မိခင်အားမွေးနေ့လက်ဆောင်အဖြစ်ပေးထားသောအမေစုပုံ ရင်ထိုး/ဆွဲသီးလေးကိုစျေးပြိုင်ရောင်းချပြီးPDFရဲဘော်များလိုအပ်ချက်များကို
တဖက်တလမ်းမှကူညီဖြည့်ဆည်းပေးမယ် ဆိုတဲ့ မမပန်
ပြီးခဲ့တဲ့နှစ် အမေ့မွေးနေ့တုန်းက အမေ့ကို မွေးနေ့လက်ဆောင်အဖြစ် အမေစုပုံ ရင်ထိုး/ဆွဲသီးလေး လက်ဆောင်ပေးခဲ့တယ်။ ဒီနှစ်အမေ့
မွေးနေ့မှာ ကိုယ့်စာအုပ်စာမူခ သိန်း(၅၀)ကို ပညာရေးဌာနCDM တွေအတွက် လှူဒါန်းပေးဖြစ်တယ်။
ဒီရက်ထဲ အလှူခံကလည်း အာချောင်သူတွေကြောင့် စိတ်ပျက်ပြီး ရပ်ထား၊ အကူအညီတောင်းကြတဲ့အဖွဲ့တွေကလည်း အများကြီး။ အချို့
ပြောလက်စအဖွဲ့တွေက လာမေးကြတယ်။ “မကြီး… သားတို့ပြောထားတာတွေ အဆင်မပြေတော့ဘူးလား” “သားတို့ရိက္ခာလေး ရနိုင်ဦးမ
လား” နဲ့။ ကိုယ့်မှာ မငြင်းရက်။ ကြိုးစားကြည့်ဦးမယ်ဟယ်ပဲ ပြောနိုင်တယ်။
ကိုယ်က အမေ့ရှေ့မှာ အဲ့အကြောင်း ညည်းမိတော့ အမေက သူ့ကိုပေးတဲ့ မွေးနေ့လက်ဆောင် အမေစုရင်ထိုး/ဆွဲသီးလေးကို ရောင်း
လိုက်ပါတဲ့။ သူလှူပါမယ်တဲ့။ ဒါလေးက ၅သိန်း၈သောင်းပဲ တန်ပါတယ်။ ဒါပေမယ့် ကိုယ်ပို့ဖို့ လိုအပ်နေတာ ၅သိန်း၈သောင်း မကပါဘူး။
အဲ့တော့ ဒါလေးကို ကိုယ် စျေးတင်ရောင်းချင်ပါတယ်။ စျေးလျှော့ရောင်းတာ မဟုတ်ပါဘူး။ အလှူအတွက် စျေးတင်ရောင်းတာပါ။ ရောင်း
ရငွေ အရင်းရော ပိုရတာရော အကုန်လှူပေးမှာပါ။ အများဆုံး ပေးတဲ့လူ ရောင်းပါမယ်။ စျေးပြိုင်မပေးဘဲ တတ်နိုင်သလောက် ကူညီချင်ရင်
လည်း ရပါတယ်။
ဆက်မလုပ်တော့ဘူးဆိုပေမယ့် မျက်ကွယ်မပြုနိုင်ပါဘူး။ နှုတ်ခမ်းနီတွေ၊ ဆန်၊ ဆီ၊ စားနပ်ရိက္ခာတွေက အရေးကြီးပေမယ့် ကော်ဖီမစ်လေး
ရရင် သောက်ချင်လို့ ထည့်ပေးပါ။ မရလည်း ကိစ္စမရှိပါဘူးမကြီးဆိုတာတွေကို ငြင်းရက်တဲ့ နှလုံးသားမရှိပါဘူး။
တစ်သက်လုံးအဆဲခံလာတာ အခုအချိန် အဆဲခံရတာကြောင့် လုပ်နိုင်တာတွေ ရပ်လိုက်ရင် သတ္တိကြောင်လွန်းရာကျသလို ဝိုင်းဝန်း
အားပေးကြတဲ့သူတွေ၊ စာပို့ပြီးဆုံးမတဲ့ NYက ဦးဇင်း၊ ကျောင်းခေါ်ဆုံးမစကားပြောတဲ့ Buffaloက ဦးဇင်း၊ ကျွန်တော်တို့ကို ဆက်မကူ
ရင်တောင် အခြားအဖွဲ့တွေအတွက် ဆက်လုပ်ပေးပေးပါဆိုတဲ့ ရဲဘော်တွေအတွက် နေသာသလို နေမယ် ဆက်မတွေးနိုင်ပါဘူး။
Screenshot လေးတွေ အဆုံးထိ ဖတ်ကြည့်ပါ။ တစ်စိတ်တစ်ပိုင်းပါ။
ပစ္စည်းလေးကို စျေးပြိုင်ပေးချင်တာပဲဖြစ်ဖြစ်၊ နိုင်သလောက် ကူညီချင်တာပဲ ဖြစ်ဖြစ် ဒီပေ့ချ်ကို ဆက်သွယ်ပေးပါ။ အကောင့်ကို စာပို့ရင်
စာတွေ မမြင်ရလို့ ပေ့ချ်ကိုပဲ လာပြောပေးပါ။
https://www.facebook.com/PenciloOnEarth/
