ၾကားသိသမွ်
ပြည်သူ့စစ်သားများ ” စစ်သားကောင်းဖြစ်ချင်စိတ်၊ တပ်မတော်ချစ်စိတ်” ကို အခြေခံပြီး ပြည်သူ့အကြွေးပြန်ဆပ်ပါ
ပြည်သူ့စစ်သားများ ” စစ်သားကောင်းဖြစ်ချင်စိတ်၊ တပ်မတော်ချစ်စိတ်” ကို အခြေခံပြီး ပြည်သူ့အကြွေးပြန်ဆပ်ပါ
ပြည်သူ့စစ်သားများအဖွဲ့တွင် ပြည်သူများကို သတ်ဖြတ် နှိပ်စက်ဖူးသူများကို လက််မခံပါ။ သို့သော် အဖွဲ့အစည်းရဲ့လုပ်ရပ်များသည် တပ်ဖွဲ့
ဝင်တိုင်းမှာ တာဝန်ရှိတာကြောင့် ပြည်သူပေါ်အကြွေးတင်သကဲ့သို့ ခံစားရပါသည်။
ထို့ကြောင့် ပြည်သူ့စစ်သားများအဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်ရုံသာမက ပြည်သူ့တော်လှန်ရေးတွင် ဘက်ပေါင်းစုံ ၊ နေရာပေါင်းစုံမှ ပါဝင်
အားဖြည့်လျက်ရှိပါသည်။
အဘယ်ကြောင့်ဆိုသော် ” တပ်မတော်သားကောင်း၊ ပြည်သူ့စစ်သား” ဖြစ်လိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် “တပ်မတော်၊ တပ်မတော်
သား၊ ပြည်သူ့စစ်သား ဆိုသည့် စကားရပ်များအား ကိုယ်စားပြုသုံးစွဲသွားပါမည်။
ပြည်သူ့စစ်သားများရဲ့ “စစ်သားကောင်း” ဖြစ်ချင်စိတ်ကို ပြည်သူများနားလည်ပေးရန် လိုအပ်ပါသည်။ စစ်သားဖြစ်ချင်ခဲ့ခြင်းသည် အပြစ်
မဟုတ်ပါ။ တပ်မတော်ကိုချစ်ခြင်းသည် အပြစ်မဟုတ်ပါ။
ပြည်သူ့စစ်သားများသည် စစ်သားဘဝကို ချစ်ကြသည်။ သို့သော် ပြည်သူကိုအနိုင်ကျင့်သော စစ်သားဘဝကိုမဟုတ်ပါ။
ပြည်သူ့စစ်သားများသည် တပ်မတော်ကိုချစ်ကြသည်။ သို့သော် ပြည်သူကိုအနိုင်ကျင့်သော တပ်မတော်ကို မဟုတ်ပါ။
အချို့သူများသည် ” စစ်သားကောင်းဖြစ်ချင်စိတ်၊ တပ်မတော်ချစ်စိတ်” များ အပေါ်တွင် ထိခိုက်ပြောဆိုလျက်ရှိကြသည်။
ပြည်သူ့စစ်သားများသည် ” စစ်သားကောင်းဖြစ်ချင်စိတ် ၊ တပ်မတော်ချစ်စိတ်” ကို အခြေခံကာ စစ်တပ်ကိုဆန့်ကျင်ပြီး ပြည်သူ့ဘက်
ရပ်တည်ခဲ့ကြောင်း သိစေလိုပါသည်ခင်ဗျာ။
Zawgyi
တာ်၊ တပ်မတော်သား၊ ပြည်သူ့စစ်သား ဆိုသည့် စကားရပ်များအား ကိုယ်စားပြုသုံးစွဲသွားပါမည်။