ၾကားသိသမွ်

ကယားပြည်နယ်၊ဘောလခဲမြို့နယ် မက်စလောင်းတောင်မှစစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ မက်စလောင်းတောင်မှာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့

တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အတွက် ခုခံတိုက်ပွဲဖြစ်ပွားနေကြောင်းနဲ့ စစ်ကောင်စီအနေ နဲ့ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ

အနီးကို နယ်မြေစိုးမိုးနယ်ရေးအတွက် ဒရုန်းနဲ့ ကင်းထောက်မှုတွေ၊ လမ်းကင်းချထားမှုတွေ၊ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ ဆက်တိုက်

ပြုလုပ်နေ တယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဘောလခဲမြို့နယ်အတွင်းက အရပ်သား ပြည်သူတွေကိုလည်း စစ်

ကောင်စီဘက် ဖမ်းဆီးမှုတွေရှိနေတယ်လို့လည်း ဖော်ပြပါတယ်။တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘောလခဲမြို့နယ် နန်းဖဲရွာသားတစ်ဦးက “ အဲ

မှာ သူတို့ တခါတလေ စစ်ကြောင်း ထိုးလို့ရှိရင် လူသားဒိုင်းကာခေါ်သွားတာ ကျမတို့ တွေ့ရတယ်။ အဲဒါ ကျမတို့ ရွာသူရွာသားလည်း

ကြောက်နေကြတယ်လေ။ တချို့ဆိုရင် ရှောင်နေကြရတာတွေလည်းရှိတယ်။ အခုတလော ကျမတို့ရွာပြင်နားက မက်စလောင်းတောင်မှာ

သူတို့အများကြီးရှိတယ်လို့တော့ ပြောတာပဲ။ မနေ့ကဆိုရင်လည်းသူတို့ KNDF နဲ့သူတို့ကြားမှာ တိုက်ပွဲဖြစ်တော့ ည ၁၀ နာရီဝန်းကျင်မှာ

ကျမတို့ရွာကို လက်နက်ကြီးတွေနဲ့ထုတာတော့ရှိတယ်။ ”

ဒါအပြင် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ မည်သူမည်ဝါ ဘယ်ရွာကနေ ဖမ်းလဲဆိုတာ မသိရပေမယ်

ရွာတွင်းဖြတ်သန်းချိန်မှာတော့ အဲလိုလူတွေကို ခေါ်ဆောင်သွားတောတွေကိုတွေ့ရကြောင်းလည်း‌ပြောပါတယ်။

ဒီလိုစစ်ဖြစ်နေတဲ့အကြား သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက်များစွာ စိုးရိမ်နေရသလိုပဲ တဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါဟာ

လွိုင်ကော်နဲ့ ဘောလခဲမြို့တွေမှာ မြင့်တက်လာနေတဲ့အတွက် ကျေးရွာဒေသခံတွေအတွက် လိုအပ်တဲ့အစားသောက်စရာဝယ်ဖို့ ဘောလခဲ

ဘက်ကို သွားလို့မရတော့သလို လွိုင်ကော်သွားပြန်ရင်လည်း ပြန်ဝင်လို့မရတော့တဲ့အနေအထား မှာရှိနေတဲ့အတွက် စားဝတ်နေရေး

အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့လည်း အဆိုပါ နန်းဖဲဒေသခံက ပြောပါတယ်။

“ကျမတို့လည်း အရမ်းကို စိုးရိမ်ရတယ်ပေါ့နော်။ ကျမတို့ ဒီဘောလခဲမှာ ကိုဗစ် ကူးတဲ့လူတွေရှိပြီဆိုတော့ ဘယ်ဘက်မှ သွားလို့မရဘူး။ ကျ

မတို့ ဒီဘောလခဲဘက်သွားပြီး ပစ္စည်းဝယ်လို့လည်းမရ၊ လွိုင်ကော်ဘက်သွားတော့လည်းပြန်ရွာဝင်ခွင့်လည်းမရတော့ဘူးဆိုတော့ ကျမတို့

အတွက် အရမ်း အခက်အခဲဖြစ်တယ်။ ဒီလိုမျိုးဖြစ်ခြင်းအားဖြင့် ကျမတို့ အပြည်သူလူထုတွေအတွက် အများကြီး ပြဿနာဖြစ်နိုင်တယ်ပေါ့

နော်။ ကျန်းမာရေးဖြစ်ဖြစ်၊ စားဝတ်နေရေးအတွက်အတွက် အရမ်းခက်ခဲနေတာပေါ့နော်။ ဘယ်လောက်ပဲ ခက်ခဲနေမပေမယ့်လည်းကျမ

လည်း အရေးတော်ပုံ အောင်စေချင်ပါတယ်လို့။ ” နန်းဖဲကျေးရွာအထွက်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းက KNPP နဲ့

