ၾကားသိသမွ်

KIAရဲဘော်တွေကို စေတနာအပြည့်နဲ့ ဆေးကုသပေးနေကြတဲ့ CDMအထူးကုဆရာဝန်ကြီးများ

KIAရဲဘော်တွေကို စေတနာအပြည့်နဲ့ ဆေးကုသပေးနေကြတဲ့ CDMအထူးကုဆရာဝန်ကြီးများ

အာဏာသိမ်းမှုဖြစ်ပွားအပြီး နိုင်ငံ့ဝန်ထမ်းတွေဟာ အာဏာရှင်ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ

တွေလည်းရှိသလို ဘေးလွတ်ရာမှာတိမ်းရှောင်နေကြတဲ့ လူတွေလည်းရှိကြပါတယ်။ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတာကြောင့် လွတ်မြောက်

နယ်မြောက်မှာ သွားရောက်ရှောင်တိမ်းနေကြတဲ့

ဆရာဝန်တွေ၊စိတ်ကျန်းမာရေးအထူးကုသမားတော်ကြီးတွေလည်း ရှိပါတယ်။ ယခုမှာတော့ လွတ်မြောက်နယ်မြေရောက် စိတ်ကျန်းမာရေး

အထူးကုသမားတော်ကြီးတွေဟာ တိုက်ပွဲတွေကြောင့် ခြေပြတ်၊လက်ပြတ်ဖြစ်ပြီး စိတ်ဒဏ်ရာတွေရရှိနေကြတဲ့ KIAရဲဘော်တွေကို စိတ်

စေတနာအပြည့်နဲ့ ဆေးကုသပေးနေခဲ့ပါတယ်။

KIA ရဲ​ဘော်တွေဟာ​ ခေတ်အဆက်ဆက် တော်လှန်​ရေးကာလအတွင်းမှာ တိုက်ပွဲ​ပေါင်း​​များစွာကို ရင်ဆိုင်​တွေ့ကြုံခဲ့ရသလို အချို့

တပ်သားတွေဆိုရင်လည်း ဒုက္ခိတဖြစ်ပြီး စိတ်ဒဏ်ရာတွေအမျိုးမျိုးကို ခံစားနေရတာဖြစ်ပါတယ်။

စိတ်ဒဏ်ရာရရှိပြီး စကားမပြောကြတဲ့ ရဲဘော်တွေ၊နှစ်ရှည်လများအိပ်မပျော်တဲ့ ရဲဘော်တွေ၊ ခြေလက်တုန်ကာအရက်​ကြောင်​နေကြတဲ့

သက်ကြီးရဲ​​ဘော်တွေလည်းရှိနေတာဖြစ်ပါတယ်။

နွေဦး​တော်လှန်​ရေး​ကြောင့် လွတ်မြောက်နယ်မြေရောက်ရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာအထူးကုသမား​တော်ကြီးတွေဟာ အဆိုပါစိတ်ဒဏ်ရာ

ရရှိနေကြတဲ့ KIAတပ်သားတွေကို စိတ်ရင်းစေတနာအပြည့်နဲ့ သေသေချာချာဂရုစိုက်ပြီး ဆေးကုသပေးနေကြပါတယ်။

ဒါကြောင့် KIAရဲဘော်တွေကCDM စိတ်အထူးကုဆရာဝန်/မ ကြီးများ၊ အခြား CDM အ​ထွေ​ထွေ ဆရာဝန် /ဆရာမကြီးများနှင့် CDM ​

ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံးကိုအထူး​ကျေးဇူးတင်ပါတယ်လို့ ဖော်ပြထားပါတယ်

