အုပ်ချုပ်၍ မရပါက အာဏာလွှဲပေးရန် ဦးဌေးအောင် တောင်းဆို
၎င်းကို နိုင်ငံတော်အာဏာ လွှဲမပေးပါက ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အပါအဝင် မဘသနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ အမှည့်ခြွေ ခြွေခံ
တော့ရမည်ဖြစ်ကြောင်း ဦးဌေးအောင်က ယနေ့ ထုတ်ဖော်ပြောကြားလိုက်သည်။
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းပြီးနောက် ရဟန်းရှင်လူပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ၊ ဒေသခံများနှင့်
တိုင်းရင်းသား၏ ခုခံတော်လှန်မှုများ၊ အုပ်ချုပ်ရေးမှူးများ နေ့စဉ်သတ်ဖြတ်ခံနေရခြင်းကိုထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ၎င်းကို အမြန်
ဆုံးအာဏာလွှဲပေးရန် ဦးဌေးအောင်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
၎င်းကို အာဏာလွှဲပေးပါက ဝန်ကြီးအဖွဲ့ကို မဘသအဖွဲ့များ၊ ပြည်ခိုင်ဖြိုးအမာခံခေါင်းဆောင်များနှင့် ပြည်လည်ဖွဲ့စည်းသွားမည်
ဖြစ်ကြောင်း ၎င်း၏ နေအိမ်၌ ပြည်တွင်းပြည်ပသတင်းမီဒီယာများကို ဖိတ်ကြား၍ ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အရေးပေါ်ကာလ တစ်နှစ်မပြည့်ခင်ပင် တိုင်းပြည်ကို နိုင်အောင်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း၊ ၎င်းပိုင်ဆိုင်သည့် လုပ်ငန်း
ကြီးကို ရန်ကုန်စတော့အိတ်ချိန်းတွင် လေလံတင်ရောင်းချ၍ အာဏာသိမ်းပြီးနောက်ပိုင်း ကျဆုံးစစ်သည်များနှင့် အုပ်ကြီးများ၏ မိသားစု
ဝင်များကို နစ်နာကြေး ကျပ်သိန်းရာချီပေးသွားမည်ဟုလည်း ဦးဌေးအောင်က ဆိုသည်။
“အာဏာမလွှဲပေးရင် ဘာဖြစ်မလဲ၊ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ကျွန်တော်တို့အကုန်လုံး အမှည့်ခြွေသလို ခြွေခံရတော့မယ်။ ကျွန်တော့
အပိုင် ဂန့်ဂေါမှာပဲ ကျွန်တော့်လူတွေကို ငါးလောင်ပြိုင် သတ်ဖြတ်ခံလိုက်ရတယ်။ တပ်လည်းမလာ၊ ရဲလည်းမလာဘူး။ အလောင်းတောင်
၂၄ နာရီအတွင်း လာမကောက်နိုင်ဘူးဗျာ” ဟု ၎င်းကပြောသည်။
“အုပ်ကြီးတွေကို ဗိုလ်ချုပ်မှူးကြီးသားသမီးတွေအတွက် လုံခြုံရေးပေးထားတဲ့ တပ်ခွဲလောက်နဲ့ကို ကာကွယ်ပေးမှရတော့မယ်။ တပ်ထဲမှာ
လည်း မိုတီဗေးရှင်း တအားကျနေပြီဗျ” ဟုလည်းဦးဌေးအောင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်ရည်ကိုယ်သွေးညံ့သည်ကို သိသောကြောင့် တပ်မတော်ခေါင်းဆောင်အဖြစ်ဗိုလ်ချုပ်မှူးကြီးဟောင်း
သန်းရွှေက နေရာပေးခဲ့ခြင်းသာဖြစ်ကြောင်း၊ ထိုသို့ အုပ်ချုပ်ရေး၊ စစ်ရေး ညံ့ဖျင်းသောကြောင့်သာ အာဏာသိမ်းပြီး ရက်ပေါင်း ကြာလာ
သော်လည်း တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးကြောင်း ဦးဌေးအောင်က ထောက်ပြသည်။
“CNN သတင်းထောက်မပြန်ခင်မှာ တပ်မတော်ဦးပိုင်ကပိုင်တဲ့ ပန်းဆိုးတန်းက Ruby Mart ဆိုင်နဲ့ မရမ်းကုန်းကဂန္ဓမာကုန်စုံဆိုင်ကြီးကို
တပ်မတော်ကပဲ မီးရှို့ပြတယ်။ ဂျန်နရေးရှင်းဇီတွေ လုပ်တာဆိုပြီး နိုင်ငံတကာကို ပြချင်လို့လုပ်တာလေ။ ဒါပေမယ့် ဘယ်ကောင်ယုံမလဲ
ဗျာ။ ပိန်းတာပေါ့” ဟု ၎င်းက ဆိုသည်။
“မီးလောင်တာက တပ်မတော်သားတွေနဲ့ ကျုပ်တို့ကလွဲပြီး တစ်ခြားသူ အပြင်မထွက်ရ ကာဖျူးထုတ်ထားတဲ့အချိန်၊ မီးလောင်ပြီးတော့လဲ