PDF ပူးပေါင်းတပ်တွေက တက်ရောက်သိမ်းပိုက်ခဲ့ပြီး အားလုံးကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အခုချိန်ထိ အဆိုပါနေရာကို စစ်ကကောင်စီတပ်

က ပြန်လည်နေရာချနိုင်ခြင်းမရှိသေးပါဘူး။

အလားတူ ဖယ်ခုံမြို့နယ်၊ ပင်ပုံ၊ လယ်ဟွဲနဲ့ ‌ရွှေပြည်အေးကျေးရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး တာဝါတိုင်

လုံခြုံရေး အကြောင်းပြုကာ အဲဒီအနီးတဝိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းချီရာလမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေမှာ ပြည်သူတွေကို ဖမ်းဆီးပြီး ညှဉ်းပန်း

နှိပ်စက်တာ၊ ဓားစာခံ လူသားဒိုင်း အဖြစ်အသုံးပြုနေတာ၊ ခြိမ်းခြောက်တာတွေအပြင် နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး ပြည်သူပိုင်

ပစ္စည်းတွေကို အဓမ္မသိမ်းပိုက်တာစတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်းလည်း KNDFက ထုတ်ပြန်ထားပါတယ်။

Source; DVB

Zawgyi

ကယားျပည္နယ္၊ ေဘာလခဲၿမိဳ႕နယ္၊ မက္စေလာင္းေတာင္မွာ ဩဂုတ္ ၂၂ ရက္ မနက္ပိုင္းက စစ္ေကာင္စီတပ္နဲ႔ ကရင္နီပူးေပါင္းတပ္

တို႔ တိုက္ပြဲျဖစ္ပြားခဲ့ရာ စစ္ေကာင္စီဘက္က ၃ ဦးေသၿပီး ၂ ဦး ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ KNDF က သတင္းထုတ္ျပန္ပါတ

ယ္။စစ္ေကာင္စီဘက္က ထိုးစစ္ဆင္လာတဲ့အတြက္ ခုခံတိုက္ပြဲျဖစ္ပြားေနေၾကာင္းနဲ႔ စစ္ေကာင္စီအေန နဲ႔ ေဘာလခဲၿမိဳ႕နယ္၊ နန္းဖဲေ

က်းရြာအနီးကို နယ္ေျမစိုးမိုးနယ္ေရးအတြက္ ဒ႐ုန္းနဲ႔ ကင္းေထာက္မႈေတြ၊ လမ္းကင္းခ်ထားမႈေတြ၊ စစ္ေၾကာင္းထိုး

တိုက္ခိုက္မႈေတြ ဆက္တိုက္ျပဳလုပ္ေန တယ္လို႔လည္း ဆိုပါတယ္။ဒါ့အျပင္ တိုက္ပြဲျဖစ္ပြားတဲ့ ေဘာလခဲၿမိဳ႕နယ္အတြင္းက အရပ္သား ျပ

ည္သူေတြကိုလည္း စစ္ေကာင္စီဘက္ ဖမ္းဆီးမႈေတြရွိေနတယ္လို႔လည္း ေဖာ္ျပပါတယ္။တိုက္ပြဲေတြနဲ႔ ပတ္သက္ၿပီး ေဘာ

လခဲၿမိဳ႕နယ္ နန္းဖဲရြာသားတစ္ဦးက “ အဲမွာ သူတို႔ တခါတေလ စစ္ေၾကာင္း ထိုးလို႔ရွိရင္ လူသားဒိုင္းကာေခၚသြားတာ က်မ

တို႔ ေတြ႕ရတယ္။ အဲဒါ က်မတို႔ ရြာသူရြာသားလည္း ေၾကာက္ေနၾကတယ္ေလ။ တခ်ိဳ႕ဆိုရင္ ေရွာင္ေနၾကရတာေတြ

လည္းရွိတယ္။ အခုတေလာ က်မတို႔ရြာျပင္နားက မက္စေလာင္းေတာင္မွာ သူတို႔အမ်ားႀကီးရွိတယ္လို႔ေတာ့ ေျပာတာပဲ။ မေန႔က

ဆိုရင္လည္းသူတို႔ KNDF နဲ႔သူတို႔ၾကားမွာ တိုက္ပြဲျဖစ္ေတာ့ ည ၁၀ နာရီဝန္းက်င္မွာ က်မတို႔ရြာကို လက္နက္ႀကီးေတြနဲ႔ထု

တာေတာ့ရွိတယ္။ ”ဒါအျပင္ စစ္ေကာင္စီက လူသားဒိုင္းအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားသူေတြဟာ မည္သူမည္ဝါ ဘယ္ရြာကေန ဖမ္း

လဲဆိုတာ မသိရေပမယ္ ရြာတြင္းျဖတ္သန္းခ်ိန္မွာေတာ့ အဲလိုလူေတြကို ေခၚေဆာင္သြားေတာေတြကိုေတြ႕ရေၾကာင္းလ

