KIA ထုတ်ပြန်လိုက်သော Statement (အိမ်စာ) အားမြန်မာတစ်ပြည်လုံးဝိုင်းဝန်း စိတ်ဝင်စား
အရင်က KIA Statement တစ်ခုထုတ်လျှင်ကချင်ပြည်သူများနှင့်သာဆိုင်သည်။ကချင်ပြည်သူများသာစိတ်ဝင်စားသည်။ကချင်ပြည်သူများ
သာဝေဖန်သည်။သုံးသပ်သည်။
မနေ့ကထုတ်ပြန်လိုက်သော KIA ၏ Statement (အိမ်စာ) အားမြန်မာတစ်ပြည်လုံးဝိုင်းဝန်း စိတ်ဝင်စားယုံမက စွံ့အသွားသူများရှိသလို
အားမလိုအားမရဖြစ်သူများ၊ချက်ခြင်းပင် ဇောချွေးပြန်ကာအပြစ်တင်စောသူများနှင့် KIA ဘာဘဲလုပ်လုပ် ၁၀၀% ထောက်ခံပြီးသားဆိုတဲ့
အဖြေအမျိုးမျိုးထွက်ကြပါတယ်။သိပ်တခိုးကျေနပ်နေတာကျွန်တော်တစ်ယောက်တည်းလား?
KIA ၏လုပ်ဆောင်မှုအားအပြည့်အဝထောက်ခံသောသူများတွင် ကချင်ပြည်သူများထက်ပင်ပြည်မဘက်မှဗမာလူမျိုးများ၏ နားလည်မှု
သံနှင့်အတူယုံကြည်မှုပြည်ဝသည့်အသံများကြားရတော့ငါတို့တစ်ကယ်စည်းလုံးနေပြီဆိုတာသက်သေပြနေပါပြီ။ကျွန်တော်ထင်ထားတာ
ထက်တောင်စည်းလုံးညီညွတ်မှုတွေခိုင်မြဲနေပါပြီ။
ကျွန်တော်သိတတ်စ အရွယ်မှအားကိုးချစ်ခင်ခဲ့သော KIO/ KIA..ကျွန်တော့လူငယ်ဘဝတစ်ခုလုံးပေးဆပ်ခဲ့သောKIO/ KIA ဟာ
မြန်မာတစ်ပြည်လုံး၏အနာဂတ်ကိုရှေးရှုကာလုပ်ဆောင်နေကြောင်းနှင့် ပြည်သူများအားချောက်နက်ကြီးထဲခေါ်ဆင်းမည့်အဖွဲ့အစည်း
မဟုတ်ကြောင်းကို ကျွန်တော့အသက်နှင့်အလဲထပ်ကာ ယုံကြည်ပါတယ်။
KIA ၏ထုတ်ပြန်စာထဲတွင် ပြည်သူများတစ်ပူပေါ်နှစ်ပူဆင့်ဖြစ်လာမည်ကိုစိုးရိမ်ကြောင်း..သေခြာသုံးသတ်ကြည့်လျှင် KIA ၏စေတနာ
အမှန်ကိုရှာသောသူတွေ့မြင်နိုင်ပါတယ်ဗျာ။
အားလုံးကြားချင်နေတဲ့ တိုက်ပွဲသံများမကြာမှီ ပိုမိုစိတ်လာနိုင်ဖွယ်ရှိ။ပြည်သူများဘေးကင်းဖို့ဘဲမျှော်လင့်ပါတယ်။အခုလောလောဆယ်
သင်ကောင်းလျှင်ကျွန်ုတ်မဆိုးပါ..သင်မကောင်းလျှင်ကျွန်ုတ်အဆိုးမဆိုပါနှင့်..
