ၾကားသိသမွ်

ထင်ထားတာထက် မြန်ဆန်လာတော့မယ့် ပြည်သူ့အောင်ပွဲ (မကြုံစဖူး စည်းလုံးနေတဲ့ တိုင်းရင်းသားတွေနဲ့ ဓါတ်တိုင်စာကပ်ရတဲ့ အဆင့်ရောက်နေတဲ့ မအလ)

မကြာခင်လို့ထင်မြင်မိနေပြီဗျ

စကစတစ်ဖွဲ့နဲ့ မြန်မာတစ်ပြည်လုံးတို့ ထိပ်တိုက်တွေ့ကြရမဲ့အချိန်ကာလသိပ်ကိုနီးကပ်နေပြီလို့ပြောကြားပါရစေ…..

လက်ရှိအခြေ အနေအရ စကစဟာအင်အား ရှိသေးသရောင်ရောင်သူ့ ရဲ့အောက်ခြေ စခတွေကို ဂျင်းကြွေးနေရပြီဆိုတာသိသာပါတယ်……

မြို့ပေါ်တွေမှာNLDကဘဲမဲလိမ်လို့သူတို့အာဏာထိမ်းရတာပါ၊PDF တွေလက်နက်ချအလင်းဝင်ပါဆိုတဲ့ စာတွေကိုလိုက်ကပ်နေကြတာ

တွေ့ရတယ်…..ဒီလူက ဖျင်ခံလို့သာကာချူပ်ဖြစ်လာတဲ့သဘောပါ၊ ဘာမှအရည်အချင်းမရှိသလို ကလိန်ကကျစ်ကျတဲ့နေရာမှာဘဲတတ်တဲ့

အကောင်ဆိုပါတော့၊ကိုယ့်လုပ်ရပ်ကိုတောင်ဘာလုပ်နေမှန်းသူ့ကိုသူမသိတဲ့လူစားမျိူးပါ…

ငါ့ကို ပြည်သူတွေဘယ်လိုသဘောထားနေပြီလဲ၊ငါပြောတာကိုလက်ခံသလားဆိုတာလောက်တောင်မသိတော့တဲ့အခြေအနေပါဘဲ….

ပြည်မဘက်မှာသူတို့ဘဲအနိူင်ရနေသလိုလိုရခိုင်ဘက်ကို စစ်ရေးတွေတင်းကျပ်ပြထားတယ်၊AAကလည်းဘာမှမလူပ်သေးတာကိုးဗျ၊

KNUဘက်ကိုထိုးစစ်ဆင်လာနေတာတော့အခုတွေ့မြင်နေကြတာပါဘဲ၊စကစရဲ့အင်အား မိူင်ကုန် အားထုတ်ထားတဲ့အခြေအနေပါ၊

နောက်တန်းကိုကြည့်လိုက်ရင် မုဆိုးမတွေသေနပ်ကိုင်ကင်းစောင့်နေကြရပြီ………..

NUG နဲ့ တိုင်းရင်းသားဖက်ဒရယ်တပ်မတော်ဘက်က ထွှက်ပြေးလာတဲ့စခတွေကို ကောင်းကောင်းကြိုဆိုပြီးတော့လုံခြုံရေးကိုပါပေးထား

တယ်၊ငွေကြေးကအစကူညီပေးနေကြတော့ ပြေးတဲ့စခတွေကနေ့စဉ်တိုးလာတယ်၊ ပြည်သူသိတာနည်းနည်းလေးဘဲရှိတာ၊လူမသိသူမသိ

တပ်ရင်းကပြေး၊ရှေ့တန်းကပြေးတဲ့စခတွေအများကြီးဘဲဗျ…

အခုစကစဟာအဓိကအချက်တိုက်စစ် ဖွှင့်လာခြင်းက တပ်ထဲမှာတစ်ယောက်

တစ်ပေါက်အသံတွေဆူလာတယ်၊နေ့စဉ်အနည်းဆုံး(50)နဲ့(100)ကြားမွှတ်ဟင်းခါးဖြစ်တယ်၊ခြေပြတ်လက်ပြတ်ဆိုတာလည်း ရေတွက်မရ

တဲ့ထိဘဲ၊အဆိုးဆုံးက ဗိုလ်မူးအဆင့်၊အောက်ခြေတပ်သားတွေနေ့စဉ်တပ်ကိုစွှန့်ခွာထွက်ပြေးနေခြင်းဖြစ်တယ်၊ဒါကိုမအလစိုးရိမ်စိတ်

အရမ်းကြီးလာတဲ့ခါ သူတို့ရဲ့ရှိသမျှအင်အားအကုန်တိုက်စစ်ဖွှင့်ကစားလာခြင်းပါဘဲ……..

