မြန်မာနိုင်ငံရဲ့ ဖူးပွင့်စ ဒီမိုကရေစီအသွင်ပြောင်းလဲမှုကို ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီး
နောက်ကြောင်းပြန်လှည့်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် တပ်မတော်လို့ ခေါ်ဝေါ်ကြတဲ့ မြန်မာစစ်တပ်က တကယ်တမ်းမှာ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ အခြေအနေတရပ်ကို ဖန်တီးခဲ့မိတာ
ပါ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံအဝှမ်းက ဆန္ဒထုတ်ဖော်မှုတွေ၊ ဘက်စုံထိခိုက်ယိုယွင်းလာနေတဲ့ တိုင်းပြည်စီးပွားရေးအပြင် တ
စထက်တစ ပိုမို အင်အားကောင်းလာတဲ့ လက်နက်ကိုင်တော်လှန်မှုတွေ စသဖြင့် စိန်ခေါ်မှုမျိုးစုံက စစ်တပ်ကို ဘက်ပေါင်းစုံကနေ ထိုးနှက်နေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေသာ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်မယ်ဆိုရင် တပ်မတော် ကျဆုံးရလိမ့်မယ်လို့ သုံးသပ်ခန့်မှန်း
ထားကြပြီးသားပါ။ ဒါပေမယ့် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အလေးအနက် မထားကြသေးတဲ့ ကိစ္စတခုက တပ်မတော်ကို ထိခိုက်ဆုံးရှုံး
အောင် တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီက လက်ရှိအခြေအနေအပေါ် ဘယ်လို အသုံးချကြမလဲဆိုတာပါ။
ဒါကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ရဲ့ စစ်ရေးအောင်မြင်မှုတွေလောက် တခြားဘယ်နေရာမှာမှ ပိုပြီး ထင်ထင်ရှားရှား မတွေ့နိုင်ပါ
ဘူး။ တတိုင်းပြည်လုံး အတိုင်းအတာအထိ အရေးပါနိုင်မယ့် စစ်ရေးပစ်မှတ်တွေကို KIA က ခြိမ်းခြောက်နိုင်စွမ်း ရှိနေလို့ပါ။
ဖားကန့်ဒေသက ကျောက်စိမ်းတွင်းတွေနဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို သိမ်းပိုက်လိုက်ရုံနဲ့ KIA ဟာ တပ်မတော်ကို
နိုင်ငံရေးအရကော၊ စီးပွားရေးအရပါ အသာစီးရနိုင်ပြီး စစ်တပ်ကို အကြီးအကျယ် အထိနာအောင် လုပ်ဆောင်ခွင့် ရှိနေပါတယ်။
အစောပိုင်းမှာ KIA အနေနဲ့ အာဏာသိမ်းမှုကို သူတို့ကိုယ်တိုင် လက်မခံခဲ့တဲ့ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အငြင်းပွားမှု
အဖြစ်လောက်သာ မှတ်ယူခဲ့ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်ရဲ့ ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းမှုတွေ
ကို ရှုတ်ချတာထက် ပိုပြီး မဆိုစလောက်သာ လှုပ်ရှားဆောင်ရွက်ခဲ့ပါတယ်။ အာဏာသိမ်းမှု မတိုင်မီကာလအတွင်း တပ်မတော်နဲ့ KIA
ကြား အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီခဲ့ဖူးပြီး KIA ကို တပ်မတော်က ပြန်လည် ထိုးစစ်ဆင်လာတာကြောင့်သာ သူတို့နှစ်ဖက်ကြား တိုက်ပွဲတွေ ပြန်ရှိလာခဲ့တာပါ။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ KIA က စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။ မတ်လက စတင်ပြီး KIA က
တပ်မတော်ကို ကချင်ပြည်နယ်တဝှမ်းမှာ စတင် တိုက်ခိုက်လာခဲ့ပါတယ်။ အနည်းဆုံး စစ်တပ်စခန်း (၁၀) ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး
တပ်မတော်ရဲ့ ကြာညောင်းလှပြီဖြစ်တဲ့ ထိုးစစ်တွေကိုလည်း ခုခံတွန်းလှန်ရင်း အဲဒီစခန်းတွေကို ကာကွယ်ထားနိုင်ဆဲပါ။ ဖားကန့်ဒေသနဲ့