ဘယ်သူလုပ်သွားပါတယ်ဆိုပြီး အနည်းဆုံးတော့ ဟန်ဆောင်ပန်ဆောင် စွပ်စွဲပြီးသတင်းထုတ်ပြန်ပေါ့ဗျာ။ ရဲနှစ်ယောက်သုံးယောက်ကိုပဲ
တရားခံဆိုပြီး ဟန်ဆောင်သတင်းထုတ်ပြန်လိုက်ပေါ့ဗျာ။အခုကတော့ လုပ်သာလိုက်တာ ဘာမှပိပိရိရိ မရှိဘူး။ နောက်ပြီး အရေးပေါ်
ကာလ ပြီးတာနဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာသိမ်းခါစက ပြောတယ်။
ခု အာဆီယံအဖွဲ့နဲ့တွေ့တော့ တည်ငြိမ်မှ ရွေးကောက်ပွဲလုပ်မယ်ဖြစ်ပြန်ရော၊ လူတွေအကုန်လုံးက အခုခင်းထားတဲ့လမ်းကို မယုံဘူးဖြစ်နေ
တယ်။ လူတွေမယုံတာကို ယုံသွားအောင် ကျွန်တော်လုပ်နိုင်တယ်ဗျာ” ဟုလည်း ဦးဌေးအောင်က ညည်းတွားပြောဆိုသည်။
၎င်းအာဏာရရှိလာပါက NLD ပါတီဝင်များကိုသာမက NLD ထောက်ခံသူများကိုပါ အထူးရှင်းလင်းသုတ်သင်ရေးလုပ်ငန်းများ လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း၊ အမိန့်ညွှန်ကြားချက်များကို မဖော်ဆောင်နိုင်သော စစ်တပ်နှင့် ရဲအရာရှိများကိုလည်း ပြင်းပြင်းထန်ထန်
ရက်ရက်စက်စက် အပြစ်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
“ဗိုလ်ချုပ်မှူးကြီး မအလ လွှတ်ပေးလိုက်လို့သာ ကျွန်တော် မကြာခင်က ထောင်ထဲက ထွက်လာတာပါ။ ဒါပေမယ့်ကျွန်တော် နိုင်ငံတော်
ပုန်ကန်မှုနဲ့ တရားစွဲခံရတာ သူခိုင်းလို့ လုပ်ပေးရင်းနဲ့ စွဲခံရတာလေဗျာ။ နောက်ပြီး သူဘယ်လိုစွမ်းဆောင်တယ်၊ ကျနော်ဘယ်လိုတွေ စွမ်း
ဆောင်ခဲ့တယ်ဆိုတာ သူသိပါတယ်“။
“အခု ကျွန်တော့်ကိုသာ အာဏာမလွှဲပေးရင် ပျက်နေပြီဖြစ်တဲ့ ဒီတပ်မတော်ကြီးကို သူဘယ်လိုမှ ထိန်းလို့ရမှာမဟုတ်တော့ဘူး။ မြဝတီမ
ကြည့်မနေရနဲ့ တပ်ထဲမှာ အတင်းအကျပ်လုပ်ထားလည်း မရဘူးဗျ၊ နည်းနည်း စမတ်ဖြစ်ဖို့လိုတယ်။ ခုချိန်မှာ အားလုံးစိတ်ပိုင်းဆိုင်ရာခြွတ်
ခြုံကျနေပြီဗျ” ဟု လည်း ဦးဌေးအောင်က ထပ်မံဖြည့်စွက်ပြောကြားသည်။
ဦးဌေးအောင်၏ ပြောကြားချက်များနှင့် ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား မေးမြန်းရာ “ဒီပြော
ကြားချက်တွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလို့ပဲ ပြောချင်တယ်။ အုပ်ချုပ်ရေးပိုင်းတွေ သတ်ခံရတာ၊ တပ်မတော်သားတွေ၊ ရဲ
တွေကျဆုံးတယ်ဆိုတာလည်း နိုင်ငံရေးအပြောင်းအလဲ သမိုင်းအပြောင်းအလဲတွေမှာ ယူးချဲ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။ တအားကြီး နက်ဂေး
တစ်ဖြစ်လို့မရဘူး။“
“ကျွန်တော်တို့ ဗုဒ္ဓဘာသာအရ ကြည့်ရင်လည်း အနိစ္စသဘောပေါ့ဗျာ။ နိုင်ငံတော်အေးချမ်းလား မအေးချမ်းလားဆိုတာ အခု ခင်ဗျားတို့
ရောက်နေတဲ့ ဒီလို နိုင်ငံရဲ့အချက်အခြာကျတဲ့ နေပြည်တော်လိုမြို့ကြီးမှာ အားလုံးပုံမှန်သွားလာပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာပဲ။ ဒါကို
ကြည့်ရင် အဖြေပေါ်ပြီးသားလို့ ထင်ပါတယ်။ ဒီလောက်ပဲခြုံငုံပြောချင်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဦးဌေးအောင်၏ ပြောကြားချက်များသည် ဥပဒေနှင့်မညီညွတ်ပါက ၎င်းအား တရားစွဲဆိုရန် အစီအစဉ်ရှိမရှိ ထပ်မံမေးမြန်းရာ “တရားစွဲမယ်
လို့လည်း ကျွန်တော်မဆိုလိုဘူး၊ တရားမစွဲဘူးလို့လည်း မဆိုလိုပါဘူး။ နစကအနေနဲ့ဥပဒေကို ဥပဒေအတိုင်းပဲ….ဒီလောက်ပဲပြောချင်ပါ
တယ်” ဟု တုံ့ပြန်သည်
Crd