ၾကားသိသမွ်

သေနတ်ပြောင်းတွေ ပြန်လှည့်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့

သေနတ်ပြောင်းတွေ ပြန်လှည့်လာနိုင်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့

စစ်ကောင်စီဟာ ကျေးရွာပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးဖို့ ပြင်ဆင်နေတယ် ။ ခြောက်လကျော်ကြာလာတဲ့ အာဏာသိမ်းမှု့ဟာ တည်ငြိမ်

မှု့မရဘဲ တဖြည်းဖြည်း တပ်ပျက်လာတဲ့အခြေအနေနဲ့ PDF တွေကို တုန့်ပြန်ပေးဖို့ အားကိုးရှာပြီး ပြည်သူအချင်းချင်း ရန်တိုက်ပေးဖို့

ကြံစည်တယ်လို့ ယူဆရပါတယ် ။ ပ်ညြ်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပုဂ္ဂလိကစက်ရုံအချို့မှာ လက်နက်တွေထုတ်လုပ်နေတဲ့

အကြောင်းကို သတင်းရထားတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားတာပါ ။ ဒီစွပ်စွဲမှု့ရဲ့ နောက်ကွယ်မှာ စိုးရိမ်မှု့တွေလည်း မြင့်တက်နေပုံရပါတယ် ။

ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းဖို့ ပြင်ဆင်နေတာဟာ မြန်မာပြည်အနှံ့အပြားက လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု့ကို

ပြန်လည်ခုခံနိုင်ဖို့အတွက်လို့လည်း အကြောင်းပြထားပါတယ် ။ စစ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွေက

ပြည်သူ့စစ်ဖွဲ့စည်းရေးအတွက် ဆွေးနွေးနေတယ်လို့ စစ်ကောင်စီပိုင် သတင်းစာမှာ ဖော်ပြထားပါတယ် ။ စစ်ကောင်စီလက်အောက်ခံ

ပြည်နယ်အုပ်ချုပ်ရေးကောင်စီအသီးသီးက စစ်အစိုးရဆန့်ကျင်သူတွေကို ဆုငွေနဲ့ လက်နက်တွေ ပေးအပ်သွားမယ်လို့ မက်လုံးပေးထားပါသေးတယ် ။

မြန်မာပြည်အတွင်းမှာ အခြေစိုက်ပြီး လေ့လာဆန်းစစ်နေသူ DAVID MATHIESON က ” စစ်တပ်အပေါ်မှာ အကြီးအကျယ် ဒေါသထွက်

နေတဲ့ ပြည်သူလူထုက ပြည်သူ့စစ်အဖွဲ့ဝင်ဖို့ ဘယ်သူမှ ဆန္ဒမရှိကြပါဘူး ” လို့ ဘန်ကောက်ပိုစ့်နဲ့ တွေ့ဆုံခန်းမှာ ပြောထားပါတယ် ။

” ပြည်သူ့စစ်ဖွဲ့စည်းပေးတာဟာ ၊ စစ်ကောင်စီအတွက် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခံနိုင်ရတဲ့အတွက် အကျပ်ရိုက်စရာဖြစ်နေတယ် ” လို့လည်း ပြောထားပါသေးတယ် ။

စင်္ကာပူနိုင်ငံကတော့ အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာ့အရေးကို ဖြေရှင်းကူညီနိုင်ဖို့ မလွယ်ဘူးလို့ တရားဝင်ထုတ်ပြောလိုက်ပါပြီ ။

သုံးသပ်ရရင် ….၊ မြန်မာ့အရေးဟာ အာဆီယံကို ပုံအပ်တာဝန်ပေးလို့ မရနိုင်ဘူးဆိုတာ ကမ္ဘာက သိသွားပါတယ် ။ အာဆီယံအစည်းအဝေး

