NUG အစိုးရအတွက် အောင်ပွဲအတွက် ကြီးမားတဲ့ခြေတစ်လှမ်း ( သို့မဟုတ် ) တောင်ကိုရီးယားအစိုးရက NUG နှင့် လက်တွဲလုပ်ဆောင်
သွားမည်ဟုဆို
The Blue House ၏ National Unity Government of Myanmar (NUG) အား အတည်ပြုပေးရန် ပြည်သူများ၏ တောင်းဆိုချက်နှင့်
ပတ်သက်၍ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွှတ်ရေးအစိုးရ (NUG) အား တရားဝင်သံတမန်ဆက်ဆံ
ရေးထူထောင်ရန်နှင့် မြန်မာစစ်တပ်အား ရှုတ်ချရန် လက်မှတ်ရေးထိုးတောင်းဆိုမှုများရှိခဲ့ပါသည်။ ယင်းလက်မှတ်ရေးထိုးတောင်းဆိုမှုတွင်
မြန်မာနိုင်ငံသား ၂၆၈,၄၂၈ ပါဝင်ခဲ့ကြပါသည်။ အစောပိုင်းကာလများမှစ၍ မြန်မာ့ပြည်သူတို့၏ဆန္ဒများအတွက်
တောင်ကိုရီးယား အစိုးရအနေဖြင့် မိမိတို့၏ ခိုင်မာသောထောက်ခံမှုကို ထပ်တလဲလဲ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ထို့အပြင် နိုင်ငံသားများ
အပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကိုချက်ချင်းပြန်
လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးတို့ကို တောင်ကိုရီးယားအစိုးရအနေဖြင့် ဆက်လက်
တောင်းဆိုခဲ့ပါသည်။ ထို့အပြင် မတ်လ၌ ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်များတွင်မြန်မာစစ်ဘက်နှင့်ကူးလူးဆက်ဆံမှုအသစ်များ
ရပ်ဆိုင်းခဲ့သည်။ စစ်ဘက်ဆိုင်ရာအထောက်အပံ့များကိုတင်ပို့ခွင့်မပြုရန်ဆုံးဖြတ်ခဲ့ပြီး တောင်ကိုရီးယားအစိုးရအနေဖြင့် တန်ပြန်တုံ့ပြန်မှု
များကို လုပ်ဆောင်ခဲ့သည်။ ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ယာယီဆက် နေထိုင်ခွင့်ကိုလည်း သက်တမ်း
တိုးအတည်ပြုကြောင်း ကြေညာထားပါသည်။ တောင်ကိုရီယားအစိုးရသည်အနာဂတ်တွင် မြန်မာနိုင်ငံရှိပြည်သူများ၏ ဆန္ဒနှင့်ကိုက်ညီ
သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။
ဒိမိုကရေစီနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဓိကသက်ဆိုင်သူများနှင့်
ဆက်လက်ဆက်သွယ်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို
ပြန်လည်ထူထောင်ရန် NUG မြန်မာအစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အနီးကပ်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ အမျိုးသား
အဆင့်အသနားခံစာမှာ ပါဝင်ခဲ့ကြသူအားလုံးကိုကျေးဇူးတင်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ လူထုဆက်သွယ်ရေးအကြီးတန်း
ရုံးဒစ်ဂျစ်တယ်ဆက်သွယ်ရေးစင်တာ ” ကမ္ဘာကြီးကိုပြောင်းလဲဖို့စွမ်းအားက လူသားတွေနဲ့အမြဲရှိနေတယ်”
crd-
Zawgyi
NUG အစိုးရအတြက္ ေအာင္ပြဲအတြက္ ႀကီးမားတဲ့ေျခတစ္လွမ္း ( သို႔မဟုတ္ ) ေတာင္ကိုရီးယားအစိုးရက NUG ႏွင့္ လက္တြဲလုပ္ေဆာင္သြားမည္ဟုဆို