ည္း‌ေျပာပါတယ္။ဒီလိုစစ္ျဖစ္ေနတဲ့အၾကား သက္ႀကီးရြယ္အိုနဲ႔ ကေလးငယ္ေတြအတြက္မ်ားစြာ စိုးရိမ္ေနရသလိုပဲ တဖက္မွာ

လည္း ကိုဗစ္-၁၉ ေရာဂါဟာ လြိဳင္ေကာ္နဲ႔ ေဘာလခဲၿမိဳ႕ေတြမွာ ျမင့္တက္လာေနတဲ့အတြက္ ေက်းရြာေဒသခံေတြအတြက္

လိုအပ္တဲ့အစားေသာက္စရာဝယ္ဖို႔ ေဘာလခဲ ဘက္ကို သြားလို႔မရေတာ့သလို လြိဳင္ေကာ္သြားျပန္ရင္လည္း ျပန္ဝင္လို႔မရေတာ့တဲ့အေနအ

ထား မွာရွိေနတဲ့အတြက္ စားဝတ္ေနေရးအတြက္ အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရတယ္လို႔လည္း အဆိုပါ နန္းဖဲေဒသခံက ေျပာပါ

တယ္။“က်မတို႔လည္း အရမ္းကို စိုးရိမ္ရတယ္ေပါ့ေနာ္။ က်မတို႔ ဒီေဘာလခဲမွာ ကိုဗစ္ ကူးတဲ့လူေတြရွိၿပီဆိုေတာ့ ဘယ္ဘက္မွ

သြားလို႔မရဘူး။ က်မတို႔ ဒီေဘာလခဲဘက္သြားၿပီး ပစၥည္းဝယ္လို႔လည္းမရ၊ လြိဳင္ေကာ္ဘက္သြားေတာ့လည္းျပန္ရြာဝင္ခြင့္လည္းမ

ရေတာ့ဘူးဆိုေတာ့ က်မတို႔ အတြက္ အရမ္း အခက္အခဲျဖစ္တယ္။ ဒီလိုမ်ိဳးျဖစ္ျခင္းအားျဖင့္ က်မတို႔ အျပည္သူလူထုေတြအတြက္

အမ်ားႀကီး ျပႆနာျဖစ္နိုင္တယ္ေပါ့ေနာ္။ က်န္းမာေရးျဖစ္ျဖစ္၊ စားဝတ္ေနေရးအတြက္အတြက္ အရမ္းခက္ခဲေနတာေပါ့ေ

နာ္။ ဘယ္ေလာက္ပဲ ခက္ခဲေနမေပမယ့္လည္းက်မလည္း အေရးေတာ္ပုံ ေအာင္ေစခ်င္ပါတယ္လို႔။ ” နန္းဖဲေက်းရြာအထြက္က စ

စ္ေကာင္စီတပ္စခန္းကို ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းက KNPP နဲ႔ PDF ပူးေပါင္းတပ္ေတြက တက္ေရာက္သိမ္းပိုက္ခဲ့ၿပီး အားလုံးကို

မီးရွို႔ ဖ်က္ဆီးခဲ့ပါတယ္။ အခုခ်ိန္ထိ အဆိုပါေနရာကို စစ္ကေကာင္စီတပ္က ျပန္လည္ေနရာခ်နိုင္ျခင္းမရွိေသးပါဘူး။

အလားတူ ဖယ္ခုံၿမိဳ႕နယ္၊ ပင္ပုံ၊ လယ္ဟြဲနဲ႔ ‌ေရႊျပည္ေအးေက်းရြာေတြမွာ အၾကမ္းဖက္ စစ္ေကာင္စီတပ္ေတြ တပ္စြဲထားၿပီး

တာဝါတိုင္လုံျခဳံေရး အေၾကာင္းျပဳကာ အဲဒီအနီးတဝိုက္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတယ္လို႔ ဆိုပါတယ္။

အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြရဲ့ စစ္ေၾကာင္းခ်ီရာလမ္းေၾကာင္းတစ္ေလၽွာက္က ေက်းရြာေတြမွာ ျပည္သူေတြကို

ဖမ္းဆီးၿပီး ညႇဥ္းပန္းႏွိပ္စက္တာ၊ ဓားစာခံ လူသားဒိုင္း အျဖစ္အသုံးျပဳေနတာ၊ ၿခိမ္းေျခာက္တာေတြအျပင္ ေနအိမ္ေတြကို ေ

ဖာက္ထြင္းဖ်က္ဆီးၿပီး ျပည္သူပိုင္ပစၥည္းေတြကို အဓမၼသိမ္းပိုက္တာစတဲ့ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနေၾကာင္းလည္း KNDFက

ထုတ္ျပန္ထားပါတယ္။

Source; DVB