ဘာကြောင့်လည်းဆိုတော့ စကစဆိုတဲ့သူတွေဟာသူတို့နိူင်မယ်ထင်ရင်ဘာတစ်ခုမှ သတိပေးနေမှာမဟုတ်ဘူး၊အခုစာတွေကိုတိုင်မှာလိုက်

ကပ်ရတဲ့ထိအခြေအနေယိုင်လဲလာနေပြီ…

ကုန်ကုန်စကားပြောမယ် မအလMRTVကစကားပြောတဲ့အခါ၊သူပါးစပ်ကဘဲပြောနေတာ၊ခြိမ်းခြောက် နေတာဘဲရှိတယ်၊သူ့မျက်နှာ

သေချာကြည့်ရင်သွေးလန့်ပြီးတော့ရူံးနိမ့်တော့မဲ့အကြောက်တရားမျက်နှာအထင်းသားကြီးပေါ်လွှင်နေတယ်ဗျ…

ဒါဘယ်မဲ့သူတို့နိူင်နေသေးတဲ့မြို့ပြကိုတော့လက်ရှိ ဆက်ဖိလာမဲ့ အရိပ်အရောင်ပိုမြင်နေရတယ်၊မြို့ပြလူပ်ရှားသူတွေကတော့အထူး

သတိထားဖို့လိုပါလိမ့်မယ်……..အခုတစ်ခါ သူဘက်ကတိုက်စစ်ထိုးလာပြီဆိုတော့ပွဲကပိုမြန်လာမဲ့သဘောဖြစ်သွားပြီ ၊အခုပွဲဟာနောက်ဆုံး

ပွဲဖြစ်သလို စကစအင်အားတစ်စုနဲ့ မြန်မာပြည်တစ်ပြည်လုံးနွဲကြရမဲ့ပွဲမျိူးပါဘဲ………

ကချင် ကြီးကလည်းသွားမစမ်းနဲ့၊ပြည်တွင်းစစ်ကြီးဒီတစ်ခါနောက်ဆုံးဖြစ်ခြင်းအတွှက်အနိူင်ကိုတိုက်မယ်ဆိုတာကြွေးကြော်ပြီးသား၊

လက်နက်အပြည့်အင်အားအပြည့်ဘဲ…ကယားကလည်းရဲရဲတောက်လက်သံပြောင်တာ၊ဘယ်တော့မှနောက်မဆုတ်တော့ဘူး……..

ကရင်ကြီးကတော့ တက်လာသမျှစကစတွေကိုဒုံးယိမ်းအကနဲ့တောင်ကြိုဆိုမလားဘဲ၊နယ်ကျွန်လာရင်တော့ စခတွေအရှင်မထွှက်စေရဘူး

ဗျ…….ချင်းကိုကြည့်ပြန်တော့ CDFသုံးဖွဲ့တောင်ပေါင်းစည်းသွားပြန်ပြီ၊ချင်းPDFဆိုတာလည်း ဘယ်လိုသတ္တိဆိုတာအကုန်သိနေပြီးသားပါ

ဘဲ…..မွန်ကြီးကလည်းအိပ်ယာကတော့နိုးလာပါပြီဗျ၊ မာန်တစ်ချက်တော့ နဂါးမှန်းသိအောင်အမောက်ထောင်ပြလာတယ်၊ပူးပေါင်းပါဝင်မဲ့

လေသံ ပြောင်းလာတာအားတက်စရာပါ………

ရခိုင်ပြည်ဘက်မှာတော့စကစနဲ့AAလုပ်ပိုင်ခွှင့်တွေ လုနေကြတော့ အခတ်မသင့်ရင်လည်း ထဖြစ်နိူင်တဲ့အခြေအနေမျိူးလေးတော့မြင်မိပါ

တယ်၊အားတော့မရသေးဘူး…ဗမာကျတော့လည်းကြည့်မြို့ပြPDF တွေနေရာစုံပြောက်ကျားဆင်နွဲသံကအုန်းအုန်းကျက်ကျက်ဘဲ၊ယော

ဒေသ၊ကနီ၊ကသာ၊ကလေး၊မြောင်၊ဒီပဲယင်းဘက်တော့ ထိပ်တိုက်ဆင်နွဲနေပြီဗျ…..

ယောဘက်ကတော့တက်လာသမျှမိူင်းနဲ့ထုချလိုက်တာပါ၊ရန်ကုန်၊မန်းလေးထိတော်လှန်ရေးပြောက်ကျားကြီးကစိမ့်ဝင်လာနေပြီ…

ရှမ်းကြီးကြည့်ပြန်တော့ အိုးစည်တီးတော့မယ်၊ လူငယ်တွေရဲ့တိုက်ခိုက်နေတဲ့ဆန္ဒတွေကိုမလွန်ဆန်နိူင်တော့အဓိကအဖွဲ့ကြီးတွေပါ လူပ်

ခတ်ပါဝင်လာတော့မဲ့အနေအထားမြင်နေရတယ်……

ဒီကိစ္စတွေဟာအခုဖြစ်ပေါ်နေတဲ့သတင်းအမှန်ဖြစ်သလို တစ်ချိူ့သောသုံးသပ်ချက်တွေပါဝင်တာနည်းနည်းရှိပါတယ်…

ဒါကြောင့်ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ဗမာ၊ရခိုင်၊ရှမ်း အကုန်တိုင်းရင်းသားပါဝင်ရမဲ့အပြင် မြန်မာပြည်ဖွားတရုတ်၊ကုလားလူမျိူးတွေ

လည်းပါဝင်အားဖြည့်ကြမှာအသေအချာပါဘဲ……..

ဒါကြောင့်သိပ်မကြာခင်တော့တဲ့အချိန်မှာထင်ထားတာထက်မြန်ဆန်လာတော့မဲ့စကစတစ်ဖွဲ့နဲ့ မြန်မာတစ်နိုင်ငံလုံးတို့ဟာစစ်ရေးခင်းကြ

တော့မယ်ဆိုတာပြောကြားပါရစေဗျ………

အရေးတော်ပုံမအောင်မရှိပါဘူး……
ပါဝင်ဖို့ဘဲလိုတာပါ…
နေမိုး/တောင်ပိုင်းသား