The Blue House ၏ National Unity Government of Myanmar (NUG) အား အတည္ျပဳေပးရန္ ျပည္သူမ်ား၏ ေတာင္းဆိုခ်
က္ႏွင့္ပတ္သက္၍ ထုတ္ျပန္ေၾကျငာလိုက္ပါတယ္။ ျမန္မာနိုင္ငံအမ်ိဳးသားစည္းလုံးညီညႊတ္ေရးအစိုးရ (NUG) အား တရားဝင္သံတမန္ဆ
က္ဆံေရးထူေထာင္ရန္ႏွင့္ ျမန္မာစစ္တပ္အား ရႈတ္ခ်ရန္ လက္မွတ္ေရးထိုးေတာင္းဆိုမႈမ်ားရွိခဲ့ပါသည္။ ယင္းလက္မွတ္ေရးထိုးေတာ
င္းဆိုမႈတြင္ ျမန္မာနိုင္ငံသား ၂၆၈,၄၂၈ ပါဝင္ခဲ့ၾကပါသည္။ အေစာပိုင္းကာလမ်ားမွစ၍ ျမန္မာ့ျပည္သူတို႔၏ဆႏၵမ်ားအတြက္
ေတာင္ကိုရီးယား အစိုးရအေနျဖင့္ မိမိတို႔၏ ခိုင္မာေသာေထာက္ခံမႈကို ထပ္တလဲလဲ ထုတ္ေဖာ္ေျပာဆိုခဲ့ပါသည္။ ထို႔အျပင္ နိုင္ငံ
သားမ်ားအေပၚ အၾကမ္းဖက္မႈမ်ား ရပ္တန႔္ေရး၊ နိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ အက်ဥ္းသားေတြကိုခ်
က္ခ်င္းျပန္လႊတ္ေပးေရးႏွင့္ ျမန္မာနိုင္ငံတြင္ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရး ျပန္လည္ထူေထာင္ေရးတို႔ကို ေတာင္ကိုရီးယား
အစိုးရအေနျဖင့္ ဆက္လက္ေတာင္းဆိုခဲ့ပါသည္။ ထို႔အျပင္ မတ္လ၌ ကာကြယ္ေရးႏွင့္လုံျခဳံေရးနယ္ပယ္မ်ားတြင္
ျမန္မာစစ္ဘက္ႏွင့္ကူးလူးဆက္ဆံမႈအသစ္မ်ား ရပ္ဆိုင္းခဲ့သည္။ စစ္ဘက္ဆိုင္ရာအေထာက္အပံ့မ်ားကိုတင္ပို႔ခြင့္မျပဳရန္ဆုံးျဖတ္ခဲ့ၿပီး ေတာင္ကိုရီးယား
အစိုးရအေနျဖင့္ တန္ျပန္တုံ႔ျပန္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္။ ကိုရီးယားနိုင္ငံတြင္ေရာက္ရွိေနေသာ ျမန္မာနိုင္ငံသားမ်ားအား ယာယီဆ
က္ ေနထိုင္ခြင့္ကိုလည္း သက္တမ္းတိုးအတည္ျပဳေၾကာင္း ေၾကညာထားပါသည္။ ေတာင္ကိုရီယားအစိုးရသည္
အနာဂတ္တြင္ ျမန္မာနိုင္ငံရွိျပည္သူမ်ား၏ ဆႏၵႏွင့္ကိုက္ညီေသာနည္းလမ္းျဖင့္ ေျဖရွင္းနိုင္ရန္ ဆက္လက္ပံ့ပိုးကူညီသြားမည္ျဖစ္ပါသ
ည္။ ဒိမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္၌ ျမန္မာနိုင္ငံအမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) အပါအဝင္ အဓိကသက္ဆိုင္သူ
မ်ားႏွင့္ဆက္လက္ဆက္သြယ္သြားမည္ျဖစ္ပါသည္။ ျမန္မာနိုင္ငံ၏ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးႏွင့္တည္ၿငိမ္ေရးကို
ျပန္လည္ထူေထာင္ရန္ NUG ျမန္မာအစိုးရ၊ နိုင္ငံတကာအသိုင္းအဝိုင္းႏွင့္အနီးကပ္ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္သည္။ အမ်ိဳးသားအဆင့္
အသနားခံစာမွာ ပါဝင္ခဲ့ၾကသူအားလုံးကိုေက်းဇူးတင္ရွိပါသည္။ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လ ၂၆ ရက္၊ လူထုဆက္သြယ္ေရးအႀကီးတန္း႐ုံးဒစ္ဂ်
စ္တယ္ဆက္သြယ္ေရးစင္တာ ” ကမၻာႀကီးကိုေျပာင္းလဲဖို႔စြမ္းအားက လူသားေတြနဲ႔အျမဲရွိေနတယ္”
crd-