မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်လက်အောက်က ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ထွက်လာခဲ့ကြစေချင်တယ်လို့ ပြည်သူ
နဲ့ပူးပေါင်း အာဏာဖီဆန် CDM ပြုလုပ်လာတဲ့ ရဲတပ်ကြပ်ကြီး မောင်သံ(ခ) ဇော်ဝင်းမင်းက ပြောကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းကနေ ထွက်ပြေးလာစဉ် G3 သေနတ်တစ်လက်နဲ့ ကျည်တောင့် ၁၂၀ သာယူလာပြီး သူ့အပေါ်မှာ
စွပ်စွဲထားတဲ့ ရွှေ ၂ ပိဿာခွဲနဲ့ ငွေကျပ် သိန်း ၄၉၀ ပါ ယူဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ဘူးလို့လည်း ပြောပါတယ်။
တပ်ကြပ်ကြီးဇော်ဝင်းမင်း “လိုင်းပေါ်မှာတော့ ကျနော်လည်း တွေ့တယ်။ အဲဒီလောက်များများဆိုရင် တခြားအဆင့်တွေက သိမ်းဆည်းလို့
မရဘူးဗျ။ စခန်းမှူးတွေ ဘာတွေက ကိုယ်တိုင်သိမ်းရတာပေါ့။ ကျနော်တို့ ယင်းမာပင်ရဲစခန်းဝင်းထဲမှာ ခရိုင်ရော၊ မြို့နယ်ရော ပေါင်းနေ
တာဆိုတော့ လိုင်းပေါ်မှာ တင်ထားသလို ပစ္စည်းတွေကြတော့
မြို့နယ်မှူး၊ ခရိုင်မှူးတွေက စခန်းမှူးကို တိုက်ရိုက်သိမ်းခိုင်းတယ်ဗျ။ ကျနော်တို့လို အခြားအဆင့်တွေက ဘာမှ အသုံးမကျတဲ့
သက်သေခံပစ္စည်းတွေလောက်ပဲသိမ်းရတာ။ အဲဒါနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ကတော့ သံသယရှင်းတာပေါ့ဗျာ။ ဒါလောက်အများတွေ
က တပ်ဖွဲ့ဝင်တွေ မသိမ်းရဘူး ဆိုတာတော့ ရဲတပ်ဖွဲ့ဝင်တွေအကုန်လုံး သိတာပေါ့။
ကျနော့်ဆီ ပါလာတာကတော့ G3 သေနတ် ၁ လက်နဲ့ ကျည်တောင့် ၁၂၀ ပဲပါပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာတာ။ တာဝန်
ကျရင်းဆိုတော့ ယူနီဖောင်းလေးနဲ့ပဲ ထွက်လာတာ။ အဝတ်အစားတောင် ဒီလွတ်မြောက်နယ်မြေရောက်မှ ဒီကညီအစ်ကိုတွေ ဝယ်ပေးလို့
ဝတ်ရတာ။”လို့ ပြောပါတယ်။
သူ့နဲ့ ပတ်သက်ပြီး စစ်အုပ်စုက အခုလို သတင်းလွှင့်နေတာ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာ ဖြစ်တယ်လို့လည်း တပ်ကြပ်ကြီး ဇော်ဝင်း
မင်းကပြောပါတယ်။
“အခုလို သတင်းတွေ လွှင့်တာကလည်း စိတ်ဓာတ်စစ်ဆင်ရေးနဲ့ တိုက်တာနေမှာပေါ့ဗျာ။ ကျနော်လည်း ဒီဘက် နေမရအောင်ဆိုတဲ့
သဘောမျိုးနဲ့။ ဒါမှမဟုတ် ဒီပစ္စည်းတွေ သိမ်းထားပြီးမှ ကျနော် ဒီလိုလစ်မှ မြေနိမ့်ရာ လှံစိုက်သဘောမျိုးနဲ့ လှိမ့်ပြီး လုံးထည့်လိုက်တာပေါ့။
ကျနော့်အနေနဲ့ကတော့ ယုံကြည်တဲ့ ခံယူချက်နဲ့ ထွက်လာခဲ့တာမို့ ပြည်သူတွေနဲ့အတူ အောင်မြင်တဲ့အထိ ဆက်လုပ်သွားမှာပါ။
ကျနော့်လို ထွက်ချင်နေတဲ့ ရဲဘော်တွေလည်း အများကြီးရှိတယ်။ စိတ်မပါဘဲ နေနေကြရတာ။ ထွက်မယ်ဆိုတော့လည်း ထွက်ခွင့်ကလည်း
မရတော့ ရေလိုက်ငါးလိုက် မှေးနေကြရတာပေါ့၊၊ ကျနော့်အနေနဲ့ သူတို့ကိုလည်း ထွက်နိုင်ရင် ကောင်းတာပေါ့၊ ဘယ်လိုနည်းနဲ့ ထွက်ထွက်
ပေါ့။ ဒီထဲမှာတော့ မနေစေချင်ဘူးပေါ့ဗျာ”လို့ ပြောပါတယ်။
Crd – ဒီဗွီဘီ
Zawgyi
ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕ဝင္ ရဲေဘာ္ေတြအေနနဲ႔ စစ္အာဏာရွင္လက္ေအာက္က ဘယ္လိုနည္းနဲ႔ ျဖစ္ျဖစ္ ထြက္လာခဲ့ၾကေစခ်င္တယ္လို႔ ျပည္သူ
နဲ႔ပူးေပါင္း အာဏာဖီဆန္ CDM ျပဳလုပ္လာတဲ့ ရဲတပ္ၾကပ္ႀကီး ေမာင္သံ(ခ) ေဇာ္ဝင္းမင္းက ေျပာၾကားလိုက္ပါတယ္။
စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ရဲစခန္းကေန ထြက္ေျပးလာစဥ္ G3 ေသနတ္တစ္လက္နဲ႔ က်ည္ေတာင့္ ၁၂၀ သာယူလာၿပီး သူ႔အေပၚမွာ စြပ္စြဲထားတဲ့ ေရႊ ၂ ပိႆာခြဲနဲ႔ ေငြက်ပ္ သိန္း ၄၉၀ ပါ ယူေဆာင္သြားတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ မဟုတ္မွန္ဘူးလို႔လည္း ေျပာပါတယ္။
တပ္ၾကပ္ႀကီးေဇာ္ဝင္းမင္း “လိုင္းေပၚမွာေတာ့ က်ေနာ္လည္း ေတြ႕တယ္။ အဲဒီေလာက္မ်ားမ်ားဆိုရင္ တျခားအဆင့္ေတြက သိမ္းဆည္းလို႔ မရဘူးဗ်။ စခန္းမႉးေတြ ဘာေတြက ကိုယ္တိုင္သိမ္းရတာေပါ့။ က်ေနာ္တို႔ ယင္းမာပင္ရဲစခန္းဝင္းထဲမွာ ခရိုင္ေရာ၊ ၿမိဳ႕နယ္ေရာ ေပါင္းေနတာဆိုေတာ့ လိုင္းေပၚမွာ တင္ထားသလို ပစၥည္းေတြၾကေတာ့
ၿမိဳ႕နယ္မႉး၊ ခရိုင္မႉးေတြက စခန္းမႉးကို တိုက္ရိုက္သိမ္းခိုင္းတယ္ဗ်။ က်ေနာ္တို႔လို အျခားအဆင့္ေတြက ဘာမွ အသုံးမက်တဲ့ သက္ေသခံပစၥည္းေတြေလာက္ပဲသိမ္းရတာ။ အဲဒါနဲ႔ပတ္သက္ၿပီး က်ေနာ့္အေနနဲ႔ကေတာ့ သံသယရွင္းတာေပါ့ဗ်ာ။ ဒါေလာက္အမ်ားေတြက တပ္ဖြဲ႕ဝင္ေတြ မသိမ္းရဘူး ဆိုတာေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြအကုန္လုံး သိတာေပါ့။
က်ေနာ့္ဆီ ပါလာတာကေတာ့ G3 ေသနတ္ ၁ လက္နဲ႔ က်ည္ေတာင့္ ၁၂၀ ပဲပါၿပီး အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ပဲ ထြက္လာတာ။ တာဝန္က်ရင္းဆိုေတာ့ ယူနီေဖာင္းေလးနဲ႔ပဲ ထြက္လာတာ။ အဝတ္အစားေတာင္ ဒီလြတ္ေျမာက္နယ္ေျမေရာက္မွ ဒီကညီအစ္ကိုေတြ ဝယ္ေပးလို႔ ဝတ္ရတာ။”လို႔ ေျပာပါတယ္။
သူ႔နဲ႔ ပတ္သက္ၿပီး စစ္အုပ္စုက အခုလို သတင္းလႊင့္ေနတာ စိတ္ဓာတ္စစ္ဆင္ေရးလုပ္ေနတာ ျဖစ္တယ္လို႔လည္း တပ္ၾကပ္ႀကီး ေဇာ္ဝင္းမင္းကေျပာပါတယ္။
“အခုလို သတင္းေတြ လႊင့္တာကလည္း စိတ္ဓာတ္စစ္ဆင္ေရးနဲ႔ တိုက္တာေနမွာေပါ့ဗ်ာ။ က်ေနာ္လည္း ဒီဘက္ ေနမရေအာင္ဆိုတဲ့ သေဘာမ်ိဳးနဲ႔။ ဒါမွမဟုတ္ ဒီပစၥည္းေတြ သိမ္းထားၿပီးမွ က်ေနာ္ ဒီလိုလစ္မွ ေျမနိမ့္ရာ လွံစိုက္သေဘာမ်ိဳးနဲ႔ လွိမ့္ၿပီး လုံးထည့္လိုက္တာေပါ့။ က်ေနာ့္အေနနဲ႔ကေတာ့ ယုံၾကည္တဲ့ ခံယူခ်က္နဲ႔ ထြက္လာခဲ့တာမို႔ ျပည္သူေတြနဲ႔အတူ ေအာင္ျမင္တဲ့အထိ ဆက္လုပ္သြားမွာပါ။
က်ေနာ့္လို ထြက္ခ်င္ေနတဲ့ ရဲေဘာ္ေတြလည္း အမ်ားႀကီးရွိတယ္။ စိတ္မပါဘဲ ေနေနၾကရတာ။ ထြက္မယ္ဆိုေတာ့လည္း ထြက္ခြင့္ကလည္း မရေတာ့ ေရလိုက္ငါးလိုက္ ေမွးေနၾကရတာေပါ့၊၊ က်ေနာ့္အေနနဲ႔ သူတို႔ကိုလည္း ထြက္နိုင္ရင္ ေကာင္းတာေပါ့၊ ဘယ္လိုနည္းနဲ႔ ထြက္ထြက္ေပါ့။ ဒီထဲမွာေတာ့ မေနေစခ်င္ဘူးေပါ့ဗ်ာ”လို႔ ေျပာပါတယ္။
Crd – ဒီဗြီဘီ