ဝင်စီးခံရတာ ဘာညာကို နည်းနည်းပြောရရင်
စစ်ခွေးတွေ နေရာ တနေရာကို ဝင်စီးရင် အဖမ်းမခံရတဲ့ လူဆိုတာ မရှိဘူး။ အဖမ်းခံရတဲ့ လူက ရှိကို ရှိတယ်။ PDF တော့ ဟုတ်ချင်မှ ဟုတ်
မယ်။စစ်သင်တန်းတက်လာတဲ့ PDF တွေဆိုတာက ကာပစ်တာ ရှိမယ်၊ ပြေးလမ်း၊ ဆုတ်လမ်းကို ကြိုကြည့်ပြီးတာ ရှိမယ်။
နောက်ဆုံး မလွတ်ရင် ရဲဘော်ရဲဘက်စိတ်နဲ့ အများလို အနည်းစာချေဆိုပြီး ကာပေးရင်း ကိုယ့်ကိုယ့်ကိုယ် စတေးပြီး ရဲဘော်အချင်းချင်း
လွတ်အောင် ဖန်တီးပေးလိမ့်မယ်။ အဲတော့ PDF ဆို အကုန်မမိဘူး။
ဒါဖြင့်ရင် ဘာလို့ PDF တွေကို မိတယ်၊မိတယ်လို့ ခဏခဏ ကြားရသလဲ။မိတဲ့ လူငယ်တိုင်းက PDF မှ မဟုတ်တာ။
မြို့ပေါ်ပြောက်ကျားသပိတ်က လူငယ်တွေက PDF မှ မဟုတ်တာ။
သူ့ဘာသာ ဂိမ်းေဆာ့ ဘောလုံးပွဲကြည့်နေတဲ့ အိမ်ထဲက လူငယ်တွေက PDF မှ မဟုတ်တာ။
အဲဝင်စီးတဲ့ နေရာက PDF လို့ ယူဆရသူ တယောက်မှကို မမိရင်လည်း အဲအနီးအနားက တွေ့တဲ့ လူငယ်တွေကို ဖမ်းတာမို့လို့ပဲ။
PDF မဟုတ်ဘဲ ဂိမ်းကစားနေတဲ့ကောင်ကိုလည်း ဖမ်းတယ်။
မြောက်ဥကလာမှာဆို သူ့ဘာသာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ လူငယ်တွေကိုလည်း ဆိုင်ထဲ ဝင်ဖမ်းတယ်။
လိုရင်း ပြောချင်တာကစီးတဲ့ နေရာက တွေ့တဲ့လူငယ်၊ ကြုံတဲ့ လူငယ်ကို ဖမ်းတာမို့ အိမ်ထဲမှာ ကြောက်ကြောက်နဲ့ ပုန်းနေတဲ့ cool kids
ကလေးတွေကိုလည်း ဖမ်းတာပဲ။ ပြီးရင် ဟုတ်ဟုတ် မဟုတ်ဟုတ် PDF တွေကို မိပါတယ်ဆိုပြီး ကြေညာမှာပဲ။
ဖမ်းဖို့ စီးဖို့ စစ်ဆင်ရေး ထွက်ရပြီဆိုကတည်းက လူပါလာဖို့ မိဖို့ သူတို့ စစ်ခွေးတွေအတွက်က အရေးကြီးတယ်။
လူမပါလာရင် အဘက ထောင်းလိမ့်မှာ။PDF ဟုတ်တာ မဟုတ်တာက သူတို့အတွက် အရေးမကြီးဘူး။
လာဖမ်းတဲ့ ကောင်တွေရဲ့ တာဝန်က အဆင်ပြေတဲ့လူငယ်ကို ကြုံသလိုဖမ်းမှာမို့
ခဏခဏ PDF တွေကို မိပါတယ်ဆိုပြီး ကြေညာတာ မြင်နေရမှာပဲ။ မဆန်းပါဘူး။
