ၾကားသိသမွ်
ယင်းမာပင် ခရိုင်အတွင်းမှာ PDF တန်ပြန်ထောက်လှန်းရေးအဖွဲ့က ဖမ်းထားတဲ့ စစ်ရာဇဝတ်ကောင်ဟာ ရဲမဟုတ်ဘဲ နေပြည်တော် စကခ ရုံးချုပ်မှဖြစ်နေ
ယင်းမာပင် ခရိုင်အတွင်းမှာ PDF တန်ပြန်ထောက်လှန်းရေးအဖွဲ့က ဖမ်းထားတဲ့ စစ်ရာဇဝတ်ကောင်ဟာ ရဲမဟုတ်ဘဲ နေပြည်တော် စကခ
ရုံးချုပ်မှလို့ စစ်ဆေးပေါ်ပေါက်
သြဂုတ် ၂၈ ရက်
သြဂုတ် ၂၅ ရက်က PDF တန်ပြန်ထောက်လှန်းရေးအဖွဲ့က စစ်ထောက်လှန်းရေး တဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဖမ်းဆီးခံရသူဟာ
အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ(စစ်ဆင်ရေး ကြီးကြပ်ကွဲရေး အဖွဲ့ချုပ်)က စေလွှတ်သူလို့ သိရှိရပါတယ်။ ဖမ်းဆီးခံရသူ စစ်ထောက်လှန်း
ရေးဟာ အစပိုင်းမှာ လိမ်လည်ထွက်ဆိုခဲ့သော်လည်း နောက်ပိုင်းမှာ အမှန်ကို ထွက်ဆိုပေးခဲ့ပါတယ်။
မေးမြန်းစစ်ဆေးချက်အရ စကခ ရုံးချုပ်မှ ၇ ဦး လွှတ်ထားရာ မုံရွာမှာ ၂ ဦး၊ ကနီမြို့နယ် မြစ်ဘေးမှာ ၂ ဦး၊ ယင်းမာပင်နယ်မှာ ၃ ဦးဖြစ်ပြီး ၁
ဦးပဲ ဖမ်းမိသေးတယ်လို့ pdf အဖွဲ့ဝင် တဦးက ပြောပါတယ်။
ဒေသခံပြည်သူလူထုအနေဖြင့် လူစိမ်းများကို အထူးသတိထားရန်နဲ့ မသင်္ကာစရာလူစိမ်းတွေ့ပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို
အကြောင်းကြားရန်လည်း pdf တာဝန်ရှိသူက ပြောပါတယ်။
ဖမ်းမိထားသူ စစ်ထောက်လှန်းရေးကိုတော့ သူ့ရဲ့ ပူးပေါင်း အမှန်ထွက်ဆိုပေးမှု နောက်ပြီး စကစ တပ်နဲ့ ပြန်လည် မပူးပေါင်းလိုတဲ့အတွက်
ကြောင့် လွတ်မြောက်နယ်မြေတနေရာသို့ ပို့ပေးထားတယ်လို့ သိရှိရပါတယ်။
Source : အလောင်းတော်ကဿပ နယ်မြေသတင်း
Zawgyi
သြဂုတ် ၂၈ ရက်