မြန်မာနိုင်ငံမှာအနုပညာသေနေပြီဟုအနုပညာလောကသားတွေကိုဒဲ့ဆော်လိုက်တဲ့အဆိုတော်Rဇာနည်
အဆိုတော်အာဇာနည်ကတော့အသံပါဝါကောင်းကောင်းနဲ့တေးသီချင်းကောင်းများစွာကိုတီဆိုထားပြီးပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု
ကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
အာဇာနည်ကတော့ချစ်စရာကောင်းတဲ့ဇနီးဖြစ်သူနဲ့သားသားမီးမီးကိုပါပိုင်ဆိုင်ထားပြီးအေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထား
ပါတယ်နော်။အာဇာနည်ကတော့တော်လှန်ရေးကြီးမှာလဲပြည်သာတွေနဲ့အတူတစ်သားတည်းပါဝင်ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေ
မှာအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်၊အခုတစ်ခါမှာဆိုရင်လဲအဆိုတော်အာဇာနည်ကမြန်မာနိုင်ငံမှာအနုပညာသေနေပြီဟုအနုပညာ
လောကသားတွေကိုဒဲ့ဆော်လိုက်တာပဲဖြစ်ပါတယ်နော်။
အာဇာနည်ကအလွှာအသီးသီးမှာရှိကြတဲ့အနုပညာသမားတွေဒီတစ်ခါမှမနာရင်ဘယ်တော့မှမနာနဲ့တော့၊ဒီထက်နာတာမှမရှိတော့ပဲ၊
အနုပညာသမားမဟုတ်တဲ့ပြည်သူတွေလဲဒီတိုင်းပါပဲ။ကျွန်တော်ကအနုပညာလောကသားတစ်ယောက်ဖြစ်တဲ့အတွက်အနုပညာသမားတွေ
ကိုကိုယ်ချင်းစာရင်ထဲနာကျင်ငိုကြွေးစွာဒီစာတိုလေးရေးဖြစ်တာပါ။
အနုပညာသမားတွေတော်တော်များများအလုပ်လက်မဲ့ဖြစ်ပြီး မိသားစုတွေသေကွဲ၊ရှင်ကွဲ၊မကွဲသင့်ပဲ၊ကွဲကုန်ကြပြီ မဖြစ်သင့်ပဲဖြစ်ကုန်ကြပြီ
မြန်မာနိုင်ငံမှာအနုပညာသေသွားပြီ၊အရေးတော်ပုံအောင်ရမည်၊Rဇာနည်၊23.8.2021၊ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်ထက်မှာရေးသား
ဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
Zawgyi
က်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်၊အခုတစ်ခါမှာဆိုရင်လဲအဆိုတော်အာဇာနည်ကမြန်မာနိုင်ငံမှာအနုပညာသေနေပြီဟုအနုပညာလောကသားေ
တွကိုဒဲ့ဆော်လိုက်တာပဲဖြစ်ပါတယ်နော်။