ၾကားသိသမွ်

” ရုရှားဒုံးကျည်ကာကွယ်ရေးစနစ်ဟာ စစ်ကောင်စီအခက် ၊ ပြည်သူအချက် “

” ရုရှားဒုံးကျည်ကာကွယ်ရေးစနစ်ဟာ စစ်ကောင်စီအခက် ၊ ပြည်သူအချက် ”

စစ်ကောင်စီဟာ ရုရှားရဲ့ PANTSIR ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူထားတယ် ။ ရုရှားဘက်ကတော့ မကြာမီအချိန်အတွင်းမှာ ပို့

ပေးတော့မယ်လို့ ပြောထားတယ် ။ ဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ ထရပ်ကားပေါ်မှာ တင်ထားရတဲ့ နည်းစနစ်တစ်ခုပါ ။

လေယာဉ် ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၊ ဒရုန်းနဲ့ ခရုဇ်ဒုံးကျည်တွေကို ခွင်းထုတ် ၊ ကာကွယ်ပေးဖို့ပါ ။ ဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ကို

မြန်မာစစ်ကောင်စီထံ ပို့ပေးတဲ့အတွက် ကုလနဲ့ နိုင်ငံတကာက ရုရှားကို စောင့်ကြည့်နေပါတယ် ။

ရုရှားဘက်ကတော့ ၊” ရုရှားဟာ မြန်မာနဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတယ် ။ မြန်မာစစ်တပ်ဟာ ပြည်တွင်းမငြိမ်သက်မှု့တွေကို

တည်ငြိမ်ဖို့ တော်တော်ကြိူးစားနေရတယ် ။ မြန်မာစစ်တပ်ရဲ့ အခြေအနေကို ကူညီပေးရမယ် ” လို့ ရုရှားရဲ့ လက်နက်အရာရှိဖြစ်သူ DMITRY SHUGAYEV က RIA . သတင်းဌာကို ဖြေကြားထားပါတယ် ။

စစ်ကောင်စီဘက်က ဒုံးကျည်ကာကွယ်ရေးစနစ်တွေ တပ်ဆင်နေပြီဆိုတော့ ၊ ပြည်သူ့တော်လှန်ရေးသမားတွေ တွေဝေသွားနိုင်ပါတယ် ။ ဒီလိုမဟုတ်ပါဘူး။

သုံးသပ်ပြပါဦးမယ် ။

ဒီရက်ပိုင်းမှာ PDF တွေ လက်နက်ချဖို့ ၊ PDF နဲ့ လက်နက်ကိုင်ဆန့်ကျင်ဖို့ စီစဉ်နေသူတွေကိုသိရင် သတင်းပေးဖို့ စစ်ကောင်စီဘက်က

ကြေငြာနေပါတယ် ။ သတင်းပေးသူကို ဆုငွေချမယ်လို့လည်း ပြောထားပါသေးတယ် ။ ဒီအခြေအနေအရ စစ်ကောင်စီဘက်ကို ပူးပေါင်း

သတင်းပေးသူ တော်တော်ရှားသွားပါပြီ ။ စစ်ကောင်စီလက်အောက်ခံ ထောက်လှမ်းရေးဟာ ခေတ်လူငယ်တွေရဲ့ ဗျူဟာအောက်မှာ ဆိုက်ဝါးမိသွားပါပြီ ။

အရေးကြီးတဲ့ မေးခွန်းကတော့
( ၁ ) စစ်ကောင်စီဟာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ဘာ့ကြောင့် ဒီရက်ပိုင်းမှာ အလျင်စလိုနဲ့ ရုရှားကို တင်ပို့ခိုင်းနေရသလဲ ..?

( ၂ ) PDF လူငယ်တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေမှာ လေယာဉ် ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ အဖျက်စွမ်းအားကြီးတဲ့ ခရုဇ်ဒုံးတွေ ရှိနေပြီလား ..?

( ၃ ) PDF လူငယ်တွေရဲ့ နောက်ကျောမှာ နေတိုးလို နိုင်ငံတကာအဖွဲ့တွေ ရှိနေပြီလား …?

( ၄ ) ကုလလက်အောက်ခံ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီကိုနှိမ်နင်းဖို့ စစ်ပြင်နေပြီလား …?