မြစ်ကြီးနားဝန်းကျင်မှာလည်း တပ်မတော်ကို မကြာခဏဆိုသလို တိုက်ခိုက်လျက် ရှိနေပါတယ်။
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် “ပြည်ထောင်စု မပြိုကွဲရေး” ဆိုတဲ့ တပ်မတော်ရဲ့ အမာခံအတွေးအခေါ်
တခုကို ချိုးဖျက်ပစ်နိုင်ပါလိမ့်မယ်။ တပ်မတော်က ဒီအရေးကို ဒို့တာဝန်အရေးသုံးပါးဆိုပြီး ဦးထိပ်ပန်ဆင်တယ်လို့ ကြွေးကြော်ထားတာပါ။
မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခြင်းက ကချင်ပြည်နယ်ရဲ့ လွတ်လပ်ရေးအမှတ်အသားသဖွယ် ဖြစ်လာနိုင်ပါတယ်။ တဖက်မှာလည်း မြစ်ကြီး
နားကို ဆုံးရှုံးရခြင်းက တပ်မတော်တွင်းက အရာရှိ၊ စစ်သည်တွေကို စိတ်အားလျော့စေပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပေါ် မလိုမုန်းထားမှုတွေ ပိုမို ကြီးထွားလာစေနိုင်ပါတယ်။
ဖားကန့်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ရင်တော့ မြန်မာပြည်မြောက်ပိုင်းရဲ့ စီးပွားရေးအချက်အချာ အကျဆုံးနေရာကို KIA တို့
ပိုင်ဆိုင်ကြရပါလိမ့်မယ်။ မြန်မာ့ကျောက်စိမ်းလုပ်ငန်းက နှစ်စဉ်တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁) ဘီလျံထိ ရှိနေတာပါ။
တပ်မတော်နဲ့ တခြားအင်အားကြီးလက်နက်ကိုင်တွေဟာ သူတို့ရဲ့ စစ်အင်အားတိုးချဲ့နိုင်ဖို့ လိုအပ်တဲ့ ပိုက်ဆံနဲ့ ခေါင်းဆောင်တွေရဲ့ ကြွယ်ဝချမ်းသာမှုအတွက် ကျောက်စိမ်းလုပ်ငန်းအပေါ် အမှီပြုထားကြပါတယ်။
ခရိုနီလုပ်ငန်းကြီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာစစ်တပ်တို့က ဖားကန့်ကျောက်စိမ်းတွင်း
တွေမှာ ကွန်ယက်လိုမျိုး ချိတ်ဆက်တွယ်ငြိနေကြတာမို့ တဦးနဲ့တဦး ရန်သူတွေ ဖြစ်လာကြတဲ့အခါ စီးပွားရေးကိုလည်း ဘယ်လိုမျိုး ထိခိုက်လာမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
အာဏာမသိမ်းခင်ကာလတွေမှာ ဖားကန့်ဒေသအပေါ် စစ်တပ်နဲ့ KIA က ဩဇာအကြီးဆုံး ဖြစ်ခဲ့ကြပြီး အဆင်မပြေကြပေမယ့်လည်း
အခွန်အကောက်မျိုးစုံကို ရယူနိုင်ဖို့ ယှဉ်တွဲတည်ရှိခဲ့ကြပါတယ်။ ဒါ့အပြင် AA နဲ့ “ဝ”တပ်ဖွဲ့တွေကလည်း စီးပွားရေးကြားခံလုပ်ငန်းတွေကတဆင့် တပ်မတော်နဲ့ KIA တို့ရဲ့ ကျောက်စိမ်းလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ထားကြပါတယ်။
ကျောက်စိမ်းတူးဖော်မှုကနေ ဈေးကွက်တင် ရောင်းချတဲ့အထိ တရုတ်နိုင်ငံမှာ နှစ်ဖက်စလုံးနဲ့ ပတ်သက်တဲ့ စီးပွားရေးအကျိုးအမြတ်တွေ ရှိနေပြန်ပါတယ်။
ဒီလိုမျိုး အထိအခိုက် မခံတဲ့ အခြေအနေကို (၂၀၁၁) ခုနှစ်အတွင်း KIA နဲ့ တပ်မတော်ကြား အပစ်အခတ် ရပ်စဲရေး ပျက်စီးသွားတဲ့
အခိုက်အတန့်မှာ ခဏတဖြုတ် မြင်တွေ့ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ အာဏာသိမ်းမှုကြောင့် အနေအထားတွေအားလုံး ပြောင်းလဲ
သွားခဲ့ပြီး ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ မေးခွန်းထုတ်ကြည့်ကြရပါတော့မယ်။ ဖားကန့်ဒေသကိုသာ KIA က အပြည့်အဝ ထိန်းချုပ်နိုင်လိုက်မယ်ဆိုရင် ကချင်ပြည်နယ်သာမက မြန်မာပြည်ရဲ့ ပဋိပက္ခတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ပထမဆုံးအချက်အနေနဲ့ သူတို့ရဲ့ စိတ်သဘောထား၊ စစ်အင်အားကြောင့် KIA ဟာ တပ်မတော်ရဲ့ အဓိက ဝင်ငွေရလမ်းကြီးကို ပိတ်ဆို့လာ
နိုင်ပါမယ်။ တပ်မတော်ရဲ့ ဩဇာကို ကျောက်စိမ်းတွင်းတွေကနေ ဖယ်ထုတ်နိုင်ခဲ့မယ်ဆိုရင် ကိုးနှစ်လောက်ကြာတဲ့အထိ တပိုင်းတစသာ
