ၾကားသိသမွ်

ပြိုင်ဖက်မရှိသော စကားရည်လုပွဲသဖွယ် ပြောချင်ရာပြောနေသော ဇော်မင်းထွန်း ဆိုသူ၏ သတင်းလိမ်ရှင်းလင်းပွဲ….

အာဏာသိမ်း အဖွဲ့မှ နိုင်ငံခြား သံတမန်များကို မဲစာရင်း မသမာမှုများ ရှိသည် ဆိုကာ စာရွက်ထုတ်များ အထပ်လိုက် စီတန်းကာ ချပြထား

သော်လည်း ၎င်းတို့ စွပ်စွဲနေသူသည် ဦးအေးမောင် အဆင့်မဟုတ်၊ တကမ္ဘာလုံးက လေးစားရသည့်၊ သမ္မတ အိုဘားမားကပင် my hero ဟု

ထုတ်ဖေါ်ပြောဆိုရသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဆိုသည်ကို မေ့လျော့နေကြပုံရသည်။

၎င်းတို့အား တရားဝင် ရပ်တည်ခွင့် ရအောင် ကုလကိုယ်စားလှယ် ရွေးချယ်ပွဲ မတိုင်မီ ဂမူးရှူးထိုး ကြိုးပမ်းလာခဲ့သော်လည်း အုတ်နံရံကို

ခေါင်းနှင့်တိုက်ပြီး ဖြိုချရန် ကြံနေသည်နှင့် အတူတူသာ ဖြစ်သည်ကို လာကြည့်သူတိုင်း၏ စိတ်တွင် ထင်မြင်နေ ကြမည်မှာ မလွဲဧကန် ပင် ဖြစ်ပေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် အမေရိကန်ရှိ မီချီဂန် ပြည်နယ် ဗဟို တရားရုံးမှ ရွေးကောက်ပွဲ လိမ်လည် သည် ဆိုကာ အခြေအမြစ်မရှိသော

သက်သေ အထောက်အထားများ တင်သွင်းကာ တရားစီရင်ရေး စနစ်ကို အလွဲသုံးစား လုပ်မှု၊ လူထု အကြား ဒီမိုကရေစီ စနစ် အပေါ် အယုံ

အကြည် လွဲမှားအောင် ဖန်တီးမှု များ ဖြင့် ထရန့် ၏ရှေ့နေ ကိုးဦး အား တရားရုံး စရိတ်များ အကုန် ကျခံစေရန် နှင့် ရွေးကောက်ပွဲ ဥပဒေ

ဆိုင်ရာ သင်တန်းကို ခြောက်လတိတိ ပြန်လည် တက်ရောက်သင်ကြားရမည်ဟု စာမျက်နှာ ၁၁၀ ပါ စီရင်ချက် ကို ချမှတ်လိုက်သည်၊ ထို

အထဲတွင် ထရန့်၏ နာမည်ကျော် ရှေ့နေကြီး ဆစ်ဒနီ ပါဝဲလ် နှင့် လင်းဝုဒ် တို့လည်း ပါရှိသည်။

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ဗဟုသုတ နည်းပါးသူများ ဆိုသည်မှာ ထင်ရှားနေသဖြင့် ထရန့် သည် ထိုနည်းနှင့် ကြိမ်း‌ သေအာဏာ ပြန်

ရကာ ၎င်းတို့ အာဏာသိမ်းမှုကို စာနာမှု ရှိလာလိမ့်မည်ဟု တွက်ဆနေဟန် ရှိမရှိ ကိုတော့ ၎င်းတို့ အချင်းချင်းသာ သိပေလိမ့်မည်။

(၂)ဧရာဝတီ သတင်းတွင် တရုတ် အစိုးရမှ အာဏာသိမ်း အဖွဲ့အား ရှေ့လျောက် ထောက်ခံသွားရေးသည် NLD အား ရှင်သန်ခွင့် ပေးထားရ

