ၾကားသိသမွ်

PDF တွေကို ပြန်တိုက်ဖို့အတွက် ရပ်ကျေးပြည်သူ့စစ်အဖွဲ့တွေ ကို စစ်ကောင်စီ ဖွဲ့စည်းတော့မည်

အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို ထိန်းချုပ်နိုင်ကြောင်း ပြသနိုင်ရန် မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် ရုန်းကန်နေရချိန်၌ ၎င်း၏ အုပ်ချုပ်ရေးကို အတိုက်အခံပြုသူများအား တိုက်ခိုက်ရန် ရပ်ကျေးပြည်သူ့စစ်များ ဖွဲ့စည်းရေးကို စဉ်းစားလျက်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းက အင်္ဂါနေ့တွင် ဖော်ပြသည်။

ကြီးမားသော ဒီမိုကရေစီ လိုလား ဆန္ဒပြပွဲများနှင့် စစ်တပ်၏ သွေးမြေကျ ဖြိုခွင်းမှုများ ဖြစ်ပွားပေါ်ပေါက်စေသော ဖေဖော်ဝါရီ အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချခဲ့ချိန်မှစကာ နိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေ ကြုံကြိုက်နေသည်။

ဒေသ ‘ကိုယ်ပိုင်ကာကွယ်ရေးအုပ်စုများ’က စစ်တပ်အား တော်လှန်တိုက်ခိုက်နေပြီး အမဲလိုက်ရိုင်ဖယ် တူမီးသေနတ်များ၊ ယာယီတောတွင်းစက်ရုံထုတ် လက်နက်များဖြင့်ပင် ခုခံတိုက်ခိုက်ကြသည်။

အာဏာမသိမ်းခင်ကတည်းက စစ်တပ်နှင့် ထိပ်တိုက်တွေ့မှုများ ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်ထက်မနည်း ရှိနေခြင်းကြောင့် အသစ် ပေါ်ပေါက်လာသော ကိုယ်ပိုင်ကာကွယ်ရေးအုပ်စုများကြောင့် အပြောင်းအလဲများကို ထပ်လောင်းအားဖြည့်နေသည်။

စစ်အာဏာသိမ်းအုပ်စုက ကိုယ်ကိုကို သတ်မှတ်ခေါ်ဝေါ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ‘ကျေးရွာပြည်သူ့စစ်တပ်များ စနစ်တကျဖွဲ့စည်းရေး’ ဆွေးနွေးနေသည်ဟု နိုင်ငံပိုင် Global New Light of Myanmar သတင်းက အင်္ဂါနေ့တွင် ထုတ်ပြန်သည်။

စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်ဆန္ဒပြသူများနှင့် ပတ်သက်ပြီး သတင်းပေးသူများကို ဆုကြေးငွေ ထုတ်ပေးရေးကိုလည်း စစ်ကောင်စီက ဆွေးနွေးခဲ့သည်။ လက်နက်နှင့် စစ်သင်တန်းများ ထောက်ပံ့နေသည့် နိုင်ငံအစွန်အဖျား ဒေသများမှ လက်နက်ကိုင်အုပ်စုများကို ‘ထိထိရောက်ရောက် ဟန့်တားရေး’ကိုလည်း ဆွေးနွေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ယခင်က အခြေစိုက်ခဲ့သည့် သုတေသီတစ်ဦးဖြစ်သော David Mathieson က စစ်တပ်အပေါ် မကျေနပ်ချက်များ ကြီးထွားနေပြီဖြစ်ရာ မည်သည့် ပြည်သူ့စစ်အတွက်မှ စိတ်ပါလက်ပါ စာရင်းပေးသွင်းကြမည့်သူ များများစားစား ရှိနိုင်လိမ့်မည် မဟုတ်ဟု အေအက်ဖ်ပီသို့ ပြောသည်။

“ဒါအပြင် စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးလိုက်သူတွေက တစ်ဖက်အတွက်ဖြစ်သွားမှာမျိုး တပ်မတော်အနေနဲ့ အကျပ်ရိုက်စရာလည်း ရှိနေတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံအနှံ့တွင် ကြိုကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် အုပ်စုတစ်စုနှင့် ထိပ်တိုက်တိုက်ပွဲ၌ စစ်တပ်က လက်နက်အမြောက်ကြီးများ အသုံးပြုခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