Source & photo credit; Pencilo facebook acc
Zawgyi
မိခင္အားေမြးေန႔လက္ေဆာင္အျဖစ္ေပးထားေသာအေမစုပုံ ရင္ထိုး/ဆြဲသီးေလးကိုေစ်းၿပိဳင္ေရာင္းခ်ၿပီးPDFရဲေဘာ္မ်ားလိုအပ္ခ်
က္မ်ားကိုတဖက္တလမ္းမွကူညီျဖည့္ဆည္းေပးမယ္ ဆိုတဲ့ မမပန္
ၿပီးခဲ့တဲ့ႏွစ္ အေမ့ေမြးေန႔တုန္းက အေမ့ကို ေမြးေန႔လက္ေဆာင္အျဖစ္ အေမစုပုံ ရင္ထိုး/ဆြဲသီးေလး လက္ေဆာင္ေပးခဲ့တ
ယ္။ ဒီႏွစ္အေမ့ေမြးေန႔မွာ ကိုယ့္စာအုပ္စာမူခ သိန္း(၅၀)ကို ပညာေရးဌာနCDM ေတြအတြက္ လႉဒါန္းေပးျဖစ္တယ္။
ဒီရက္ထဲ အလႉခံကလည္း အာေခ်ာင္သူေတြေၾကာင့္ စိတ္ပ်က္ၿပီး ရပ္ထား၊ အကူအညီေတာင္းၾကတဲ့အဖြဲ႕ေတြကလည္း အမ်ားႀ
ကီး။ အခ်ိဳ႕ေျပာလက္စအဖြဲ႕ေတြက လာေမးၾကတယ္။ “မႀကီး… သားတို႔ေျပာထားတာေတြ အဆင္မေျပေတာ့ဘူးလား” “သား
တို႔ရိကၡာေလး ရနိုင္ဦးမလား” နဲ႔။ ကိုယ့္မွာ မျငင္းရက္။ ႀကိဳးစားၾကည့္ဦးမယ္ဟယ္ပဲ ေျပာနိုင္တယ္။
ကိုယ္က အေမ့ေရွ႕မွာ အဲ့အေၾကာင္း ညည္းမိေတာ့ အေမက သူ႔ကိုေပးတဲ့ ေမြးေန႔လက္ေဆာင္ အေမစုရင္ထိုး/ဆြဲသီးေလး
ကို ေရာင္းလိုက္ပါတဲ့။ သူလႉပါမယ္တဲ့။ ဒါေလးက ၅သိန္း၈ေသာင္းပဲ တန္ပါတယ္။ ဒါေပမယ့္ ကိုယ္ပို႔ဖို႔ လိုအပ္ေနတာ ၅သိန္း၈ေသာင္း မကပါဘူး။
အဲ့ေတာ့ ဒါေလးကို ကိုယ္ ေစ်းတင္ေရာင္းခ်င္ပါတယ္။ ေစ်းေလၽွာ့ေရာင္းတာ မဟုတ္ပါဘူး။ အလႉအတြက္ ေစ်းတင္ေရာ
င္းတာပါ။ ေရာင္းရေငြ အရင္းေရာ ပိုရတာေရာ အကုန္လႉေပးမွာပါ။ အမ်ားဆုံး ေပးတဲ့လူ ေရာင္းပါမယ္။ ေစ်းၿပိဳင္မေပးဘဲ တ
တ္နိုင္သေလာက္ ကူညီခ်င္ရင္လည္း ရပါတယ္။
ဆက္မလုပ္ေတာ့ဘူးဆိုေပမယ့္ မ်က္ကြယ္မျပဳနိုင္ပါဘူး။ ႏႈတ္ခမ္းနီေတြ၊ ဆန္၊ ဆီ၊ စားနပ္ရိကၡာေတြက အေရးႀကီးေပမယ့္ ေ
ကာ္ဖီမစ္ေလး ရရင္ ေသာက္ခ်င္လို႔ ထည့္ေပးပါ။ မရလည္း ကိစၥမရွိပါဘူးမႀကီးဆိုတာေတြကို ျငင္းရက္တဲ့ ႏွလုံးသားမရွိပါ
ဘူး။တစ္သက္လုံးအဆဲခံလာတာ အခုအခ်ိန္ အဆဲခံရတာေၾကာင့္ လုပ္နိုင္တာေတြ ရပ္လိုက္ရင္ သတၱိေၾကာင္လြန္းရာက်သလို ဝိုင္းဝန္း
အားေပးၾကတဲ့သူေတြ၊ စာပို႔ၿပီးဆုံးမတဲ့ NYက ဦးဇင္း၊ ေက်ာင္းေခၚဆုံးမစကားေျပာတဲ့ Buffaloက ဦးဇင္း၊ ကၽြန္ေ
တာ္တို႔ကို ဆက္မကူရင္ေတာင္ အျခားအဖြဲ႕ေတြအတြက္ ဆက္လုပ္ေပးေပးပါဆိုတဲ့ ရဲေဘာ္ေတြအတြက္ ေနသာသလို ေနမယ္ ဆက္မေတြးနိုင္ပါဘူး။ Screenshot ေလးေတြ အဆုံးထိ ဖတ္ၾကည့္ပါ။ တစ္စိတ္တစ္ပိုင္းပါ။
ပစၥည္းေလးကို ေစ်းၿပိဳင္ေပးခ်င္တာပဲျဖစ္ျဖစ္၊ နိုင္သေလာက္ ကူညီခ်င္တာပဲ ျဖစ္ျဖစ္ ဒီေပ့ခ်္ကို ဆက္သြယ္ေပးပါ။ အေကာင့္ကို စာပို႔ရင္ စာေတြ မျမင္ရလို႔ ေပ့ခ်္ကိုပဲ လာေျပာေပးပါ။
https://www.facebook.com/PenciloOnEarth/