Credit; G D Brang
Zawgyi
KIA ထုတ္ျပန္လိုက္ေသာ Statement (အိမ္စာ) အားျမန္မာတစ္ျပည္လုံးဝိုင္းဝန္း စိတ္ဝင္စား
အရင္က KIA Statement တစ္ခုထုတ္လၽွင္ကခ်င္ျပည္သူမ်ားႏွင့္သာဆိုင္သည္။ကခ်င္ျပည္သူမ်ားသာစိတ္ဝင္စားသည္။ကခ်င္ျပည္သူမ်ားသာေဝဖန္သ
ည္။သုံးသပ္သည္။
မေန႔ကထုတ္ျပန္လိုက္ေသာ KIA ၏ Statement (အိမ္စာ) အားျမန္မာတစ္ျပည္လုံးဝိုင္းဝန္း စိတ္ဝင္စားယုံမက စြံ့အသြားသူမ်ားရွိ
သလို အားမလိုအားမရျဖစ္သူမ်ား၊ခ်က္ျခင္းပင္ ေဇာေခၽြးျပန္ကာအျပစ္တင္ေစာသူမ်ားႏွင့္ KIA ဘာဘဲလုပ္လုပ္ ၁၀၀% ေထာက္ခံၿပီး
သားဆိုတဲ့အေျဖအမ်ိဳးမ်ိဳးထြက္ၾကပါတယ္။သိပ္တခိုးေက်နပ္ေနတာကၽြန္ေတာ္တစ္ေယာက္တည္းလား?
KIA ၏လုပ္ေဆာင္မႈအားအျပည့္အဝေထာက္ခံေသာသူမ်ားတြင္ ကခ်င္ျပည္သူမ်ားထက္ပင္ျပည္မဘက္မွဗမာလူမ်ိဳးမ်ား၏ နားလည္မႈသံႏွင့္အ
တူယုံၾကည္မႈျပည္ဝသည့္အသံမ်ားၾကားရေတာ့ငါတို႔တစ္ကယ္စည္းလုံးေနၿပီဆိုတာသက္ေသျပေနပါၿပီ။ကၽြန္ေတာ္ထင္ထား
တာထက္ေတာင္စည္းလုံးညီညြတ္မႈေတြခိုင္ျမဲေနပါၿပီ။
ကၽြန္ေတာ္သိတတ္စ အရြယ္မွအားကိုးခ်စ္ခင္ခဲ့ေသာ KIO/ KIA..ကၽြန္ေတာ့လူငယ္ဘဝတစ္ခုလုံးေပးဆပ္ခဲ့ေသာKIO/ KIA ဟာ ျမန္မာ
တစ္ျပည္လုံး၏အနာဂတ္ကိုေရွးရႈကာလုပ္ေဆာင္ေနေၾကာင္းႏွင့္ ျပည္သူမ်ားအားေခ်ာက္နက္ႀကီးထဲေခၚဆင္းမည့္အဖြဲ႕အ
စည္းမဟုတ္ေၾကာင္းကို ကၽြန္ေတာ့အသက္ႏွင့္အလဲထပ္ကာ ယုံၾကည္ပါတယ္။
KIA ၏ထုတ္ျပန္စာထဲတြင္ ျပည္သူမ်ားတစ္ပူေပၚႏွစ္ပူဆင့္ျဖစ္လာမည္ကိုစိုးရိမ္ေၾကာင္း..ေသျခာသုံးသတ္ၾကည့္လၽွင္ KIA ၏
ေစတနာအမွန္ကိုရွာေသာသူေတြ႕ျမင္နိုင္ပါတယ္ဗ်ာ။
အားလုံးၾကားခ်င္ေနတဲ့ တိုက္ပြဲသံမ်ားမၾကာမွီ ပိုမိုစိတ္လာနိုင္ဖြယ္ရွိ။ျပည္သူမ်ားေဘးကင္းဖို႔ဘဲေမၽွာ္လင့္ပါတယ္။အခုေလာေလာ
ဆယ္ သင္ေကာင္းလၽွင္ကၽြန္ုတ္မဆိုးပါ..သင္မေကာင္းလၽွင္ကၽြန္ုတ္အဆိုးမဆိုပါႏွင့္..
Credit; G D Brang