KNU မြို့နယ်ရုံးအား တိုက်ခိုက် သိမ်းယူစဉ်ကပုံအဟောင်းများအသုံးပြုပြီး ဘီးလင်း PDF စခန်း စစ်တပ်သိမ်းယူဆိုတဲ့ သတင်းမှားများပြန့်
ဒီကနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ လူမှုကွန်ရက်ထက်ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းနေထိုင်သည့် ဘီးလင်း PDF စခန်းကို အာဏာသိမ်း
စစ်တပ်က တိုက်ခိုက်သိမ်းယူဆိုပြီး သတင်းအမှားများ ပြန့်နှံ့နေပါတယ်။
အဆိုပါ သတင်းအမှားများထဲ ပါဝင်နေတဲ့ ဓာတ်ပုံတွေဟာ ဩဂုတ်လ ၁၁ ရက်က ပေါင်မြို့နယ် သဲအိမ်ရွာနဲ့ ကတိုက်ရွာကြားမှာရှိတဲ့ မော်စ
ကိုမြို့နယ်ရုံးအား စစ်ကောင်တီတပ်များဝင်တိုက်စဉ်က သတင်းဓာတ်ပုံများဖြစ်ပါတယ်။
ဩဂုတ်လ ၁၁ ရက်က KNLA တပ်မဟာ ၁၊ တပ်မဟာမှူး ဈာပန ပြုလုပ်တဲ့နေ့တွင် တာဝန်ရှိသူများ မရှိခိုက် စစ်ကောင်စီတပ်က အဆိုပါ
ရုံးကို ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲ့လို ဝင်ရောက်စီးနင်းမှုကြောင့် KNU တပ်သား သုံးဦး အပါအဝင် အနီးအနား ရော်ဘာခြံတွငိ အလုပ်
လုပ်ကိုင်နေတဲ့ ခြံဝန်ထမ်းများကိုပါ PDF အဖွဲ့ဝင်များဟုဆိုပြီး ဖမ်းစီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ယခုပြန့်နှံ့နေတဲ့ သတင်းအမှား ဓာတ်ပူံတွေဟာ မော်စကိုရုံး ဝင်ဆီးခံရစဉ်က ဓာတ်ပုံအဟောင်းများ ဖြစ်သလို ဘီးလင်း PDF အဖွဲ့ရဲ့စခန်း
မဟုတ်ကြောင်း သိရှိရပါတယ်။
နောက်ထပ်ထွက်ပေါ်နေတဲ့ သတင်းအမှားဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းမော်ကွန်းအဖွဲ ဦးဆောင်နေတဲ့ စခန်းလည်း မဟုတ်သလို သူ့ရဲ့အ
မျိူးသမီး အဖမ်းခံရတယ်ဆိုတာလည်း မဟုတ်မှန်ကြောင်း Misinformation Buster အစီအစဉ်မှ ပြောကြားလိုက်ပါတယ်။
Zawgyi