မည်ဟူသော ကန့်သတ်ချက် နှင့် ဖြစ်ကြောင်း တရုတ်-မြန်မာ အရေး ကို လေ့လာစောင့်ကြည့်နေသူများ နှင့် NLD ရှိ နိုင်ငံရေး သမားများက

ပြောကြောင်း ဖေါ်ပြထားသည်။

မိုက်ရူးရဲ အာဏာသိမ်း အဖွဲ့ထက် အမျှော်အမြင် ရှိသည်ဟု ဆိုရမည် ဖြစ်သော်လည်း စိတ်ရင်းကောင်းနှင့်

တော့ မဟုတ်ဟု ဆိုရပေမည်၊ ၎င်းတို့ လုပ်ပေးမည့် ရွေးကောက်ပွဲတွင် NLD အား ဝင်ရောက်ယှဉ်ပြိုင်ရန် နားချခိုင်းပြီး စစ်ကောင်စီ ကို

တရားဝင်အရပ်သား အစိုးရ ဖြစ်အောင် ပံ့ပိုးပေးလို၍ ဖြစ်သည်။အာဏာသိမ်း အဖွဲ့သည် ရွေးချယ်တင်မြှောက်ခံNLD မှ ဗဟို

အလုပ်အမှုဆောင် ကော်မတီ ဝင် ၁၅ ဦး၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ် ၅ ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၉၈ ဦး အပါအဝင်

စုစုပေါင်း ၃၂၄ ဦး အား ထောင်သွင်းအကျဉ်းချထားပြီး ဖြစ်သည်။ကုလသမဂ္ဂ အပါအဝင် မြန်မာအရေး စောင့်ကြည့်နေသူများက NLD

သည် မကြာခင် ဖျက်သိမ်းခံရဖွယ် ရှိသည်ဟု ခန့်မှန်းထားကြပြီး ဖြစ်သော်လည်း ပြည်သူများ နှင့် တည်ထောင်ထားခြင်း ဖြစ်၍ ပြည်သူများ

ရှိနေသရွေ့ တည်တံ့နေမည်သာ ဖြစ်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံ မှ ပြောဆိုခဲ့ပြီး ဖြစ်သည်။ယခုအချိန်အထိ စစ်ကောင်စီသည် ပြည်

သူများအား အကြောက်တရား ဖြင့် ဓါး ဓါးခြင်း လှံလှံချင်းသာအုပ်ချုပ်သွားရန်သာ စိတ်ကူးနိုင်တော့ သည့် အခြေအနေ ရောက်နေ၍

အဖမ်းအဆီးများက လျော့ပါးသွားသည် ဟူ၍ မရှိ၊ အလိုရှိသူကို ရှာမတွေ့က အိမ်ရှိ မိသားစု ဝင်များကိုပင် ချမ်းသာမပေး ဖမ်းဆီးနေကြ

သည့် အဖြစ်က ရက်စက် ကြမ်းကြုပ်လှပါသည် ဆိုသော ဂျာမန် ဂက်စတာပို စစ်ပုလိပ်များပင် ၎င်းတို့ လူမျိုး များ အပေါ် ကျူးလွန်ခဲ့ကြ

ခြင်း မရှိသည်ကို Paul Roland ရေးသည့် Daily Life in Nazi Germany စာအုပ်တွင် တွေ့ရှိခဲ့ရသည်။

(၃)မကြာမီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး မှ ကုလ သမဂ္ဂ ၏ ကိုဗစ်

ကာကွယ်ဆေး ၆ သန်းသည် မိမိတို့ထံ ရောက်ရှိလာတော့မည် ဖြစ်၍ ပြည်တွင်းရှိ နိုင်ငံတကာ အဖွဲ့အစည်းများမှ တဆင့် ပြည်သူများအား

ထိုးနှံပေးသွားမည်ဟု ‌ဆိုသည်။ကုလ ၏ COVAX အစီအစဉ် ဖြင့် ရမည့် ဆေးရည် ၆ သန်း ထဲတွင် Pfizer ၄ သန်း နှင့် တရုတ် ၏ Sinovac