မျှဝေပိုင်ဆိုင်ခဲ့ရတဲ့ ဘဝကို အဆုံးသတ်ပြီး တပ်မတော်ကို တခြားစစ်မျက်နှာပေါင်းစုံမှာ အင်အားချိနဲ့သွားစေနိုင်ပါတယ်။
ဒုတိယအချက်အနေနဲ့ KIA က ဖားကန့်ဒေသကို တပ်မတော်အပေါ် နိုင်ကွက်အဖြစ် အသုံးချပြီး သိမ်းယူပိုင်ဆိုင်ထားတဲ့ နယ်မြေတွေ
အပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံလာနိုင်ပါတယ်။ ဥပမာအားဖြင့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပုံစံမျိုးပါ။ AA ကလည်း အလားတူ
ကြိုးပမ်းနေတာမို့ “ဝ”တပ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် စံနမူနာသဖွယ် ဖြစ်နေတယ်ဆိုတာ သိနိုင်ပါတယ်။
တတိယအချက်အနေနဲ့ လက်ရှိပဋိပက္ခမှာ သိပ်ပြီး သိသိသာသာ မလှုပ်ရှားကြသေးတဲ့ “ဝ”တပ်ဖွဲ့နဲ့ AA တို့ကို နေရာရွေ့လာအောင်
ကျောက်စိမ်းတွင်းတွေရဲ့ မျက်နှာနဲ့ KIA က တွန်းအားပေးလာနိုင်ပါလိမ့်မယ်။ ခေတ်မီလက်နက်တွေ အပါအဝင် တခြားလက်နက်အထောက်အပံ့တွေကို “ဝ”တပ်ဖွဲ့ကနေ ရလာစရာအကြောင်း ရှိနေပါတယ်။
KIA ကို ခေတ်မီလက်နက်တွေ မရောင်းချဖို့ “ဝ”တပ်ဖွဲ့ကို တရုတ်နိုင်ငံက သတိပေးထားတယ်ဆိုပြီး နိုင်ငံတကာသတင်းတွေမှာ ဖော်ပြ
ထားဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ KIA အပေါ် တရုတ်နိုင်ငံက ယုံကြည်မှု နည်းပါတာကြောင့်ပါ။ ဒါပေမယ့် တရုတ်ပြည်ရဲ့ စီးပွားရေး
အကျိုးအမြတ်တွေအတွက် KIA က အခုထက်ပိုပြီး အရေးပါလာမယ်ဆိုရင် ဒီအခြေအနေက ပြောင်းလဲသွားနိုင်ပါတယ်။
နောက်ဆုံး AA နဲ့ တပ်မတော်ကြား ရှစ်လတာ သင့်မြတ်နေခြင်းကို ကျောခိုင်းလိုက်ဖို့ AA ကိုတောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်။
ဒါပေမယ့် တဖက်မှာ KIA ရဲ့ အဓိက စစ်ဆင်ရေးကြီးတွေအတွက် အတားအဆီးတွေလည်း ရှိနေပြန်ပါတယ်။ တပ်မတော်ရဲ့ အင်အားသာလွန်နေမှု၊ စစ်ဆင်ရေးအတွက် အခြေအနေ မပေးတဲ့ မိုးရာသီဖြစ်နေမှု၊ ကိုဗစ်နိုင်တင်းရောဂါရဲ့ ရိုက်ခတ်မှု စတာတွေပါ။
ဘယ်လိုပဲဖြစ်ဖြစ် တပြည်လုံး အတိုင်းအတာနဲ့ သက်ရောက်မှု ရှိစေမယ့် အဲဒီဒေသတွေက KIA အတွက် မက်မောစရာ စစ်ရေးပစ်မှတ်တွေ
ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ မြန်မာပြည်အနှံ့ ရှိနေကြတဲ့ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထက်စာရင် KIA က
တပ်မတော်အပေါ် စီးပွားရေး၊ နိုင်ငံရေး ဖိအားတွေ အကြီးအကျယ် ပေးစွမ်းနိုင်နေပါတယ်။ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ဖြစ်ပွားမှု ပြန်
အကျ၊ မိုးရာသီအကုန် အောက်တိုဘာလအတွင်း မြစ်ကြီးနားနဲ့ ဖားကန့်ဒေသတွေကို သိမ်းပိုက်ဖို့ အခြေအနေကောင်းတွေ ပေါ်ပေါက်လာပါလိမ့်မယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခအတွက် အဓိက မေးခွန်းထုတ်ရမှာက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ ဘယ်လိုမျိုး အောင်ပွဲ
ဆင်မလဲဆိုတာ မဟုတ်တော့ဘဲ တပ်မတော်က အရှုံးကို ဘယ်လို ရှောင်လွှဲလာမလဲဆိုတာသာ ဖြစ်ကြောင်း ဒီဒေသနှစ်ခုစလုံးက အ
ရှင်းလင်းဆုံး ဖော်ပြလျက် ရှိနေပါတော့တယ်။
The Diplomat ပါ The Kachin Insurgency Could Deal a Heavy Blow to Myanmar’s Military Junta အား ဘာသာပြန်ဆိုချက်
Drake Avila