ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း သားဖွားဆရာမ(၃၅)ဦးကို CDM နေရာတွင် အစားထိုး
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေး
ဦးစီးဌာန(ကျိုင်းတုံ)က သားဖွားဆရာမ (၃၅) ဦးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်
များမှ CDM လုပ်ဆောင်ထားသည့် သားဖွားဆရာမများ၏ နေရာတွင် အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။
အစားထိုးသည့် မြို့နယ်များမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့နယ်မှ (၁၀)ဦး အပါအဝင် ကျိုင်းတုံမြို့နယ်မှ (၁၁)ဦး၊
မိုင်းဖြတ်မြို့နယ်မှ(၂)ဦး၊ မိုင်းဆတ်မြို့နယ်မှ(၄)ဦး၊ မိုင်းတုံမြို့နယ်မှ(၃)၊ မိုင်းပျဉ်းမြို့နယ်မှ (၁)ဦး၊ မိုင်းခတ်မြို့နယ်မှ (၁)ဦး၊ မိုင်းယောင်း
မြို့နယ်မှ (၁)ဦးနှင့် မိုင်းယန်းမြို့နယ်မှ (၂)ဦးတို့ ပါဝင်ကြောင်း သိရသည်။
တာချီလိတ်မြို့မှ အစားထိုးသည့် (၁၀)ဦးတွင် မယ်ယန်းနှင့်မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနတို့မှ (၇)ဦးပါဝင်ရာ CDM လုပ်ဆောင်သည့်
ကျေးလက်ကျန်းမာရေးဌာနများအနက် မယ်ယန်းနှင့်မိုင်းကိုးကျေးလက်ကျန်းမာရေးဌာနကို ပူးတွဲတာဝန်ယူထားသည့် ကျန်းမာရေးမှူး
သည် CDM လုပ်ဆောင်သည့် ကျန်းမာရေးဝန်ထမ်းများကို ဖိနှိပ်ခြင်း နှင့် ခြိမ်းခြောက်ခြင်းများ အမျိုးမျိုးလုပ်ဆောင်ကြောင်း CDM
ကျန်းမာရေးဝန်ထမ်းများအကြား ပြောဆိုသံများလည်း ကြားသိနေရသည်။
Source ;Techileik News Agency
Zawgyi
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း သားဖြားဆရာမ(၃၅)ဦးကို CDM ေနရာတြင္ အစားထိုး
အာဏာသိမ္းစစ္ေကာင္စီ၏ ျပည္သူ႔က်န္းမာေရးဦးစီးဌာနလက္ေအာက္ရွိ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္ျပည္သူ႔က်န္း
မာေရးဦးစီးဌာန(က်ိဳင္းတုံ)က သားဖြားဆရာမ (၃၅) ဦးကို ၂၀၂၁ ခုႏွစ္ ဩဂုတ္လ (၂၃)ရက္ေန႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အ
တြင္းရွိ ၿမိဳ႕နယ္မ်ားမွ CDM လုပ္ေဆာင္ထားသည့္ သားဖြားဆရာမမ်ား၏ ေနရာတြင္ အစားထိုး ခန႔္အပ္လိုက္ေၾကာင္း သိရသည္။
အစားထိုးသည့္ ၿမိဳ႕နယ္မ်ားမွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း တာခ်ီလိတ္ၿမိဳ႕နယ္မွ (၁၀)ဦး အပါအဝင္ က်ိဳင္းတုံၿမိဳ႕နယ္မွ
(၁၁)ဦး၊ မိုင္းျဖတ္ၿမိဳ႕နယ္မွ(၂)ဦး၊ မိုင္းဆတ္ၿမိဳ႕နယ္မွ(၄)ဦး၊ မိုင္းတုံၿမိဳ႕နယ္မွ(၃)၊ မိုင္းပ်ဥ္းၿမိဳ႕နယ္မွ (၁)ဦး၊ မိုင္းခတ္ၿမိဳ႕နယ္မွ
(၁)ဦး၊ မိုင္းေယာင္းၿမိဳ႕နယ္မွ (၁)ဦးႏွင့္ မိုင္းယန္းၿမိဳ႕နယ္မွ (၂)ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕မွ အစားထိုးသည့္ (၁၀)ဦးတြင္ မယ္ယန္းႏွင့္မိုင္းကိုးေက်းလက္က်န္းမာေရးဌာနတို႔မွ (၇)ဦးပါဝင္ရာ CDM လုပ္ေ
ဆာင္သည့္ ေက်းလက္က်န္းမာေရးဌာနမ်ားအနက္ မယ္ယန္းႏွင့္မိုင္းကိုးေက်းလက္က်န္းမာေရးဌာနကို ပူးတြဲတာဝန္ယူထားသည့္ က်
န္းမာေရးမႉးသည္ CDM လုပ္ေဆာင္သည့္ က်န္းမာေရးဝန္ထမ္းမ်ားကို ဖိႏွိပ္ျခင္း ႏွင့္ ၿခိမ္းေျခာက္ျခင္းမ်ား အမ်ိဳးမ်ိဳး
လုပ္ေဆာင္ေၾကာင္း CDM က်န္းမာေရးဝန္ထမ္းမ်ားအၾကား ေျပာဆိုသံမ်ားလည္း ၾကားသိေနရသည္။
Source ;Techileik News Agency