တပ်မတော်အတွင်းတန်ပြန်အာဏာသိမ်းမှုဖြစ်ရန်တာစူနေပြီလား?
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းမှုမတိုင်ခင်ကတည်းက မင်းအောင်လှိုင်ရဲ့ အရင်ဦးဆုံးအာဏာသိမ်းခြင်းကိုခံလိုက်ရ
တာကတော့ တပ်မတော်ကိုယ်တိုင်ပဲဖြစ်တာကိုတော်တော်များများသတိမူမိကြမှာမဟုတ်ပါဘူး။
တစ်ကယ်တမ်းကျတော့ အာဏာသိမ်းမဲ့စစ်တပ်ရဲ့ ဗိုလ်ချုပ်ကြီးတိုင်းဟာ အာဏာသိမ်းမှုမဖြစ်ခင်မှာ စစ်တပ်ကိုအရင်ဆုံးအာဏာသိမ်း ကြ
ရပါတယ်။တပ်ထဲမှာ မိမိရဲ့သြဇာကို ဖီဆန်မည်ဟုထင်ရသူများကိုနေရာအပြောင်းရွှေ့လုပ်ပြီး ချောင်ထိုးခြင်း၊ သစ္စာခံမည့်သူများကို အရေး
ပါသည့်နေရာများသို့ ရွှေ့ပြောင်းခန့်ထားခြင်း ပြုလုပ်ပြီး မိမိရဲ့အာဏာတည်မြဲကျစ်လစ်အောင် တပ်တွင်းအာဏာသိမ်းမှုကို အရင်
ဆောင်ရွက်ကြရပါတယ်။ တပ်မတော်ရဲ့ ယခင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့တစ်ကွ အခြားဗိုလ်ချုပ်ကြီးဟောင်းများရဲ့ ထောက်ခံမှုနဲ့အတူ
မင်းအောင်လှိုင်ရဲ့ တပ်မတော်ကို အာဏာသိမ်းမှုကောင်းစွာအောင်မြင်ခဲ့ပါတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်ကိုအာဏာသိမ်းမှုကတော့ ၆ လကျော်လာပြီဖြစ်ပေမဲ့ ယနေ့အချိန်ထိ အောင်မြင်မှုမရှိတဲ့အပြင်
အာဏာသိမ်းမှုနဲ့အတူ တပ်မတော်ကြီးတစ်ခုလုံး ပြိုကွဲသွားတော့မဲ့ အလားလာတွေကိုစပြီးမြင်တွေနေရပါပြီ။
(၁) တပ်မတော် အတွင်းမှာ မင်းအောင်လှိုင်ရဲ့ဦးဆောင်မှုကိုပျော့ညံသည်ဟုမြင်နေခြင်း။
(၂) ဘုန်းကြီးတွေ အခါပေးတွေကို အားကိုးလွန်းပြီး စစ်ရေးကိစ္စတွေကအစ အခါပေးဘုန်းကြီးများပြောသည့် ပေါက်ကရများကိုလုပ်နေခြင်း။
(၃) အာဏာသိမ်းလာတာ အံတိုနေပြီဖြစ်သော တပ်မတော်ရဲ့သမိုင်းတွင် ဘယ်တုန်းကမှမကြုံဖူးသည့် ပြည်သူလူထု၏ ရင်ဆိုင်အန်တုမှုကိုကြုံတွေ့နေရခြင်း။
(၄) တပ်မတော် ၏ စစ်သားစုဆောင်းရေးများ၌ တပ်ထဲဝင်ချင်သူများမရှိတော့၍ စစ်သားစုဆောင်းရေး လုံးဝကျရှုံးသွားခြင်း။
(၅) တပ်မတော် အားပြည်သူလူထုကိုအကာကွယ်ပေးမည့်အဖွဲ့စည်း အဖြစ်မမြင်တော့ပဲ ပြည်သူလူထုအားလက်နှက်အားကိုးဖြင့် အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်သည့်ဖက်ဆစ်တပ်မတော်အဖြစ်မြင်လာခြင်း။
(၆) တပ်မတော်၏ လိုက်နာစောင့်ထိန်းရမည့် စစ်သည်တော်ကျင့်ဝတ်များ ကိုဖေါက်ဖျက်၍ ယောက်ကျားမပီသသော၊သူရဲဘောကြောင်
သော၊ လူမဆန်သည့် လုပ်ရပ်များ( ဥပမာ- ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်ပြည်သူများကို Sniper ဖြင့် ဦးနှောက်ပွင့်ထွက်အောင်ပစ်သတ်ခြင်း)
ကိုမင်းအောင်လှိုင်၏အမိန့်ဖြင့် တိုက်ရိုက်စေခိုင်းလုပ်ခဲ့ခြင်းကြောင့်
ယောက်ကျားမပီသသော သူရဲဘောကြောင်သော မာမီလေးများတပ်မတော်ဟုအခေါ်ခံနေရခြင်းဖြစ်သည်။ယခုကဲ့ကိုတပ်မတော်
အဖတ်ဆယ်လို့မရအောင် နာမည်ပျက်ရသည်မှာ မင်းအောင်လှိုင်အပေါ်၌လုံးလုံးလျားလျားတာဝန်ရှိကြောင်းကို သူရသတ္တိနှင့်အမှန်တစ်