၂ သန်း ပါဝင်မည်ဟု သိရသည်။

သို့သော် NUG အဖို့ ၎င်းတို့ မှီတင်း နေထိုင်နေသည့် နယ်မြေများရှိ တိုင်းရင်းသား များကို ကျော်လွန်ပြီး နိုင်ငံ အတွင်း ထိုးနှံရန် စီစဉ်နေ

မှုသည် အခက်အခဲများ ရှိနေမည့် အပြင် မကျေနပ်မှုများလည်း ပေါ်ပေါက်လာစရာ ရှိနေသည်။‌အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ဇော်မင်း

ထွန်းမှ၎င်းတို့ ရန် ကြောက်၍ တဖက်နိုင်ငံသို့ ထွက်ပြေးသွားရသည့် ရိုဟင်ဂျာ များကိုလည်း တဦးမကျန် ကာကွယ်ဆေး ထိုးပေးသွားမည်၊

သူတို့ လည်း ကျွန်တော်တို့ ပြည်သူတွေပါ our people ဟု ဆိုလာပြန်သည်။

ဒါ့အပြင် CDM သူနာပြုဆရာ ကိုစည်သူလွင်ဟာ စကစတပ်

တွေက ကင်းမရွာကို မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ရွာသူရွာသားတွေကို ပရဟိတလာရောက် ဆေးကုသမှုတွေလုပ်

ပေးနေတာလို့ ရွာခံတွေကပြောပါတယ်။ဩဂုတ်လ၂ရက်နေ့မှာ မန္တလေးမြို့မှလှူလိုက်တဲ့ ဆေးပစ္စည်းများတွေကို ပေါက်ကားဂိတ်မှာ သွား

ထုတ်ချိန်မှာ စကစတပ်တွေက မေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားတယ်ဆိုပါတယ်။ယမန်နေ့ သတင်းစာရှင်းလင်းပွဲက ဗီဒီယိုမှာတော့

သူနာပြုဆရာ ကိုစည်သူလွင်ကို ကင်းမရွာ PDF လို့ဖေါ်ပြပြီး တလွဲ လိမ်လည်ထွက်ဆိုခိုင်းတာတွေ မြင်ခဲ့ရတာလို့ လုပ်ဖေါ်ကိုင်ဖက် ဆေး

ဝန်ထမ်းတချို့ကပြောပါတယ်။ဇော်မင်းထွန်း ၏ သတင်းစာ ရှင်းလင်းပွဲ များကား စကားရည်လုပွဲ တခု တွင် ပြိုင်ဖက် မရှိ ပြောချင်ရာ ပြော

နေသည် မျိုး နှင့် ဆင်တူနေပေသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ အနေနှင့်လည်း ပြောခွင့်ရ ပုဂ္ဂိုလ် တဦး သတ်သတ်မှတ်မှတ်

ထားရှိက ရှုပ်ထွေးမှု များ ဖြစ်မလာနိုင်၍ ပို၍ အဆင်ပြေဖွယ် ရှိမည် ထင်သည်။ယခုအခါ အာဏာသိမ်း တပ်များသည် ရန်သူ ပတ်လည် ဝိုင်း

လာသည်နှင့် အမျှ ကိုယ့်အရိပ်ကိုပင် ကိုယ် ပြန်လန့်လာနေရအောင် ခြိမ်းခြောက် ခံလာရသည့်အပြင် အချင်းချင်း ကြား ရှုပ်ထွေးမှုများ ဖြစ်

ပေါ် လာနေပြီး အားနည်းလာနေပြီ ဆိုသည့် လက္ခဏာများ ပြသလာနေသည်၊ ၎င်းတို့ အတွက် တခုတည်းသော မျှော်လင့်ချက်က တပ်ပျက်

မသွားအောင် ထိန်းထားနိူင်ရေးပင် ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai