ၾကားသိသမွ်

အလောင်းမရှိတဲ့ သားရဲ့စျာပနဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတဲ့လင်ယောကျ်ား ညီမတစ်ယောက်ရဲ့လွမ်းချင်း

အလောင်းမရှိတဲ့ စျာပနာကိုငါတို့လုပ်ခဲ့ရတယ် မနေ့ကမှဖမ်းသွားတဲ့ ကိုကြီးကို ဒီနေ့ကိုဗစ်နဲ့ဆုံးပြီဆိုပြီးပြောလာတော့ ငါမယုံဘူးဟာ ငို

လည်းမငိုနိုင်ဘူး ဖုန်းကိုင်ထားတဲ့လက်တွေကထုံပြီးနာနေတာ မျက်ရည်မကျနိုင်ဘူး ကိုကြီးနဲ့အဖေနဲ့အဖမ်းခံရတော့ တစ်ချက်ကလေးမှမ

နားဘဲ အမေနဲ့ငါရသမျှအကူညီလိုက်တောင်း အဆက်သွယ်တွေလုပ်ပြီးအဖေနဲ့ကိုကြီးပြန်လွတ်ဖို့ကိုကြိုးစားနေတာ ကိုကြီးဆုံးပြီဆိုတဲ့

သတင်းကိုကြားချင်လို့မှမဟုတ်ဘဲ..

ကိုကြီးရေ နင့်ခန္ဓာကိုယ်ကိုငါတို့ကိုပြန်မပေးခဲ့ဘူး အမေကအဲ့မှာရှိတဲ့ အရာရှိနဲ့စစ်သားအားလုံးကိုလက်ညိုးငေါက်ငေါက်ထိုးပြီးရန်တွေ့ခဲ့

တယ်တဲ့ နင်တို့သားသမီးကိုခုလိုသတ်ပြီးကိုဗစ်နဲ့သေပြီပြောရင်နင်တို့ကြိုက်မလားတဲ့ အရှက်မရှိတဲ့အဲ့ကောင်တွေကလျော်ကြေးအနေနဲ့ အ

မေ့ကို၅သိန်းပေးတယ်တဲ့လေ..

နင်တို့သားတွေသမီးတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး တောင်းပန်ပါတယ်ဆိုပြီး ၅သိန်းပေးရင်နင်တို့ရောယူမလားလို့ အမေကမေး

တယ်တဲ့..နင်တို့ကိုငါတစ်စက်မှမကြောက်ဘူး ငါ့သားကိုသတ်သလိုငါ့ယောကျာင်္းကိုလည်းနင်တို့သတ်မှာဆိုပြီး အမေဟာသားအတွက်

ပူဆွေးချိန်တောင်မရဘဲ ထောင်ထဲကအဖေ့ကိုအဆက်အသွယ်လုပ်ဖို့ အဲ့ကောင်တွေဆီမှာသောင်းကျန်းနေတာပေါ့..

အမေ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်အဖေနဲ့ဖုန်းပြောရပြီး ခုလေးတင်သားရဲ့အလောင်းဘေးမှာငိုနေရတဲ့အမေက အဖေ့ကိုနင့်သားအဆင်ပြေ

တယ် စိတ်မပူနဲ့လို့ပြောထွက်ဖို့ အမေဘယ်လောက်ထိစိတ်တင်းခံရမလဲဆိုတာ စကားနဲ့စာနဲ့ဖော်ပြလို့မရပါဘူး..

၂၅ရက်နေ့၆လပိုင်းက အဖေနဲ့ကိုကြီးကိုတစ်နေ့ထဲမှာဖမ်းသွားတာပါ ကိုကြီးကိုတော့သူနေတဲ့ အဆောင်မှာလာဖမ်းသွားပြီး အဖေ့ကိုတော့

နေအိမ်မှာလာဖမ်းတာပါ.. တစ်အိမ်လုံးကိုဗြောင်းဆန်အောင်မွှေနှောက်သွားပြီး စျေးဝယ်ဖို့ထားထားတဲ့ ပိုက်ဆံတွေကအစအကုန်ယူသွား

တာပါ..ကိုကြီးအဖမ်းခံရတဲ့သတင်းကြားတုန်းကငိုနေတဲ့အမေဟာ အိမ်ကိုလာစစ်တဲ့ကြတဲ့အခါမှာတော့ အရမ်းကိုတည်ငြိမ်ပြီး မေးသမျှ

တွေကိုအကြောက်အလန့်မရှိဖြေနေခဲ့တယ် ငါ့ကိုကြောက်မှာစိုးလို့ အိမ်ပေါ်မှာပဲနေခိုင်းခဲ့တယ် လုံးဝဆင်းမလာဖို့မှာနေတယ် အဖေ့တစ်

ယောက်လေးကိုဖမ်းဖို့ သူတို့ဖက်က ရဲနဲ့စစ်သားအယောက်၃၀လောက် လက်နက်အပြည့်အစုံနဲ့အိမ်ကိုရောက်ချလာတာ ရယ်စရာတော့မ

ကောင်းခဲ့ဘူး အိမ်ပေါ်မှာပဲနေပြီး အိမ်အောက်မှာဘာတွေဖြစ်နေမှန်းမသိတဲ့ငါဟာ သူတို့သေနတ်မောင်းတင်တဲ့အသံကြားတိုင်း ငါ့အမေကို

ပစ်ကြပြီလားဆိုတဲ့စိတ်နဲ့ ဆောက်တည်ရာမရခဲ့ဘူး..တကယ့်ငရဲပါပဲ..

ကိုကြီးရေ နင့်သတင်းကြားတော့တောထဲကနင့်သူငယ်ချင်းတွေကသူတို့လာမယ်တဲ့ အမေနဲ့ငါကမလာနဲ့နင်တို့ကိုပါသတ်ပစ်မှာဆိုပြီးတား

ထားရတယ်.. အဖေလွတ်လာတော့ အဖေကနင်နဲ့တွေ့တဲ့အကြောင်းပြောတယ် ခြေသလုံးမှာရိုက်ခံထားရတာတွေတွေ့တယ်တဲ့ ငါ့အကို

ကြောက်နေရှာမှာပဲဆိုပြီး အဖေ့ကိုကိုကြီးကအရမ်းလန့်နေလားလို့မေးတော့ အဖေကနင့်အကိုတည်တည်ငြိမ်ငြိမ်ပဲတဲ့ သူကြောက်မနေခဲ့

ဘူးတဲ့..ကိုကြီးရေ နင့်ကိုခုလိုမြန်မြန်ဆန်ဆန်ရှင်းပစ်လိုက်ကြတာဟာ နင့်လက်က မြန်မာနိုင်ငံ့မြေပုံနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်တူး

ကြောင့်များလားဆိုပြီး ငါတွေးမိသေးတယ် နင့်ကိုဖမ်းပြီးတဲ့နောက်နေ့ နင့်အဆောင်ကိုပြန်လာပြီး နင်ရဲ့နှဖူးစည်းရယ် လက်ပတ်ရယ်ကို

သက်သေအဖြစ်လာယူသွားကြတယ်တဲ့ ငါသာစိတ်နဲ့လူနဲ့ကပ်ပြီးအဲ့တာတွေသွားသိမ်းထားလိုက်ရင် နင်ခုလိုမဖြစ်လောက်ဘူးဆိုပြီးလည်း

တွေးပြီး ငါ့ကိုငါအပြစ်တင်နေမိတယ်..ထွက်ဆိုချက်မှာ မှတ်ပုံတင်ထဲက ဇော်ဇော်ထက်ဆိုတဲ့နာမည်ကိုတောင် မထွက်ဆိုဘဲ ဆလိုင်းဗန်

ထာကျုံးဆိုပြီးထွက်ဆိုတာတောင် နင့်ကိုဗမာလို့မှတ်ပြီးမီးသဂြိုလ်လိုက်တာလို့ သူတို့ရဲ့အလိမ်ညာစကားတွေကိုလည်း ငါတို့နားထောင်ခဲ့ရ

သေးတယ်..နင့်ကိုဘယ်လောက်ထိရက်စက်ထားလို့ အမေ့ကိုတောင်မျက်နှာလေးပဲမြင်ခိုင်းပြီး အမေရောက်တာတောင်မစောင့်ဘဲ မီးရှို့သ

ဂြိုလ်ပစ်လိုက်ရတာလဲ.. ငါ့အကိုအရပ်အရှည်ကြီးခန့်ခန့်ကြီးကို အခေါင်း၃ပေကျော်နဲ့ အုတ်ဂူသွင်းခဲ့ရတာ ရင်အနာဆုံးပါပဲ..

အထဲရောက်နေတုန်းဖုန်းပြောရင် သူအဆင်ပြေပါတယ်လို့ပြောခဲ့တဲ့အဖေဟာ ပြန်လွတ်လာတော့လမ်းတောင်မလျှောက်နိုင်ပါဘူး..သူတို့

ဖမ်းတဲ့နေ့ကနေ ၁၅ရက်နေမှပြန်လွှတ်ခဲ့တယ် အဲ့တစ်လျှောက်လုံး ခြေထောက်ကိုသံကြိုးနဲ့လွတ်တဲ့အထိ ချည်နှောင်ထားခဲ့တာတဲ့..ဖမ်းတဲ့

နေ့ကနေ လေးညဆက်တိုက် မရပ်မနားကျောက်ခဲနှစ်လုံးအပေါ်ဒူးထောက်ခိုင်းခါးမတ်ခိုင်းပြီး ညလုံးပေါက်စစ်တယ်တဲ့ နေ့ဖက်ဆိုမအိပ်နိုင်

အောင် ထောင်တံခါးဝမှာ soundbox ကိုအသံမိုင်ကုန်ဖွင့်ထားတယ်တဲ့.. အဖေကလွတ်မှကိုကြီးဆုံးတာသိခဲ့ရတယ် အမေနဲ့ငါကကိုကြီး

အဆင်ပြေတယ်လို့ပဲလိမ်ထားခဲ့တာကိုး..အထဲရောက်နေတဲ့အဖေ့ကိုကိုကြီးဆုံးတာဘယ်လိုပြောထွက်မလဲ..

ငါတို့မိသားစုက စစ်မှုထမ်းဟောင်းမိသားစုပေမယ့် ဒီတော်လှန်ရေးမှာ ရတဲ့နေရာကနေတော်လှန်ပါဝင်ခဲ့ကြတယ် ကိုကြီးဆိုလူနာတွေနဲ့ဟို

ပြေးဒီပြေး ဆေးရုံကလက်မခံလို့ ရရာဆေးခန်းမှာအကူညီလိုက်တောင်းခဲ့တာတွေ သင်တန်းဆင်းပြီးပြန်လာတဲ့ကလေးတွေ မြို့ထဲပြန်လာ

လို့မရတော့လို့ လိုအပ်တဲ့စောင်တွေပစ္စည်းတွေ ရရာအလှူလိုက်ခံပြီးမောင်နှမနှစ်ယောက် ပို့ပေးခဲ့တာတွေ အမေကရှောင်တော့ တအား

ဖမ်းနေကြပြီလို့သတိပေးနေပေမယ့် တောထဲကသူငယ်ချင်းတွေတအားဖျားနေကြတာ ကျွန်တော်မှဆေးမပို့ရင်ပို့မယ့်သူမရှိဘူးဆိုပြီး ပေပြီး

နေခဲ့လို့ခုလိုတွေဖြစ်သွားတာတွေ နင်နဲ့ပတ်သက်တဲ့သူတွေအကြောင်း တစ်ခွန်းမှမဟလို့နင့်ကိုခုလိုလုပ်လိုက်ကြတာလားကိုကြီးရေ

..အဖေဆိုလည်း ကလေးမြို့ခံတပ်အဖြိုခံရတော့ ကလေးတွေပိတ်မိတဲ့သူတွေကို လိုက်ကြိုပြီးသူတို့အိမ်တွေအထိလိုက်ပို့ခဲ့တာတွေ တို့

မိသားစုတွေတတ်နိုင်တဲ့ဖက်ကနေ ဒီအရေးတော်ပုံမှာပါဝင်ခဲ့ကြပါတယ်..

ဒီအကြောင်းတွေရေးဖို့ ငါနှစ်လလောက်အချိန်ယူခဲ့ရတယ်

ရင်နာလို့အစလေးတောင်မပျိုးနိုင်ခဲ့ဘူး ဆုံးရှုံးသွားတဲ့အသက်တွေ

သေကွဲကွဲရတဲ့မိသားစုတွေအတွက် ဒီအရေးတော်ပုံကိုအားလုံးတတ်နိုင်တဲ့ဖက်ကပါဝင်ကူညီပေးကြပါ အရေးတော်ပုံမအောင်ရင်ကျဆုံး

သွားတဲ့သူတွေအားလုံးက သူရဲကောင်းမဖြစ်နိုင်ပါဘူး သူပုန်တွေအဖြစ်ပဲကျန်နေခဲ့မှာ အရေးတော်ပုံအောင်မှသာ ဒီလူတွေဟာသူကဲ

ကောင်းဖြစ်မှာမို့ နိုင်တဲ့ဖက်ကနေပါဝင်ကူညီပေးကြပါလို့ရင်နာနာနဲ့တောင်းဆိုပါရစေ..

Credit; Original Uploader