စစ်အာဏာသိမ်းပြီးနောက် ရာထူးမှ ထွက်ခွာရန် ငြင်းပယ်ထားသူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက စစ်ကိုင်းတွင် ပြည်သူ ၄၀ အား အစုပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် သတင်းအား ကုလသမဂ္ဂအား တပ်လှန့်သတိပေးခဲ့သည်။

ထိပ်တိုက်တိုက်ပွဲများသည် အများအားဖြင့် နယ်များတွင် အဖြစ်များသော်လည်း နိုင်ငံ၏ ဒုတိယမြို့တော် မန္တလေး၌ ဇွန်လအတွင်းက လက်နက်ကိုင်တိုက်ပွဲတစ်ရပ်အတွင်း ဆန္ဒပြသူ လေးဦးနှင့် စစ်အရာရှိနှစ်ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးမှစကာ လုံခြုံရေးတပ်များ သတ်ဖြတ်ခဲ့သူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ရှိနေကြောင်း ပြည်တွင်းစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ဆိုသည်။ စစ်တပ်ကမူ သေဆုံးနှုန်းက အတော်လေး နည်းသည်ဟု ပြောထားသည်။

Zawgyi

အာဏာသိမ္းၿပီးေနာက္ တိုင္းျပည္ကို ထိန္းခ်ဳပ္နိုင္ေၾကာင္း ျပသနိုင္ရန္ ျမန္မာစစ္အာဏာသိမ္းအုပ္စုအေနျဖင့္ ႐ုန္းကန္ေနရခ်ိန္၌ ၎၏ အုပ္ခ်ဳပ္ေရးကို အတိုက္အခံျပဳသူမ်ားအား တိုက္ခိုက္ရန္ ရပ္ေက်းျပည္သူ႔စစ္မ်ား ဖြဲ႕စည္းေရးကို စဥ္းစားလ်က္ရွိေနသည္ဟု နိုင္ငံပိုင္သတင္းက အဂၤါေန႔တြင္ ေဖာ္ျပသည္။

ႀကီးမားေသာ ဒီမိုကေရစီ လိုလား ဆႏၵျပပြဲမ်ားႏွင့္ စစ္တပ္၏ ေသြးေျမက် ၿဖိဳခြင္းမႈမ်ား ျဖစ္ပြားေပၚေပါက္ေစေသာ ေဖေဖာ္ဝါရီ အာဏာသိမ္းမႈအတြင္း ေဒၚေအာင္ဆန္းစုၾကည္ အစိုးရကို ျဖဳတ္ခ်ခဲ့ခ်ိန္မွစကာ နိုင္ငံသည္ ဝ႐ုန္းသုန္းကား အေျခအေန ၾကဳံႀကိဳက္ေနသည္။

ေဒသ ‘ကိုယ္ပိုင္ကာကြယ္ေရးအုပ္စုမ်ား’က စစ္တပ္အား ေတာ္လွန္တိုက္ခိုက္ေနၿပီး အမဲလိုက္ရိုင္ဖယ္ တူမီးေသနတ္မ်ား၊ ယာယီေတာတြင္းစက္႐ုံထုတ္ လက္နက္မ်ားျဖင့္ပင္ ခုခံတိုက္ခိုက္ၾကသည္။

အာဏာမသိမ္းခင္ကတည္းက စစ္တပ္ႏွင့္ ထိပ္တိုက္ေတြ႕မႈမ်ား ရွိေနသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၂၀ ေက်ာ္ထက္မနည္း ရွိေနျခင္းေၾကာင့္ အသစ္ ေပၚေပါက္လာေသာ ကိုယ္ပိုင္ကာကြယ္ေရးအုပ္စုမ်ားေၾကာင့္ အေျပာင္းအလဲမ်ားကို ထပ္ေလာင္းအားျဖည့္ေနသည္။

စစ္အာဏာသိမ္းအုပ္စုက ကိုယ္ကိုကို သတ္မွတ္ေခၚေဝၚေသာ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ‘ေက်းရြာျပည္သူ႔စစ္တပ္မ်ား စနစ္တက်ဖြဲ႕စည္းေရး’ ေဆြးေႏြးေနသည္ဟု နိုင္ငံပိုင္ Global New Light of Myanmar သတင္းက အဂၤါေန႔တြင္ ထုတ္ျပန္သည္။

