ၾကားသိသမွ်

ဖုန်းတိုင်ပေါ် မှာ CCTV တပ်ဆင်နေသော အလုပ်သမားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်တစ်ခု

ပြီးခဲ့တဲ့သြဂုတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မြိုင်သာယာပန်ခြံထောင့်မှာ ဖုန်းတိုင်ပေါ် CCTV တပ်ဆင်တဲ့အလုပ်သမား

တစ်ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီကာလမှာ အကျပ်အတည်းဖြစ်လွန်းတာကြောင့် အသက်အန္တရာယ်နဲ့နီးတဲ့

အလုပ်တွေကို ကြိုးစားပန်းစားလုပ်ကိုင်ရင်း အခုလိုအသက်ဆုံးရှုံးခဲ့ရတာ တကယ်ကိုစိတ်မကောင်းစရာပါပဲ။ သေဆုံးသူအား ဘိုဘိုဝင်း

Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှသက်ဆိုင်ရာသို့အကြောင်းကြားပြီး လိုအပ်တာ စစ်ဆေး၍ မော်လမြိုင်ဆေးရုံကြီး OPD မှ တ

ဆင့်ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ ကြောင်းသိရပါတယ်။


Photo Credit – Rightful Owner
ခက်ခဲလွန်းတဲ့ဘဝတွေမှာ တစ်ဝမ်းတစ်ခါးအတွက် အသက်တွေရော ဘဝတွေပါရင်းရတဲ့ ဖြစ်ရပ်မျိုး ထပ်ပြီးမမြင်ချင်တော့ပါဘူး။ သေဆုံး

သူအတွက်စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြည်သူအချို့က မှတ်ချက်ရေးသားခဲ့ကြပါတယ်။ မိသားစုရဲ့စားဝတ်နေရေးအတွက် အသက်နဲ့

ရင်းပြီးရုန်းကန်ခဲ့ရပေမယ့် တကယ်တမ်းသေဆုံးသွားတဲ့အချိန်မှာတော့ အကူအညီမဲ့စွာနဲ့ လောကကြီးကိုချန်ထားခဲ့ရတာ စိတ်မကောင်း

စရာပါ။


Photo Credit – Rightful Owner


Photo Credit – Rightful Owner
အခုလိုမိုးရာသီမှာ ဓာတ်ကြိုးနဲ့နီးတဲ့နေရာတွေကိုသွားလာတဲ့အခါမှာဂရုစိုက်သင့်ပါတယ်။ လိုအပ်တဲ့ အကာအကွယ်အပြည့်အစုံနဲ့လုပ်

ရင်တောင် အသက်အန္တရာယ်အတွက် အတော်လေးစိုးရိမ်စရာပါ။ အခုလိုမတော်တဆဖြစ်ရပ်တွေမှာ အသက်ဆုံးရှုံးသွားရတာလည်း

ဝမ်းနည်းစရာပါပဲ။ သေဆုံးသူလည်း ကောင်းမွန်ရာဘုံဘဝမှာ အေးချမ်းပြီး နောက်ဘဝတွေမှာ ဒီလိုအဖြစ်ဆိုးမျိုးထပ်မကြုံပါစေနဲ့လို့

ဆုတောင်းပေးပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ၾသဂုတ္လ (၂၄) ရက္ေန႔ နံနက္ပိုင္းတြင္ ေမာ္လၿမိဳင္ၿမိဳ႕ ၿမိဳင္သာယာပန္ၿခံေထာင့္မွာ ဖုန္းတိုင္ေပၚ CCTV တပ္ဆင္တဲ့အလုပ္

သမားတစ္ဦး ဓာတ္လိုက္မႈျဖစ္ပြားခဲ့ၿပီး အသက္ဆုံးရႈံးခဲ့ရပါတယ္။ ဒီကာလမွာ အက်ပ္အတည္းျဖစ္လြန္းတာေၾကာင့္ အသက္အႏၲရာယ္

နဲ႔နီးတဲ့အလုပ္ေတြကို ႀကိဳးစားပန္းစားလုပ္ကိုင္ရင္း အခုလိုအသက္ဆုံးရႈံးခဲ့ရတာ တကယ္ကိုစိတ္မေကာင္းစရာပါပဲ။ ေသဆုံးသူအား ဘို

ဘိုဝင္း Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ မွသက္ဆိုင္ရာသို႔အေၾကာင္းၾကားၿပီး လိုအပ္တာ စစ္ေဆး၍ ေမာ္လၿမိဳင္ေဆး႐ုံႀ

ကီး OPD မွ တဆင့္ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ ေၾကာင္းသိရပါတယ္။

ခက္ခဲလြန္းတဲ့ဘဝေတြမွာ တစ္ဝမ္းတစ္ခါးအတြက္ အသက္ေတြေရာ ဘဝေတြပါရင္းရတဲ့ ျဖစ္ရပ္မ်ိဳး ထပ္ၿပီးမျမင္ခ်င္ေတာ့ပါဘူး။ ေ

သဆုံးသူအတြက္စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္း ျပည္သူအခ်ိဳ႕က မွတ္ခ်က္ေရးသားခဲ့ၾကပါတယ္။ မိသားစုရဲ့စားဝတ္ေနေရးအတြ

က္ အသက္နဲ႔ရင္းၿပီး႐ုန္းကန္ခဲ့ရေပမယ့္ တကယ္တမ္းေသဆုံးသြားတဲ့အခ်ိန္မွာေတာ့ အကူအညီမဲ့စြာနဲ႔ ေလာကႀကီးကိုခ်န္ထားခဲ့ရ

တာ စိတ္မေကာင္းစရာပါ။

အခုလိုမိုးရာသီမွာ ဓာတ္ႀကိဳးနဲ႔နီးတဲ့ေနရာေတြကိုသြားလာတဲ့အခါမွာဂ႐ုစိုက္သင့္ပါတယ္။ လိုအပ္တဲ့ အကာအကြယ္အျပည့္အစုံနဲ႔လုပ္ရင္ေ

တာင္ အသက္အႏၲရာယ္အတြက္ အေတာ္ေလးစိုးရိမ္စရာပါ။ အခုလိုမေတာ္တဆျဖစ္ရပ္ေတြမွာ အသက္ဆုံးရႈံးသြားရတာလည္း ဝမ္းန

ည္းစရာပါပဲ။ ေသဆုံးသူလည္း ေကာင္းမြန္ရာဘုံဘဝမွာ ေအးခ်မ္းၿပီး ေနာက္ဘဝေတြမွာ ဒီလိုအျဖစ္ဆိုးမ်ိဳးထပ္မၾကဳံပါေစနဲ႔လို႔

ဆုေတာင္းေပးပါတယ္။