ၾကားသိသမွ်

“အကြမ်းဖက် စစ်ကောင်စီရဲ့ ကိုယ်ပျောက် တပ်သားများ”

“အကြမ်းဖက် စစ်ကောင်စီရဲ့ ကိုယ်ပျောက် တပ်သားများ”

အကြမ်းဖက် စစ်ကောင်စီမှာ ကိုယ်ပျောက်တပ်သားတွေ ရှိပါတယ်။ တပ်ရင်းတခုရဲ့ ဖွဲ့စည်းပုံအရ –

1.အရာရွိ (၃၁)ဦး၊

2.အခြားအဆင့် (၈၂၆)ဦး

စုစုပေါင်း (၈၅၇) ဦး ဖြင့်ဖွဲ့စည်းထားပါတယ်။

တပ်ရင်းတိုင်းမှာ လက်ရှိတင်ပြထားသော အင်အားထက် (၃၀) ဦး၊ (၄၀) ဦးလောက် ပျောက်နေတတ်ပါတယ်၊ အဲ့ထက်လည်းပိုကောင်းပိုနိုင်

ပါတယ်။ အကြောင်းအရင်းကတော့ အောက်က အဘလေးတွေ အဘကြီးတွေကို ထည့်တဲ့ ဂျင်းပဲဖြစ်ပါတယ်။ ရင်းမှူး တွေက အဲ့ဒီ စာရင်းရှိ

လူပျောက် တပ်သားတွေရဲ့ လစာကို ထုတ်စားနေကြတာပါ။ ရင်းမှူး အဆက်ဆက် အဲ့ဒီ စာရင်းတွေကို လွှဲပြောင်းလက်ခံသွားလေ့ ရှိကြပါ

တယ်။ငွေပမာဏ အနဲအများပေါ်မူတည်ပြီး နောက်ဆက်ခံမဲ့ တပ်ရင်းမှူးက လွဲပြောင်းပေးမဲ့ တပ်ရင်းမှူးဟောင်းကို ပိုက်ဆံပေးရတာတွေ

လည်းရှိပါတယ်။ ဖြစ်ပေါ်လာပုံကတော့ ကြာပြီလို့ ဆိုရပါမယ်၊ ကျဆုံးစာရင်း မသွင်းတဲ့ တပ်သားစာရင်းတွေ၊ အပိုတင်ပြထားတဲ့ တပ်သား

စာရင်းတွေကနေစခဲ့တာလို့ ယူဆရပါတယ်။ ယခုလိုတိုက်ပွဲတွေဖြစ်တော့ ရှေ့တန်းကိုစစ်မျက်နှာပြင်ကို တပ်ဖြန့်တဲ့ အချိန်မှာ

တကယ်တမ်းရှိနေရမဲ့ အင်အားထက် လျော့နည်းနေပါတယ်။

အင်အားမလုံလောက်မှုတွေကို အထက်က သိမှာ ကြောက်တဲ့အတွက် တချို့က တပ်သားအသစ်တွေ အတင်းစုဆောင်းကြပြီး လစ်လပ်နေ

တဲ့ အင်အားတွေနေရာမှာ အစားထိုးကြပါတယ်။ တပ်သားသစ် ရှားပါးလာတော့ တပ်သားသစ်ပေါက်ဈေး တစ်ယောက် ၂၅ သိန်း အထိ

ဖြစ်လာပါတယ်။ တချို့ မတက်နိုင်တဲ့ ရင်းမှူးတွေကြတော့ EAOs တွေထည့်သုံးကြပါတယ်။ တချို့ ကြတော့ တိုက်ပွဲဖြစ်တဲ့ အခါ

အသေအပျောက်စာရင်းတွေ ပိုထည့်ပြီး စာရင်းဖျောက်ကြပါတယ်။ ဒါကြောင့် တပ်က တိုက်ပွဲတခါဖြစ်ရင် ကျဆုံးစာရင်း (၅၀) ကျော် (၆၀)

ကျော်တွေ ဖြစ်နေတာပါ။ မအလ က တပ်အင်အား (၄) သိန်းကျော် ရှိတယ်လို့ ဆိုပေမယ့် တကယ်တမ်းမြေပြင် အခြေအနေမှာ အဲ့လောက်

ပမာဏ မရှိပါဘူး။လက်တွေ့ခန့်မှန်းခြေ အရ-

ခမရ/ခလရတပ်ရင်းပေါင်း (၅၂၂) ရင်းရှိပါတယ်။ လေတပ်၊ ရေတပ် တိုင်းနဲ့တပ်မလက်အောက်ခံခြေလျင်ခြေမြန်တပ်ရင်းတွေလက်ရုံးတပ်