အတွက် စစ်ကောင်စီကို လေ့လာသူအဖြစ် ဖိတ်ခေါ်ထားတယ်ဆိုတဲ့သတင်းကလည်း ဒီရက်ပိုင်းမှာ ပျံ့လွင့်နေပါတယ် ။ မနေ့ကတော့

ပြည်တွင်းသတင်းတင်သူတစ်ယောက်က အာဆီယံအစည်းအဝေးအတွက် ဒေါက်တာဆာဆာကို ဖိတ်ခေါ်ထားတယ်လို့ အသိပေးထားပါ

တယ် ။ ဒီသတင်းကတော့ နိုင်ငံတကာသတင်းတွေမှာ မတွေ့ရသေးပါဘူး ။

ဒီရက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ရေးအင်အား ဖြန့်ကျက်လာပေမယ့် ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF ကတော့ အရိပ်အယောင်မပြဘဲ

ပိုလို့တောင် ငြိမ်သွားပါတယ် ။ စစ်ကောင်စီဘက်ကတော့ ငြိမ်နေလေလေ ၊ ကြောက်လာလေလေဆိုသလိုပါဘဲ ။ ခေတ်လူငယ်တွေ

ဦးဆောင်မယ့် ပြည်တွင်းစစ်အတွက် ယောက်ယက်ခတ်နေပြီဆိုတာ ထင်ရှားနေပါတယ် ။

အာဖဂန်ကို အပြီကိုင်မယ်လို့ တွေးထင်ခဲ့တဲ့ တရုပ်ရဲ့အကြံအစည်ဟာ ပျက်စီးသွားပါတယ် ။ ဘိုင်ဒန်အစိုးရဟာ အာဖဂန်ကို အမေရိကန်

စစ်တပ်တွေ ပြန်ဝင်ဖို့ ထောက်ခံမှု့တောင်းခံနေပြီး ၊ ပြန်ဝင်နေပါပြီ ။ တောင်တရုပ်ပင်လယ်အရေးနဲ့ အာဖဂန်အတွက် အကူအညီပေးရမှာမို့

မြန်မာ့အရေးကို တရုပ်က ထဲထဲဝင်ဝင် ပါဝင်ဖို့ သိပ်မလွယ်လှပါဘူး ။

အနှစ်ချုပ်ရရင် ……၊ NUG ဟာ ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ တိုးတိုးတိတ်တိတ် တိုင်ပင်နေပြီး ၊ စစ်ရေးမစသေးဘဲ စက်တင်ဘာညီလာခံကို

စောင့်နေပုံရပါတယ် ။ ထီလက်မှတ် ၊ ပရိုဖိုင်နဲ့ ရေဒီယိုမှာ အားပေးမှု့တွေ ဝက်ဝက်ကွဲအောင်ရနေတဲ့ NUG ကို ကုလနဲ့ နိုင်ငံတကာက

လည်း စောင့်ကြည့်နေပါတယ် ။ စာရေးသူကတော့ စစ်ရေးအထိမရောက်ပဲ သံတမန်နည်းလမ်းနဲ့ အောင်မြင်နိုင်မယ်လို့ ခန့်မှန်းချင်ပါတယ် ။

ဘကြီးအောင် LA

Zawgyi

ေသနတ္ေျပာင္းေတြ ျပန္လွည့္လာနိုင္တဲ့ စစ္ေကာင္စီရဲ့ ျပည္သူ႔စစ္အဖြဲ႕

စစ္ေကာင္စီဟာ ေက်းရြာျပည္သူ႔စစ္အဖြဲ႕ေတြ ဖြဲ႕စည္းေပးဖို႔ ျပင္ဆင္ေနတယ္ ။ ေျခာက္လေက်ာ္ၾကာလာတဲ့ အာဏာသိမ္း

မႈ႔ဟာ တည္ၿငိမ္မႈ႔မရဘဲ တျဖည္းျဖည္း တပ္ပ်က္လာတဲ့အေျခအေနနဲ႔ PDF ေတြကို တုန႔္ျပန္ေပးဖို႔ အားကိုးရွာၿပီး ျပည္သူအ