Zawgyi
Zawgyi
ဝင္စီးခံရတာ ဘာညာကို နည္းနည္းေျပာရရင္
စစ္ေခြးေတြ ေနရာ တေနရာကို ဝင္စီးရင္ အဖမ္းမခံရတဲ့ လူဆိုတာ မရွိဘူး။ အဖမ္းခံရတဲ့ လူက ရွိကို ရွိတယ္။ PDF ေတာ့ ဟုတ္ခ်င္မွ
ဟုတ္မယ္။စစ္သင္တန္းတက္လာတဲ့ PDF ေတြဆိုတာက ကာပစ္တာ ရွိမယ္၊ ေျပးလမ္း၊ ဆုတ္လမ္းကို ႀကိဳၾကည့္ၿပီးတာ ရွိမယ္။
ေနာက္ဆုံး မလြတ္ရင္ ရဲေဘာ္ရဲဘက္စိတ္နဲ႔ အမ်ားလို အနည္းစာေခ်ဆိုၿပီး ကာေပးရင္း ကိုယ့္ကိုယ့္ကိုယ္ စေတးၿပီး ရဲေဘာ္အခ်င္းခ်
င္းလြတ္ေအာင္ ဖန္တီးေပးလိမ့္မယ္။ အဲေတာ့ PDF ဆို အကုန္မမိဘူး။
ဒါျဖင့္ရင္ ဘာလို႔ PDF ေတြကို မိတယ္၊မိတယ္လို႔ ခဏခဏ ၾကားရသလဲ။မိတဲ့ လူငယ္တိုင္းက PDF မွ မဟုတ္တာ။
ၿမိဳ႕ေပၚေျပာက္က်ားသပိတ္က လူငယ္ေတြက PDF မွ မဟုတ္တာ။
သူ႔ဘာသာ ဂိမ္းေဆာ့ ေဘာလုံးပြဲၾကည့္ေနတဲ့ အိမ္ထဲက လူငယ္ေတြက PDF မွ မဟုတ္တာ။
အဲဝင္စီးတဲ့ ေနရာက PDF လို႔ ယူဆရသူ တေယာက္မွကို မမိရင္လည္း အဲအနီးအနားက ေတြ႕တဲ့ လူငယ္ေတြကို ဖမ္းတာမို႔လို႔ပဲ။
PDF မဟုတ္ဘဲ ဂိမ္းကစားေနတဲ့ေကာင္ကိုလည္း ဖမ္းတယ္။
ေျမာက္ဥကလာမွာဆို သူ႔ဘာသာ လက္ဖက္ရည္ဆိုင္ ထိုင္ေနတဲ့ လူငယ္ေတြကိုလည္း ဆိုင္ထဲ ဝင္ဖမ္းတယ္။
လိုရင္း ေျပာခ်င္တာကစီးတဲ့ ေနရာက ေတြ႕တဲ့လူငယ္၊ ၾကဳံတဲ့ လူငယ္ကို ဖမ္းတာမို႔ အိမ္ထဲမွာ ေၾကာက္ေၾကာက္နဲ႔ ပုန္းေန
တဲ့ cool kidsကေလးေတြကိုလည္း ဖမ္းတာပဲ။ ၿပီးရင္ ဟုတ္ဟုတ္ မဟုတ္ဟုတ္ PDF ေတြကို မိပါတယ္ဆိုၿပီး ေၾကညာမွာပဲ။
ဖမ္းဖို႔ စီးဖို႔ စစ္ဆင္ေရး ထြက္ရၿပီဆိုကတည္းက လူပါလာဖို႔ မိဖို႔ သူတို႔ စစ္ေခြးေတြအတြက္က အေရးႀကီးတယ္။
လူမပါလာရင္ အဘက ေထာင္းလိမ့္မွာ။PDF ဟုတ္တာ မဟုတ္တာက သူတို႔အတြက္ အေရးမႀကီးဘူး။
လာဖမ္းတဲ့ ေကာင္ေတြရဲ့ တာဝန္က အဆင္ေျပတဲ့လူငယ္ကို ၾကဳံသလိုဖမ္းမွာမို႔
ခဏခဏ PDF ေတြကို မိပါတယ္ဆိုၿပီး ေၾကညာတာ ျမင္ေနရမွာပဲ။ မဆန္းပါဘူး။