ဒီမေးခွန်း ၄ ခုဟာ စစ်ကောင်စီဘက်က အလျင်စလို လိုချင်နေတဲ့ ဒုံးကျည်ကာကွယ်ရေးစံနစ်နဲ့ တစ်ခုခုက သေချာပေါက်ပတ်သက်နေပါ

တယ် ။ ဒီလိုဆိုရင် စစ်ကောင်စီတင်သွင်းချင်နေတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်သတင်းဟာ ပြည်သူတွေအတွက်တော့ အားတစ်ရပ်ပါဘဲ ။

ပြောခဲ့ဘူးပါတယ် ။ ကမ္ဘာမှာ အမေရိကန်ရဲ့ စီအိုင်အေ နဲ့ ရုရှားရဲ့ ကေဂျီဘီ ထောက်လှမ်းရေးအဖွဲ့နှစ်ဖွဲ့က အရည်အချင်း မတိမ်းမယိမ်းနဲ့

အားပြိူင်နေပါတယ် ။ အထက်ကပြောခဲ့တဲ့ မေးခွန်းလေးခုထဲက တစ်ခုခုကို ကေဂျီဘီက သတင်းရထားလို့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ အလျင်အမြန် တပ်ဆင်နေတယ်လို့ သုံးသပ်ရပါတယ် ။

သံတမန်နည်းလမ်းနဲ့ ဖြေရှင်းလို့မရခဲ့ရင် ၊ မြန်မာပြည်ဟာ ပြည်တွင်းစစ်မီးကြီး မလွှဲမရှောင်သာပဲ တောက်လောင်ပါတော့မယ် ။ JUNTA

လို့ ခေါ်တဲ့ စစ်ဗိုလ်ချုပ်အိုကြီးတွေနဲ့ ခေတ်ပညာတတ်လူငယ်တွေဦးဆောင်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ပွဲမှာ နောက်ကွယ်က

နေ ဘယ်သူတွေပါဝင်ကူညီမလဲဆိုတာက သံသယဖြစ်ဖွယ် ၊ အားတက်သဖွယ်တင်းတွေထွက်လို့လာပါပြီ ။
ဘကြီးအောင် LA

Zawgyi

” ႐ုရွားဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ စစ္ေကာင္စီအခက္ ၊ ျပည္သူအခ်က္ ”

စစ္ေကာင္စီဟာ ႐ုရွားရဲ့ PANTSIR ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ဝယ္ယူထားတယ္ ။ ႐ုရွားဘက္ကေတာ့ မၾကာမီအခ်ိန္အတြင္းမွာ ပို႔ေပးေ

တာ့မယ္လို႔ ေျပာထားတယ္ ။ ဒီ ဒုံးက်ည္ကာကြယ္ေရးစနစ္ဟာ ထရပ္ကားေပၚမွာ တင္ထားရတဲ့ နည္းစနစ္တစ္ခုပါ ။

ေလယာဥ္ ၊ တိုက္ခိုက္ေရးရဟတ္ယာဥ္ ၊ ဒ႐ုန္းနဲ႔ ခ႐ုဇ္ဒုံးက်ည္ေတြကို ခြင္းထုတ္ ၊ ကာကြယ္ေပးဖို႔ပါ ။ ဒီ ဒုံးက်ည္ကာကြယ္ေရးစနစ္ကို ျမန္မာစစ္ေကာင္စီထံ ပို႔ေပးတဲ့အတြက္ ကုလနဲ႔ နိုင္ငံတကာက ႐ုရွားကို ေစာင့္ၾကည့္ေနပါတယ္ ။

႐ုရွားဘက္ကေတာ့ ၊” ႐ုရွားဟာ ျမန္မာနဲ႔ မဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးရွိတယ္ ။ ျမန္မာစစ္တပ္ဟာ ျပည္တြင္းမၿငိမ္သက္မႈ႔ေတြကို တည္ၿငိမ္

ဖို႔ ေတာ္ေတာ္ႀကိဴးစားေနရတယ္ ။ ျမန္မာစစ္တပ္ရဲ့ အေျခအေနကို ကူညီေပးရမယ္ ” လို႔ ႐ုရွားရဲ့ လက္နက္အရာရွိျဖစ္သူ DMITRY

SHUGAYEV က RIA . သတင္းဌာကို ေျဖၾကားထားပါတယ္ ။

စစ္ေကာင္စီဘက္က ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြ တပ္ဆင္ေနၿပီဆိုေတာ့ ၊ ျပည္သူ႔ေတာ္လွန္ေရးသမားေတြ ေတြေဝသြားနိုင္ပါတ

ယ္ ။ ဒီလိုမဟုတ္ပါဘူး။

သုံးသပ္ျပပါဦးမယ္ ။

ဒီရက္ပိုင္းမွာ PDF ေတြ လက္နက္ခ်ဖို႔ ၊ PDF နဲ႔ လက္နက္ကိုင္ဆန႔္က်င္ဖို႔ စီစဥ္ေနသူေတြကိုသိရင္ သတင္းေပးဖို႔ စစ္ေကာင္စီဘက္က ေၾကျငာေနပါတယ္ ။ သတင္းေပးသူကို ဆုေငြခ်မယ္လို႔လည္း ေျပာထားပါေသးတယ္ ။ ဒီအေျခအေနအရ စစ္ေကာင္စီဘ