ခ်င္းခ်င္း ရန္တိုက္ေပးဖို႔ ႀကံစည္တယ္လို႔ ယူဆရပါတယ္ ။ ပ္ျည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဟာ ပုဂၢလိကစက္႐ုံအခ်ိဳ႕မွာ လက္နက္ေ

တြထုတ္လုပ္ေနတဲ့အေၾကာင္းကို သတင္းရထားတယ္လို႔ စစ္ေကာင္စီဘက္က စြပ္စြဲထားတာပါ ။ ဒီစြပ္စြဲမႈ႔ရဲ့ ေနာက္ကြယ္မွာ စိုးရိမ္မႈ႔ေတြလည္း ျမင့္တက္ေနပုံရပါတယ္ ။

ျပည္သူ႔စစ္အဖြဲ႕ေတြ ဖြဲ႕စည္းဖို႔ ျပင္ဆင္ေနတာဟာ ျမန္မာျပည္အႏွံ့အျပားက လက္နက္ကိုင္ တိုင္းရင္းသားတပ္ဖြဲ႕ေတြရဲ့ တိုက္ခိုက္

မႈ႔ကို ျပန္လည္ခုခံနိုင္ဖို႔အတြက္လို႔လည္း အေၾကာင္းျပထားပါတယ္ ။ စစ္အစိုးရက ဖြဲ႕စည္းေပးထားတဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးေကာင္

စီေတြက ျပည္သူ႔စစ္ဖြဲ႕စည္းေရးအတြက္ ေဆြးေႏြးေနတယ္လို႔ စစ္ေကာင္စီပိုင္ သတင္းစာမွာ ေဖာ္ျပထားပါတယ္ ။ စ

စ္ေကာင္စီလက္ေအာက္ခံ ျပည္နယ္အုပ္ခ်ဳပ္ေရးေကာင္စီအသီးသီးက စစ္အစိုးရဆန႔္က်င္သူေတြကို ဆုေငြနဲ႔ လက္နက္ေတြ ေပးအပ္သြားမယ္လို႔ မက္လုံးေပးထားပါေသးတယ္ ။

ျမန္မာျပည္အတြင္းမွာ အေျခစိုက္ၿပီး ေလ့လာဆန္းစစ္ေနသူ DAVID MATHIESON က ” စစ္တပ္အေပၚမွာ အႀကီးအက်ယ္ ေဒါ

သထြက္ေနတဲ့ ျပည္သူလူထုက ျပည္သူ႔စစ္အဖြဲ႕ဝင္ဖို႔ ဘယ္သူမွ ဆႏၵမရွိၾကပါဘူး ” လို႔ ဘန္ေကာက္ပိုစ့္နဲ႔ ေတြ႕ဆုံခန္းမွာ ေျပာထားပါတယ္ ။

” ျပည္သူ႔စစ္ဖြဲ႕စည္းေပးတာဟာ ၊ စစ္ေကာင္စီအတြက္ ငါးၾကင္းဆီနဲ႔ ငါးၾကင္းေၾကာ္ခံနိုင္ရတဲ့အတြက္ အက်ပ္ရိုက္စရာျဖစ္ေနတယ္ ” လို႔လည္း ေျပာထားပါေသးတယ္ ။

စကၤာပူနိုင္ငံကေတာ့ အာဆီယံအထူးကိုယ္စားလွယ္ဟာ ျမန္မာ့အေရးကို ေျဖရွင္းကူညီနိုင္ဖို႔ မလြယ္ဘူးလို႔ တရားဝင္ထုတ္ေျပာလိုက္ပါၿပီ ။

သုံးသပ္ရရင္ ….၊ ျမန္မာ့အေရးဟာ အာဆီယံကို ပုံအပ္တာဝန္ေပးလို႔ မရနိုင္ဘူးဆိုတာ ကမၻာက သိသြားပါတယ္ ။ အာဆီယံအစည္းအေဝး