တွေဖြစ်တဲ့ဆေးတပ် ထောက်ပို့တပ်အင်ဂျင်နီယာတပ် အမြောက်တပ် သံချပ်ကာယန္တရားတပ် ဆက်သွယ်ရေးတပ် လေကြောင်းရန်

ကာကွယ်ရေးတပ်စသည့်တပ်များ ထပ်မံစုပေါင်းလိုက်ပါကတပ်ရင်းပေါင်း(၇၃၀)ကျော်ရှိပါတယ်။တပ်ရင်းတခုမှာ ယခုမြေပြင်

အနေအထား အရ အရာရှိစစ်သည် အပါအဝင် စစ်သည်အင်အား (၅၃၀) ခန့်သာ ရှိပါတယ်။ တချို့တပ်တွေဆို အဲ့ဒီလောက်ပင် မရှိတော့ပါ။

တကယ်တမ်း တိုက်ပွဲဝင်နိုင်သည့် စစ်သည်ဦးရေမှာ တပ်ရင်းတစ်ရင်း လျှင် ပျှမ်းမျှ (၃၀၀) ခန့်သာရှိပါတယ်။ တိုက်ပွဲဝင်နိုင်သည့်တပ်ရင်း

ပေါင်း (၅၁၈) ခုခန့် ရှိတယ်။ စုစုပေါင်း တိုက်ပွဲဝင်နိုင်သည့် အင်အားမှာ- (၃၀၀ × ၅၁၈ = ၁၅၅၄၀၀) ဦးရေ ခန့်သာရှိပါတော့သည်။

(ယခုလက်ရှိ ကျဆုံး စာရင်းနဲ့ CDM ဦးရေ မပါဝင်ပါ)

သို့ဖြစ်ပါ၍ မအလ ပြောသည့် စစ်သည်အင်အား (၄) သိန်း ကျော်တွင် ယခု (၁) သိန်းခွဲ ကျော်နုတ်လိုက်ပါက ကျန်သော စစ်သည်အင်အား

(၃) သိန်းသည် ကိုယ်ပျောက်စစ်သည်များ ဖြစ်ပါသည်။

* အရေးတော်ပုံ အောင်ရမည်! !!!
crd

“အၾကမ္းဖက္ စစ္ေကာင္စီရဲ့ ကိုယ္ေပ်ာက္ တပ္သားမ်ား”

အၾကမ္းဖက္ စစ္ေကာင္စီမွာ ကိုယ္ေပ်ာက္တပ္သားေတြ ရွိပါတယ္။ တပ္ရင္းတခုရဲ့ ဖြဲ႕စည္းပုံအရ –

1.အရာရြိ (၃၁)ဦး၊2.အျခားအဆင့္ (၈၂၆)ဦးစုစုေပါင္း (၈၅၇) ဦး ျဖင့္ဖြဲ႕စည္းထားပါတယ္။

တပ္ရင္းတိုင္းမွာ လက္ရွိတင္ျပထားေသာ အင္အားထက္ (၃၀) ဦး၊ (၄၀) ဦးေလာက္ ေပ်ာက္ေနတတ္ပါတယ္၊ အဲ့ထက္လည္းပိုေကာင္းပိုနိုင္ပါတယ္။ အေၾကာင္းအရင္းကေတာ့ ေအာက္က အဘေလးေတြ အဘႀကီးေတြကို ထည့္တဲ့ ဂ်င္းပဲျဖစ္ပါတယ္။

ရင္းမႉး ေတြက အဲ့ဒီ စာရင္းရွိလူေပ်ာက္ တပ္သားေတြရဲ့ လစာကို ထုတ္စားေနၾကတာပါ။ ရင္းမႉး အဆက္ဆက္ အဲ့ဒီ စာရင္းေတြကို လႊဲေျပာင္းလက္ခံသြားေလ့ ရွိၾကပါတယ္။

ေငြပမာဏ အနဲအမ်ားေပၚမူတည္ၿပီး ေနာက္ဆက္ခံမဲ့ တပ္ရင္းမႉးက လြဲေျပာင္းေပးမဲ့ တပ္ရင္းမႉးေဟာင္းကို ပိုက္ဆံေပးရတာေတြလည္းရွိပါတယ္။ ျဖစ္ေပၚလာပုံကေတာ့ ၾကာၿပီလို႔ ဆိုရပါမယ္၊ က်ဆုံးစာရင္း မသြင္းတဲ့ တပ္သားစာရင္းေတြ၊ အပို

