ၾကားသိသမွ်

ကဘူးလေဆိပ်တိုက်ခိုက်ခံရမှုကြောင့် အမေရီကန်စစ်သား(၁၃)ဦးအပါအဝင် လူပေါင်း(၇၀)ထက်မနည်းသေဆုံး

ကဘူးလေဆိပ်တိုက်ခိုက်ခံရမှုကြောင့် အမေရီကန်စစ်သား(၁၃)ဦးအပါအဝင် လူပေါင်း(၇၀)ထက်မနည်းသေဆုံး

လူပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ကဘူးလေဆိပ် တိုက်ခိုက်မှုကြီးကို သူတို့လုပ်တာပါလို့ ISISတွေက

ဝန်ခံလိုက်တယ်။ ဒါဟာ သမ္မတထရမ့်လက်ထက် အီရက်မှာရှိတဲ့ ဌာနချုပ်ကို ချေမှုန်းလိုက်ပြီးကတည်း

အတော်လေး ငြိမ်ကျသွားတဲ့ ISတွေ အခုတကျော့ပြန်ပေါ်လာတာလို့လည်း ဆိုနိုင်တယ်။

ပေါ်မယ့်ပေါ်လာတော့လည်း အကြီးကြီးကိုင်ထည့်လိုက်တာမို့ အတော်လေးတုန်လှုပ်စရာပါ။

နောက်ဆုံး တာလီဘန်တွေကတောင် ပြန်ရှုံ့ချရတယ်ဆိုတော့ အတော်ကလေး ရက်စက်တဲ့ပုံဘဲ။

ISISဆိုတဲ့နောက်မှာ Kဆိုတဲ့ စကားလုံးလေးက အတော်ထူးဆန်းတယ်။ ဘယ်အရာကို ကိုယ်စားပြုတယ်လို့

သေချာမနိုင်ပေမယ့် ကဘူးမြို့မှာ လုပ်တဲ့တိုက်ခိုက်မှုဆိုတော့ ကဘူးအခြေစိုက် အိုင်အက်စ်တွေလို့

အကြမ်းဖျဉ်းယူဆရတယ်။တိုက်ခိုက်မှုကြောင့် အမေရီကန်စစ်သား၁၃ဦးအပါအဝင် လူပေါင်းရဝထက်မနည်း

သေဆုံးခဲ့ရတယ်။ သမ္မတဂျိုးဘိုင်ဒန်အတွက် ပြင်းထန်တဲ့ ဖိအားတွေ ပြည်တွင်းကရော ပြည်ပမဟာမိတ်တွေဆီကပါ

ရောက်လာတော့မှာဖြစ်သလို အာဖဂန်မှာလည်း သွေးချောင်းစီးမှုအသစ်တွေ ထပ်ဖြစ်လာဘို့ ရှိတယ်လို့ဘဲ

ဆိုရတော့မယ်ထင်ပါတယ်။
Crd..Lamin Mg

Zawgyi

ကဘူးေလဆိပ္တိုက္ခိုက္ခံရမႈေၾကာင့္ အေမရီကန္စစ္သား(၁၃)ဦးအပါအဝင္ လူေပါင္း(၇၀)ထက္မနည္းေသဆုံး

လူေပါင္းမ်ားစြာ ေသဆုံးေစခဲ့တဲ့ ကဘူးေလဆိပ္ တိုက္ခိုက္မႈႀကီးကို သူတို႔လုပ္တာပါလို႔ ISISေတြက ဝန္ခံလိုက္တယ္။ ဒါဟာ သမၼ

တထရမ့္လက္ထက္ အီရက္မွာရွိတဲ့ ဌာနခ်ဳပ္ကို ေခ်မႈန္းလိုက္ၿပီးကတည္း အေတာ္ေလး ၿငိမ္က်သြားတဲ့ ISေတြ အခုတေက်ာ့ျပန္ေပၚ

လာတာလို႔လည္း ဆိုနိုင္တယ္။ေပၚမယ့္ေပၚလာေတာ့လည္း အႀကီးႀကီးကိုင္ထည့္လိုက္တာမို႔ အေတာ္ေလးတုန္လႈပ္စရာပါ။ ေနာ

က္ဆုံး တာလီဘန္ေတြကေတာင္ ျပန္ရႈံ႔ခ်ရတယ္ဆိုေတာ့ အေတာ္ကေလး ရက္စက္တဲ့ပုံဘဲ။ ISISဆိုတဲ့ေနာက္မွာ Kဆိုတဲ့ စကားလုံးေလး

က အေတာ္ထူးဆန္းတယ္။ ဘယ္အရာကို ကိုယ္စားျပဳတယ္လို႔ ေသခ်ာမနိုင္ေပမယ့္ ကဘူးၿမိဳ႕မွာ လုပ္တဲ့တိုက္ခိုက္မႈဆိုေတာ့ ကဘူး

အေျခစိုက္ အိုင္အက္စ္ေတြလို႔ အၾကမ္းဖ်ဥ္းယူဆရတယ္။

တိုက္ခိုက္မႈေၾကာင့္ အေမရီကန္စစ္သား၁၃ဦးအပါအဝင္ လူေပါင္းရဝထက္မနည္း ေသဆုံးခဲ့ရတယ္။ သမၼတဂ်ိဳးဘိုင္ဒန္အတြက္ ျပင္း

ထန္တဲ့ ဖိအားေတြ ျပည္တြင္းကေရာ ျပည္ပမဟာမိတ္ေတြဆီကပါ ေရာက္လာေတာ့မွာျဖစ္သလို အာဖဂန္မွာလည္း ေသြးေခ်ာင္းစီး

မႈအသစ္ေတြ ထပ္ျဖစ္လာဘို႔ ရွိတယ္လို႔ဘဲ ဆိုရေတာ့မယ္ထင္ပါတယ္။

Crd..Lamin Mg