အတြက္ စစ္ေကာင္စီကို ေလ့လာသူအျဖစ္ ဖိတ္ေခၚထားတယ္ဆိုတဲ့သတင္းကလည္း ဒီရက္ပိုင္းမွာ ပ်ံ႕လြင့္ေနပါတယ္ ။

မေန႔ကေတာ့ ျပည္တြင္းသတင္းတင္သူတစ္ေယာက္က အာဆီယံအစည္းအေဝးအတြက္ ေဒါက္တာဆာဆာကို ဖိတ္ေခၚထားတယ္လို႔

အသိေပးထားပါတယ္ ။ ဒီသတင္းကေတာ့ နိုင္ငံတကာသတင္းေတြမွာ မေတြ႕ရေသးပါဘူး ။

ဒီရက္ပိုင္းမွာ စစ္ေကာင္စီဘက္က စစ္ေရးအင္အား ျဖန႔္က်က္လာေပမယ့္ ၊ တိုင္းရင္းသားအဖြဲ႕ေတြနဲ႔ PDF ကေတာ့ အရိပ္အေယာင္မျပဘဲ

ပိုလို႔ေတာင္ ၿငိမ္သြားပါတယ္ ။ စစ္ေကာင္စီဘက္ကေတာ့ ၿငိမ္ေနေလေလ ၊ ေၾကာက္လာေလေလဆိုသလိုပါဘဲ ။ ေခတ္လူငယ္ေတြ

ဦးေဆာင္မယ့္ ျပည္တြင္းစစ္အတြက္ ေယာက္ယက္ခတ္ေနၿပီဆိုတာ ထင္ရွားေနပါတယ္ ။

အာဖဂန္ကို အၿပီကိုင္မယ္လို႔ ေတြးထင္ခဲ့တဲ့ တ႐ုပ္ရဲ့အႀကံအစည္ဟာ ပ်က္စီးသြားပါတယ္ ။ ဘိုင္ဒန္အစိုးရဟာ အာဖဂန္ကို အေမရိကန္စစ္တပ္ေတြ ျပန္

ဝင္ဖို႔ ေထာက္ခံမႈ႔ေတာင္းခံေနၿပီး ၊ ျပန္ဝင္ေနပါၿပီ ။ ေတာင္တ႐ုပ္ပင္လယ္အေရးနဲ႔ အာဖဂန္အတြက္ အကူအညီေပးရမွာမို႔ ျမန္မာ့အေ

ရးကို တ႐ုပ္က ထဲထဲဝင္ဝင္ ပါဝင္ဖို႔ သိပ္မလြယ္လွပါဘူး ။အႏွစ္ခ်ဳပ္ရရင္ ……၊ NUG ဟာ ကမၻာ့အဖြဲ႕အစည္းေတြနဲ႔ တိုးတိုးတိတ္တိတ္ တိုင္ပ

င္ေနၿပီး ၊ စစ္ေရးမစေသးဘဲ စက္တင္ဘာညီလာခံကို ေစာင့္ေနပုံရပါတယ္ ။ ထီလက္မွတ္ ၊ ပရိုဖိုင္နဲ႔ ေရဒီယိုမွာ အားေပးမႈ႔ေတြ ဝက္ဝက္ကြဲေအာင္ရေနတဲ့ NUG ကို ကုလနဲ႔ နိုင္ငံတကာက

လည္း ေစာင့္ၾကည့္ေနပါတယ္ ။ စာေရးသူကေတာ့ စစ္ေရးအထိမေရာက္ပဲ သံတမန္နည္းလမ္းနဲ႔ ေအာင္ျမင္နိုင္မယ္လို႔ ခန႔္မွန္းခ်င္ပါတယ္ ။

ဘႀကီးေအာင္ LA