူသြားတာတို႔ ၾကဳံခဲ့ရတယ္” ဟု ဆိုသည္။

၂၀၂ဝျပည့္ႏွစ္ ေရြးေကာက္ပြဲရလဒ္ ထြက္ေပၚလာၿပီးေနာက္ မဲစာရင္းကိစၥမ်ားႏွင့္ ပတ္သက္၍ တင္းမာမႈမ်ား ရွိလာၿပီး‌ေ

နာက္ နိုင္ငံေရးနည္းလမ္းအရ ေျဖရွင္းရန္ ၄င္းအေနျဖင့္ တိုက္တြန္းခဲ့ေသာ္လည္း ျဖစ္မလာဘဲ အာဏာသိမ္းျဖစ္စဥ္ ေ

ပၚေပါက္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“ အာဏာသိမ္းတဲ့ ကိစၥဟာလည္း တစ္ဖက္ကလည္း စစ္တပ္အေနနဲ႔ နိုင္ငံေရးအရ အရပ္ဘက္နိုင္ငံေရး အင္အားစုေတြနဲ႔ မေျဖရွင္းနိုင္တဲ့အ

ခါမွာ သူက အာဏာသိမ္းတဲ့ နည္းလမ္းေပါ့။ အာဏာထိန္းတယ္ေပါ့ သူ႔ဘက္ကေျပာတာေတာ့၊ အဲဒီလိုနဲ႔ အာဏာသိမ္းတဲ့

အေျခအေနအထိေရာက္လာတယ္။ ကၽြန္ေတာ္တို႔ ေရွာင္လြဲဖို႔ အတတ္နိုင္ဆုံးေမ်ာ္လင့္ခဲ့တယ္ ႀကိဳးစားခဲ့တယ္” ဟု ဆိုသည္။

ယင္းအတြက္ ပထမဦးဆုံးမဲေပးခြင့္ရရွိခဲ့သည့္ လူငယ္မ်ား၏ ရလဒ္အေပၚလ်စ္လ်ဴရႈသည့္ ပုံစံျဖစ္ေပၚ ခဲ့ေသာေၾကာင့္ ေႏြ

ဦးေတာ္လွန္ေရး တုန႔္ျပန႔္မႈ တစ္ရပ္ ျဖစ္ေပၚလာခဲ့ျခင္း ဟုဆိုသည္။

ေဝဟင္စိုး