လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးနေရာအတော်များများတွေမှာ
ကူးစက်ပျံ့နှံ့မှုနှုန်းကမျပြားလျက်ရှိနေပါတယ်။အောက်ဆီဂျင်မလုံလောက်မှုတွေကြောင့်နဲ့
ရောဂါပြင်းထန်မှုတွေကြောင့်အသက်ပေါင်းများစွာကိုဆုံးရှုံးနေရပါတယ်၊
ပရဟ်တအသင်းသားများကလဲတတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီပေးနေကြပါတယ်နော်။
ရောဂါကူးစက်ခံစားနေရတဲ့သူတွေထဲမှာဆိုရင်အဆိုတော်ချစ်သုဝေရဲ့ဖခင်ကြီးဖြစ်တဲ့ဦးဇော်ဝင်းလဲအပါအဝင်ဖြစ်ပါတယ်။
ဒီကနေ့သြဂုတ်လ၂၃ရက်နေ့မှာဆိုရင်တော့အဆိုတော်ချစ်သုဝေရဲ့ဖခင်ကြီးဖြစ်တဲ့
ဦးဇော်ဝင်းကကွယ်လွန်သွားခဲ့ကြောင်းသိရှိရပါတယ်၊ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်နော်။
ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ချစ်သုဝေရဲ့ဖခင်ကြီးဖြစ်တဲ့ဦးဇော်ဝင်းလဲကောင်းရာသုဂတိလားပါစေလို့
ဆုတောင်းပေးရင်းဒီသတင်းကိုမျှဝေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်၊ဖတ်ရှုပေးတဲ့
ပရိတ်သတ်တစ်ဦးချင်းစီကိုလဲကျေးဇူးအထူးတင်ရှိပါတယ်နော်။

Zawgyi