က္ကို ပူးေပါင္းသတင္းေပးသူ ေတာ္ေတာ္ရွားသြားပါၿပီ ။ စစ္ေကာင္စီလက္ေအာက္ခံ ေထာက္လွမ္းေရးဟာ ေခတ္လူငယ္ေတြရဲ့ ဗ်ဴဟာေအာက္မွာ ဆိုက္ဝါးမိသြားပါၿပီ ။

အေရးႀကီးတဲ့ ေမးခြန္းကေတာ့

( ၁ ) စစ္ေကာင္စီဟာ ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကို ဘာ့ေၾကာင့္ ဒီရက္ပိုင္းမွာ အလ်င္စလိုနဲ႔ ႐ုရွားကို

တင္ပို႔ခိုင္းေနရသလဲ ..?

( ၂ ) PDF လူငယ္ေတြနဲ႔ တိုင္းရင္းသားအဖြဲ႕ေတြမွာ ေလယာဥ္ ၊ တိုက္ခိုက္ေရးရဟတ္ယာဥ္နဲ႔ အဖ်က္စြမ္းအားႀကီးတဲ့ ခ႐ုဇ္ဒုံးေတြ ရွိေနၿပီလား ..?

( ၃ ) PDF လူငယ္ေတြရဲ့ ေနာက္ေက်ာမွာ ေနတိုးလို နိုင္ငံတကာအဖြဲ႕ေတြ ရွိေနၿပီလား …?

( ၄ ) ကုလလက္ေအာက္ခံ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြဟာ စစ္ေကာင္စီကိုႏွိမ္နင္းဖို႔ စစ္ျပင္ေနၿပီလား …?

ဒီေမးခြန္း ၄ ခုဟာ စစ္ေကာင္စီဘက္က အလ်င္စလို လိုခ်င္ေနတဲ့ ဒုံးက်ည္ကာကြယ္ေရးစံနစ္နဲ႔ တစ္ခုခုက ေသခ်ာေပါက္ပတ္သက္ေနပါတ

ယ္ ။ ဒီလိုဆိုရင္ စစ္ေကာင္စီတင္သြင္းခ်င္ေနတဲ့ ဒုံးက်ည္ကာကြယ္ေရးစနစ္သတင္းဟာ ျပည္သူေတြအတြက္ေတာ့ အားတစ္ရပ္ပါဘဲ ။

ေျပာခဲ့ဘူးပါတယ္ ။ ကမၻာမွာ အေမရိကန္ရဲ့ စီအိုင္ေအ နဲ႔ ႐ုရွားရဲ့ ေကဂ်ီဘီ ေထာက္လွမ္းေရးအဖြဲ႕ႏွစ္ဖြဲ႕က အရည္အခ်င္း မတိ

မ္းမယိမ္းနဲ႔ အားၿပိဴင္ေနပါတယ္ ။ အထက္ကေျပာခဲ့တဲ့ ေမးခြန္းေလးခုထဲက တစ္ခုခုကို ေကဂ်ီဘီက သတင္းရထားလို႔ ဒုံးက်

ည္ကာကြယ္ေရးစနစ္ေတြ အလ်င္အျမန္ တပ္ဆင္ေနတယ္လို႔ သုံးသပ္ရပါတယ္ ။

သံတမန္နည္းလမ္းနဲ႔ ေျဖရွင္းလို႔မရခဲ့ရင္ ၊ ျမန္မာျပည္ဟာ ျပည္တြင္းစစ္မီးႀကီး မလႊဲမေရွာင္သာပဲ ေတာက္ေလာင္ပါေတာ့မယ္

။ JUNTA လို႔ ေခၚတဲ့ စစ္ဗိုလ္ခ်ဳပ္အိုႀကီးေတြနဲ႔ ေခတ္ပညာတတ္လူငယ္ေတြဦးေဆာင္တဲ့ ျပည္သူ႔ေတာ္လွန္ေရးတပ္ဖြဲ႕ေတြရဲ့ စစ္ပြဲမွာ ေနာက္ကြယ္ကေန ဘယ္သူေတြပါဝင္ကူညီမလဲဆိုတာက သံသယျဖစ္ဖြယ္ ၊ အားတက္သဖြယ္တင္းေတြထြက္လို႔လာပါၿပီ ။

ဘႀကီးေအာင္ LA