ၾကားသိသမွ်

လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်​ဖြတ်တာတွေကို ပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက်ခေတ်မီလက်နက်များရရှိရန် အရေးကြီးကြောင်း ရေစကြို PDF တပ်ဖွဲ့ ပြော

တော်လှန်ရေးအောင်မြင်ဖို့ တော်လှန်ရေးအင်အားစုတွေဆီမှာ ခေတ်မီလက်နက်ရရှိဖို့ အရေးကြီးတယ်လို့ သြဂုတ် ၂၃ ရက် နေ့လယ်က မ

ကွေးတိုင်ဒေသကြီး၊ ရေစကြို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်​ဖြတ်တာတွေကို ပြန်လည်ခုခံတိုက်ခိုက်ဖို့အတွက်

တော်လှန်ရေးအင်အားစုတွေမှာ ခေတ်မီလက်နက်တွေ လိုအပ်နေတာပါ။

ရေစကြို ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့ဝင်တစ်ဦးက “တော်လှန်ရေးအင်အားစုတွေအတွက် အဓိက အဆင့်မီတဲ့ လက်နက်တွေ ရရှိဖို့

အတွက်က အဓိကပေါ့။ ကျန်တဲ့ရိက္ခာ၊ ဆေးဝါတွေကို ပြည်သူလူထုက ပူးပေါင်းပါဝင်လှူဒါန်းတာရှိတယ်” လို့ ပြောပါတယ်။

ရေစကြိုမြို့ခံတစ်ဦးက “လက်နက်မဲ့ပြည်သူကို အကြမ်းဖက်ပြီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီသူပုန်တွေကို တော်လှန်ဖို့က လိုအပ်နေတဲ့

လက်နက်ခဲယမ်းတွေ အမြန်ဆုံးရဖို့ လိုတယ်။ တော်လှန်ရေးက နိုင်မှဖြစ်မယ်။ မနိုင်ရင် ပြည်သူတွေ သူပုန်စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်တာ

ကို ခံနေရမှာပဲ” လို့ ပြောပါတယ်။

သြဂုတ် ၁၉ ရက် မနက်ပိုင်းက ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းဖြစ်တဲ့ သဲပုံတပ်စခန်းကို ဒလန်သတင်းပေးမှု

ကြောင့် စစ်ကောင်စီရဲ့တပ် အင်အား ၁၀၀ နီးပါးနဲ့ အလစ်ဝင်​ရောက်တိုက်ခိုက်တာ ခံခဲ့ရပါတယ်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ အချိန်မကျရောက်သေးတဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တိုက်ပွဲခေါ်သံ

ကို စောင့်ဆိုင်းနေချိန် စခန်းကိုစွန့်ခွာပြီး ဆုတ်ခွာပေးခဲ့ရတာပါ။

တပ်စခန်း ဆုတ်ခွာလာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးတာ၊ ဖမ်းဆီးခံရတာ မရှိပေမယ့် ကျန်ရစ်ခဲ့တဲ့ မီးစက်၊

စက်ယန္တရား၊ ဆိုင်ကယ်၊ လက်နက်တွေနဲ့ ဆန်ရိက္ခာတွေကို သိမ်းယူသွားတဲ့အပြင် စခန်းကို မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပါတယ်

Source; DVB

Zawgyi

ေတာ္လွန္ေရးေအာင္ျမင္ဖို႔ ေတာ္လွန္ေရးအင္အားစုေတြဆီမွာ ေခတ္မီလက္နက္ရရွိဖို႔ အေရးႀကီးတယ္လို႔ ၾသဂုတ္ ၂၃ ရက္ ေန႔လယ္က မေကြးတိုင္ေဒသႀကီး၊ ေရစႀကိဳ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ဆီက သိရပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီက လက္နက္မဲ့ျပည္သူေတြကို အၾကမ္းဖက္ ဖမ္းဆီးသတ္​ျဖတ္တာေတြကို ျပန္လည္ခုခံတိုက္ခိုက္ဖို႔အတြက္ ေတာ္လွန္ေရးအင္အားစုေတြမွာ ေခတ္မီလက္နက္ေတြ လိုအပ္ေနတာပါ။

ေရစႀကိဳ ျပည္သူ႔ကာကြယ္​ေရး တပ္ဖြဲ႕ဝင္တစ္ဦးက “ေတာ္လွန္ေရးအင္အားစုေတြအတြက္ အဓိက အဆင့္မီတဲ့ လက္နက္ေတြ ရရွိဖို႔အတြက္က အဓိကေပါ့။ က်န္တဲ့ရိကၡာ၊ ေဆးဝါေတြကို ျပည္သူလူထုက ပူးေပါင္းပါဝင္လႉဒါန္းတာရွိတယ္” လို႔ ေျပာပါတယ္။

ေရစႀကိဳၿမိဳ႕ခံတစ္ဦးက “လက္နက္မဲ့ျပည္သူကို အၾကမ္းဖက္ၿပီး သတ္ျဖတ္ေနတဲ့ စစ္ေကာင္စီသူပုန္ေတြကို ေတာ္လွန္ဖို႔က လိုအပ္ေနတဲ့ လက္နက္ခဲယမ္းေတြ အျမန္ဆုံးရဖို႔ လိုတယ္။ ေတာ္လွန္ေရးက နိုင္မွျဖစ္မယ္။ မနိုင္ရင္ ျပည္သူေတြ သူပုန္စစ္တပ္ရဲ့ ညႇဥ္းပန္းႏွိပ္စက္တာကို ခံေနရမွာပဲ” လို႔ ေျပာပါတယ္။

ၾသဂုတ္ ၁၉ ရက္ မနက္ပိုင္းက ေရစႀကိဳျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ရဲ့ အေျခစိုက္စခန္းျဖစ္တဲ့ သဲပုံတပ္စခန္းကို ဒလန္သတင္းေပးမႈေၾကာင့္ စစ္ေကာင္စီရဲ့တပ္ အင္အား ၁၀၀ နီးပါးနဲ႔ အလစ္ဝင္​ေရာက္တိုက္ခိုက္တာ ခံခဲ့ရပါတယ္။

ျပည္သူကာကြယ္ေရးတပ္ဖြဲ႕အေနနဲ႔ တိုက္ပြဲေဖာ္ေဆာင္ဖို႔ အခ်ိန္မက်ေရာက္ေသးတဲ့အျပင္ အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ တိုက္ပြဲေခၚသံကို ေစာင့္ဆိုင္းေနခ်ိန္ စခန္းကိုစြန႔္ခြာၿပီး ဆုတ္ခြာေပးခဲ့ရတာပါ။

တပ္စခန္း ဆုတ္ခြာလာခ်ိန္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ က်ဆုံးတာ၊ ဖမ္းဆီးခံရတာ မရွိေပမယ့္ က်န္ရစ္ခဲ့တဲ့ မီးစက္၊ စက္ယႏၲရား၊ ဆိုင္ကယ္၊ လက္နက္ေတြနဲ႔ ဆန္ရိကၡာေတြကို သိမ္းယူသြားတဲ့အျပင္ စခန္းကို မီးရွို႔ဖ်က္ဆီးတာ ခံခဲ့ရပါတယ္

Source; DVB