ချစ်ခင်လေးစားရတဲ့ မြန်မာပြည်သူလူထုများ ခင်ဗျာ…
နိုင်ငံရေးဆိုတာ လွယ်မယောင်နှင့်ခက်၊ ခက်မယောင်နှင့်လွယ် ။
တစ်ချို့အရာတွေက မြန်မယောင်နှင့်ကြာ ၊ ကြာမယောင်နှင့်မြန်တဲ့ဟာတွေလဲအများကြီးရှိနေပါတယ် ဒါကိုနားလည်တဲ့
သူတွေလဲနားလည်ပါလိမ့်မယ်။ နိုင်ငံရေးဆိုတာ နားလည်ရခက်တဲ့အချိန်တွေလည် အများကြီးရှိပါတယ်။
အခုကျွန်တော်တို့ ပြည်သူ့အစိုးရ NUG သွားနေတဲ့ လမ်းကြောင်းသည်။ လမ်းကြောင်းနှစ်ခုနှင့် သွားနေပါတယ်။
တစ်ခုက နိုင်ငံရေးကိုနိုင်ငံရေးအတိုင်သွားမယ် လုပ်မယ်ဆိုတာမျိုးပေါ့ တစ်ဖက်နဲ့ ပြောမယ်ဆိုရင် သံတမန်နည်းလမ်းပေါ့
နောက်တစ်ခုက စစ်ရေးပေါ့ သံတမန်နည်းနှင့် ရတဲ့အတိုင်းအတာထိလုပ်မယ် စစ်ရေးနှင့် ရတဲ့အတိုင်းအတာထိလုပ်မယ်ဆိုတာမျိုးေ
ပါ့ အခုမြန်မာပြည်အခြေနေက နှစ်မျိုးစလုံးကို လိုအိပ်နေတယ်။
ဒါဟာအသေချာဆုံး လမ်းကြောင်းဖြစ်တယ်ဆိုတာ ပြည်သူလူထုကို သိစေချင်ပါတယ်။
အခု PDFနှင့် တိုင်းရင်းသားအားလုံးအတူတကွ လက်တဲပီးတော့
ပြည်နယ်တစ်ခုပြီးတစ်ခု တိုင်းတစ်ခုပြီးတစ်ခု မသိမ်းယူနိုင်ဘူးလို့ ဘယ်သူကပြောလို့ရမှာလဲ…
ဒါကြောင့် မြန်မာပြည်သူလူထု အနေနှင့် စိတ်ဓာတ်ကျစရာမလိုဘူး မျော်လင့်ချက်တွေ အမြင့်ဆုံးမှာထားကြပါလို့ မှာကြားလိုပါတ
ယ်။အခု စစ်အကြမ်းဖက်အဖွဲ့ ပြောခွင့်ရ ဇော်မင်းထွန်းက သူတို့ သတင်းစားရှင်လင်းပွဲမှာ သူတို့ အာဏာကို ရေရှည်ယူထားမှာ
မဟုတ်ဘူး။ ပြီးတော့ ၃နှစ်ပြည့်သွားရင် ရွေးကောက်ပွဲပြန်လုပ်ပေးမယ်လို့ပြောတယ် တကယ် ရီစရာ ဟာသလိုဖြစ်နေတယ်။
သူတို့ကို ဘယ်သူက တိုင်းပြည်အာဏာကို ၃နှစ်အုပ်ချုပ်ခွင့်ပေးလို့လဲ…နောက်တစ်ခုက ဘယ်သူက ရွေးကောက်ပွဲကို ပြန်လုပ်ခိုင်းလို့လဲ…
အကြမ်းဖက်စစ်အုပ်စုရဲ့ လူအနည်းစုတော့ရှိမှာပေါ့ ပြည်သူလူထုတော့မပါဘူး။
ဒါကသူတို့ရဲ့ ကလေးကလား သူတို့ရဲ့ နိုင်ငံရေးကစားကွက်လို့ထင်ပါတယ်။ သူတို့အထင်က အဲလို တိုင်ပြည်အာဏာကို ရေရှည်ယူထားမှာ
မဟုတ်ဘူးဆိုရင် ပြည်သူတွေငြိမ်သွားမလားဆိုတဲ့ မျော်လင့်ချက်နှင့် ပြောတာပါ။ ပြည်သူတွေငြိမ်သွားပြီးတော့ ၃နှစ်တိုင်ပြည်
အာဏာသိမ်းမယ်။သူတို့ စိတ်ကြိုက် ရွေးကောက်ပွဲတော့လုပ်ပေးမယ်။ သူတို့နှင့် အပေါင်းအပါ ပါတီကို မနိုင်နိုင်အောင်လုပ်မ
ယ်ပေါ့ နည်းလမ်းမျိုးစုံကို အသုံးပြုပြီးတော့ သေနတ်ထောက်မဲပေးခိုင်းဖို့ ကြံစည်နေတာပါ။ ဒါက ရှင်းရှင်းလေးပါပဲ။
ကျွန်တော်တောင် ပြောပြဖို့မလိုပါဘူး။မြန်မာပြည်သူတွေက သူတို့ ထင်သလိုမ’အ’တော့ပါဘူး။
ပြည်သူလူထုက သူတို့ အကြံစည်း အားလုံးကို သိပြီးသားပါ။ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်အားလုံးကိုတော့ ပြောပြလို့မ
ရပါဘူး။ သေချာတာ တစ်ခုကတော့ စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စုသည် သူတို့ပြောတဲ့ ၃နှစ်ကို ဘယ်တော့မှ မရောက်စေရ
ဘူး။မြန်မာပြည်သူလူထုအားလုံးကို ကတိပြုပါတယ်။ဒီမိုကရေစီ တိုက်ပွဲ အောင်
တော့မည်။တရားမျှတမူသည် နိုင်ကိုနိုင်ရမည်။
လွတ်လပ်မူသည် မြန်မာပြည်မှာ ပြည့်နှက်ရမည်။
မြန်မာပြည်နှင့် မြန်မာနိုင်ငံသူနှင့် မြန်မာနိုင်သား အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။
Dr.ဆာဆာ