Credit; Original Uploader

Zawgyi

KIAရဲေဘာ္ေတြကို ေစတနာအျပည့္နဲ႔ ေဆးကုသေပးေနၾကတဲ့ CDMအထူးကုဆရာဝန္ႀကီးမ်ား

အာဏာသိမ္းမႈျဖစ္ပြားအၿပီး နိုင္ငံ့ဝန္ထမ္းေတြဟာ အာဏာရွင္ဆန္႔က်င္တဲ့ CDMလႈပ္ရွားမႈမွာ ပါဝင္ခဲ့တာေၾကာင့္ ဖမ္းဆီးထိန္းသိ

မ္းခံရသူေတြလည္းရွိသလို ေဘးလြတ္ရာမွာတိမ္းေရွာင္ေနၾကတဲ့ လူေတြလည္းရွိၾကပါတယ္။ ၅၀၅(က)နဲ႔ အမႈဖြင့္

ခံထားရတာေၾကာင့္ လြတ္ေျမာက္နယ္ေျမာက္မွာ သြားေရာက္ေရွာင္တိမ္းေနၾကတဲ့

ဆရာဝန္ေတြ၊စိတ္က်န္းမာေရးအထူးကုသမားေတာ္ႀကီးေတြလည္း ရွိပါတယ္။ ယခုမွာေတာ့ လြတ္ေျမာက္နယ္ေျမေရာ

က္ စိတ္က်န္းမာေရးအထူးကုသမားေတာ္ႀကီးေတြဟာ တိုက္ပြဲေတြေၾကာင့္ ေျချပတ္၊လက္ျပတ္ျဖစ္ၿပီး စိတ္ဒဏ္ရာေတြ

ရရွိေနၾကတဲ့ KIAရဲေဘာ္ေတြကို စိတ္ေစတနာအျပည့္နဲ႔ ေဆးကုသေပးေနခဲ့ပါတယ္။

KIA ရဲ​ေဘာ္ေတြဟာ​ ေခတ္အဆက္ဆက္ ေတာ္လွန္​ေရးကာလအတြင္းမွာ တိုက္ပြဲ​ေပါင္း​​မ်ားစြာကို ရင္ဆိုင္​ေတြ႕ၾကဳံခဲ့ရသလို အ

ခ်ိဳ႕တပ္သားေတြဆိုရင္လည္း ဒုကၡိတျဖစ္ၿပီး စိတ္ဒဏ္ရာေတြအမ်ိဳးမ်ိဳးကို ခံစားေနရတာျဖစ္ပါတယ္။

စိတ္ဒဏ္ရာရရွိၿပီး စကားမေျပာၾကတဲ့ ရဲေဘာ္ေတြ၊ႏွစ္ရွည္လမ်ားအိပ္မေပ်ာ္တဲ့ ရဲေဘာ္ေတြ၊ ေျခလက္တုန္ကာအရက္​ေၾကာင္​ေ

နၾကတဲ့ သက္ႀကီးရဲ​​ေဘာ္ေတြလည္းရွိေနတာျဖစ္ပါတယ္။

ေႏြဦး​ေတာ္လွန္​ေရး​ေၾကာင့္ လြတ္ေျမာက္နယ္ေျမေရာက္ရွိလာတဲ့ စိတ္ပိုင္းဆိုင္ရာအထူးကုသမား​ေတာ္ႀကီးေတြဟာ

အဆိုပါစိတ္ဒဏ္ရာရရွိေနၾကတဲ့ KIAတပ္သားေတြကို စိတ္ရင္းေစတနာအျပည့္နဲ႔ ေသေသခ်ာခ်ာဂ႐ုစိုက္ၿပီး ေဆးကုသေပးေနၾကပါတယ္။

ဒါေၾကာင့္ KIAရဲေဘာ္ေတြကCDM စိတ္အထူးကုဆရာဝန္/မ ႀကီးမ်ား၊ အျခား CDM အ​ေထြ​ေထြ ဆရာဝန္ /ဆရာမႀကီးမ်ားႏွင့္ CDM ​ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားအားလုံးကိုအထူး​ေက်းဇူးတင္ပါတယ္လို႔ ေဖာ္ျပထားပါတယ္

Credit; Original Uploader