တင္ျပထားတဲ့ တပ္သား စာရင္းေတြကေနစခဲ့တာလို႔ ယူဆရပါတယ္။ ယခုလိုတိုက္ပြဲေတြျဖစ္ေတာ့ ေရွ႕တန္းကိုစစ္မ်က္ႏွာျပင္ကို တပ္ျဖန႔္တဲ့ အခ်ိန္မွာ တကယ္တမ္းရွိေနရမဲ့ အင္အားထက္ ေလ်ာ့နည္းေနပါတယ္။

အင္အားမလုံေလာက္မႈေတြကို အထက္က သိမွာ ေၾကာက္တဲ့အတြက္ တခ်ိဳ႕က တပ္သားအသစ္ေတြ အတင္းစုေဆာင္းၾကၿပီး လစ္လပ္ေနတဲ့ အင္အားေတြေနရာမွာ အစားထိုးၾကပါတယ္။ တပ္သားသစ္ ရွားပါးလာေတာ့ တပ္သားသစ္ေပါက္ေဈး တစ္ေယာက္ ၂၅ သိန္း အထိ ျဖစ္လာပါတယ္။

တခ်ိဳ႕ မတက္နိုင္တဲ့ ရင္းမႉးေတြၾကေတာ့ EAOs ေတြထည့္သုံးၾကပါတယ္။ တခ်ိဳ႕ ၾကေတာ့ တိုက္ပြဲျဖစ္တဲ့ အခါ အေသအေပ်ာက္စာရင္းေတြ ပိုထည့္ၿပီး စာရင္းေဖ်ာက္ၾကပါတယ္။

ဒါေၾကာင့္ တပ္က တိုက္ပြဲတခါျဖစ္ရင္ က်ဆုံးစာရင္း (၅၀) ေက်ာ္ (၆၀) ေက်ာ္ေတြ ျဖစ္ေနတာပါ။ မအလ က တပ္အင္အား (၄) သိန္းေက်ာ္ ရွိတယ္လို႔ ဆိုေပမယ့္ တကယ္တမ္းေျမျပင္ အေျခအေနမွာ အဲ့ေလာက္ပမာဏ မရွိပါဘူး။

လက္ေတြ႕ခန႔္မွန္းေၿခ အရ-
ခမရ/ခလရတပ္ရင္းေပါင္း (၅၂၂) ရင္းရွိပါတယ္။ ေလတပ္၊ ေရတပ္ တိုင္းနဲ႔တပ္မလက္ေအာက္ခံေျခလ်င္ေျချမန္တပ္ရင္းေတြလက္႐ုံးတပ္ေတြျဖစ္တဲ့ေဆးတပ္ ေထာက္ပို႔တပ္အင္ဂ်င္နီယာတပ္ အေျမာက္တပ္ သံခ်ပ္ကာယႏၲရားတပ္ ဆက္သြယ္ေရးတပ္ ေလေၾကာင္းရန္ကာကြယ္ေရးတပ္စသည့္တပ္မ်ား ထပ္မံစုေပါင္းလိုက္ပါကတပ္ရင္းေပါင္း(၇၃၀)ေက်ာ္ရွိပါတယ္။

တပ္ရင္းတခုမွာ ယခုေျမျပင္ အေနအထား အရ အရာရွိစစ္သည္ အပါအဝင္ စစ္သည္အင္အား (၅၃၀) ခန႔္သာ ရွိပါတယ္။ တခ်ိဳ႕တပ္ေတြဆို အဲ့ဒီေလာက္ပင္ မရွိေတာ့ပါ။

တကယ္တမ္း တိုက္ပြဲဝင္နိုင္သည့္ စစ္သည္ဦးေရမွာ တပ္ရင္းတစ္ရင္း လၽွင္ ပၽွမ္းမၽွ (၃၀၀) ခန႔္သာရွိပါတယ္။ တိုက္ပြဲဝင္နိုင္သည့္တပ္ရင္းေပါင္း (၅၁၈) ခုခန႔္ ရွိတယ္။

စုစုေပါင္း တိုက္ပြဲဝင္နိုင္သည့္ အင္အားမွာ- (၃၀၀ × ၅၁၈ = ၁၅၅၄၀၀) ဦးေရ ခန႔္သာရွိပါေတာ့သည္။
(ယခုလက္ရွိ က်ဆုံး စာရင္းနဲ႔ CDM ဦးေရ မပါဝင္ပါ)

သို႔ျဖစ္ပါ၍ မအလ ေျပာသည့္ စစ္သည္အင္အား (၄) သိန္း ေက်ာ္တြင္ ယခု (၁) သိန္းခြဲ ေက်ာ္ႏုတ္လိုက္ပါက က်န္ေသာ စစ္သည္အင္အား (၃) သိန္းသည္ ကိုယ္ေပ်ာက္စစ္သည္မ်ား ျဖစ္ပါသည္။

* အေရးေတာ္ပုံ ေအာင္ရမည္! !!!

crd