စစ္အုပ္ခ်ဳပ္ေရးအား ဆန႔္က်င္ဆႏၵျပသူမ်ားႏွင့္ ပတ္သက္ၿပီး သတင္းေပးသူမ်ားကို ဆုေၾကးေငြ ထုတ္ေပးေရးကိုလည္း စစ္ေကာင္စီက ေဆြးေႏြးခဲ့သည္။ လက္နက္ႏွင့္ စစ္သင္တန္းမ်ား ေထာက္ပံ့ေနသည့္ နိုင္ငံအစြန္အဖ်ား ေဒသမ်ားမွ လက္နက္ကိုင္အုပ္စုမ်ားကို ‘ထိထိေရာက္ေရာက္ ဟန႔္တားေရး’ကိုလည္း ေဆြးေႏြးေၾကာင္း သိရသည္။

ျမန္မာနိုင္ငံ၌ ယခင္က အေျခစိုက္ခဲ့သည့္ သုေတသီတစ္ဦးျဖစ္ေသာ David Mathieson က စစ္တပ္အေပၚ မေက်နပ္ခ်က္မ်ား ႀကီးထြားေနၿပီျဖစ္ရာ မည္သည့္ ျပည္သူ႔စစ္အတြက္မွ စိတ္ပါလက္ပါ စာရင္းေပးသြင္းၾကမည့္သူ မ်ားမ်ားစားစား ရွိနိုင္လိမ့္မည္ မဟုတ္ဟု ေအအက္ဖ္ပီသို႔ ေျပာသည္။

“ဒါအျပင္ စစ္သင္တန္းေပး၊ လက္နက္တပ္ဆင္ေပးလိုက္သူေတြက တစ္ဖက္အတြက္ျဖစ္သြားမွာမ်ိဳး တပ္မေတာ္အေနနဲ႔ အက်ပ္ရိုက္စရာလည္း ရွိေနတယ္”ဟု ၎က ေျပာသည္။

နိုင္ငံအႏွံ့တြင္ ႀကိဳၾကားတိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ကာ အေနာက္ေျမာက္ပိုင္း စစ္ကိုင္းတိုင္းေဒသႀကီးတြင္ အုပ္စုတစ္စုႏွင့္ ထိပ္တိုက္တိုက္ပြဲ၌ စစ္တပ္က လက္နက္အေျမာက္ႀကီးမ်ား အသုံးျပဳခဲ့သည္ဟု ေဒသခံမ်ားက ေျပာၾကသည္။

စစ္အာဏာသိမ္းၿပီးေနာက္ ရာထူးမွ ထြက္ခြာရန္ ျငင္းပယ္ထားသူ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးက စစ္ကိုင္းတြင္ ျပည္သူ ၄၀ အား အစုျပဳံလိုက္ သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သည့္ သတင္းအား ကုလသမဂၢအား တပ္လွန႔္သတိေပးခဲ့သည္။

ထိပ္တိုက္တိုက္ပြဲမ်ားသည္ အမ်ားအားျဖင့္ နယ္မ်ားတြင္ အျဖစ္မ်ားေသာ္လည္း နိုင္ငံ၏ ဒုတိယၿမိဳ႕ေတာ္ မႏၲေလး၌ ဇြန္လအတြင္းက လက္နက္ကိုင္တိုက္ပြဲတစ္ရပ္အတြင္း ဆႏၵျပသူ ေလးဦးႏွင့္ စစ္အရာရွိႏွစ္ဦး ေသဆုံးခဲ့သည္။

အာဏာသိမ္းၿပီးမွစကာ လုံျခဳံေရးတပ္မ်ား သတ္ျဖတ္ခဲ့သူေပါင္း ၁၀၀၀ ေက်ာ္ထက္မနည္း ရွိေနေၾကာင္း ျပည္တြင္းေစာင့္ၾကည့္ေရးအဖြဲ႕တစ္ရပ္က ဆိုသည္။ စစ္တပ္ကမူ ေသဆုံးႏႈန္းက အေတာ္ေလး နည္းသည္ဟု ေျပာထားသည္။