ကယ်ပြည့်စုံသည့် တပ်မတော်သားအများစုက ပြတ်သားထင်ရှားစွာမြင်လာကြခြင်း။စသည့်အထက်ပါအချက်များကြောင့် တပ်မတော်၏
ရပ်တည်ရာလမ်းကြောင်းလုံးဝမှားနေပြီဟုထင်ရှားစွာမြင်လာသည့် တပ်မတော်သားများ တပ်ကိုစွန့်ခွါ၍ ပြည်သူဖက်မှရပ်တည်လာ
နေသည်ကိုနေ့စဉ်နှင့်အမျှမြင်တွေ့နေရပါသည်။
ယခုအချိန်ထိဆိုလျင် တပ်မတော်မှ စွန့်ခွါလာသော CDM တပ်သားပေါင်း ၁၅၀၀ ကျော်ရှိနေခဲ့ပြီဖြစ်သည်။နေ့စဉ်နှင့်အမျှတစ်နေ့ထက်
တစ်နေ့တိုး၍ နိုင်ငံနှင့်အဝှန်း နေရာဒေသအသီးသီးရှိတပ်ရင်းတပ်ခွဲများမှ လည်းဆက်လက်စွန့်ခွါနေကြဆဲဖြစ်သည်။တပ်မတော်စတင်ပြို
ကွဲနေပြီဖြစ်သည်။ယခုလိုအချိန်မှာ တပ်မတော်အနေဖြင့်မိမိ၏ကျဆင်းသွားသော ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ရန်၊ လက်ရှိရင်ဆိုင်
ကြုံတွေ့နေရသော နိုင်ငံရေး စစ်ရေးအကြပ်တည်းမှ ရုန်းထွက်နိုင်ရန် အပူတပြင်းကြံစည်ဆောင်ရွက်နေရပြီဖြစ်သည်။
တပ်မတော်အတွင်းပြင်ဆင်ပြောင်းလည်းမှုများဆောင်ရွက်ရန် ကြိုးပမ်းနေသည့်အုပ်စုများ နေစဉ်နှင့်အမျှပူးပေါင်းမိပြီးအင်အားကြီးထွား
လာနေပြီဖြစ်သည်ကို တပ်မတော်နှင့်နီးစပ်ရာ အသိုင်းဝန်းများမှကြားသိနေရသည်။
စိုးဝင်းနှင့် မင်းအောင်လှိုင်ကို အခြားဗိုလ်ချုပ်ကြီးများက တန်ပြန်အာဏာသိမ်းမလား၊ မင်းအောင်လှိုင်ကို စိုးဝင်းကိုယ်တိုင်တန်ပြန်
အာဏာသိမ်းမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်။ ဘယ်သူက ဘယ်သူ့ကို ဘယ်အုပ်စုက ပဲအာဏာသိမ်းသည်ဖြစ်ဖြစ်
တန်ပြန်အာဏာသိမ်းမှုတစ်ခုဖြစ်လာဖို့အတွက် အရှိန်ယူမှုတွေစတင်ဖြစ်ပေါ်နေတာကတော့သေချာနေပါပြီ။ တပ်တွင်းမှ အချို့ဆိုလျင်
ဗိုလ်ချုပ်မှုကြီးသန်းရွှေရေ အဘရေ အမြန်ပြန်လာပါလို့ အော်ဟစ်တမ်းတနေရတဲ့အထိမင်းအောင်လှိုင်ကိုစိတ်ပျက်နေတာအထင်အရှားပါ။
ဘယ်လိုပဲဖြစ်ဖြစ်တန်ပြန်အာဏာသိမ်မှုတစ်ခုဖြစ်လာမှာကတော့သေချာနေပါပြီ။ ဘယ်တော့လည်းဆိုတာကိုပဲစောင့်ကြည့်ရမှာဖြစ်တယ်။
ပြည်သူတွေ၊PDF တွေ၊ ပြည်ထောင်စုတပ်မတော် နှင့် ဦးဆောင်တိုက်ပွဲဝင်လာမဲ့ EAO အချို့အနေနဲ့ကတော့ မိမိတို့လုပ်စရာရှိတာကို လုံးဝ
နောက်မဆုတ်ပဲ ဆက်လက်ချီတက်ကြရမှာပဲဖြစ်တယ်။
တန်ပြန်အာဏာသိမ်းပြီးနောက်ပိုင်းမှာရွေးကောက်ပွဲရလဒ်ကိုအတည်ပြုမယ်၊ ပြီးရင် အပြစ်တွေအားလုံးကို မင်းအောင်လှိုင်ကိုပုံချမယ်၊
ပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ NLD ပြည်သူ့အစိုးကိုအာဏာပြန်လွှဲပေးရုံနဲ့တင်လုံလောက်တဲ့ပြုပြင်ပြောင်းလည်းမှုလို့
လည်းခေါ်ဆိုနိုင်မှာမဟုတ်ပါဘူး။
စိုးဝင်းဦးဆောင်မဲ့စစ်တပ်ဟာ စစ်တန်းလျားကိုပြန်ရမှာဖြစ်တယ်။ ပြီးရင် လွှတ်တော်ကနေ အသစ်ပြင်ဆင်ရေးဆွဲမဲ့ အခြေခံဥပဒေအရ
တပ်မတော်ဟာ ပြည်သူ့ဝန်ထမ်းပီပီ နိုင်ငံရေးမှာဝင်ရောက်စွက်ဖက်မှုတွေကိုရာသက်ပန် ရှောင်ကျဉ်ရမှာဖြစ်တယ်။
စစ်ဦးစီးချုပ်တိုင်းဟာ သမ္မတ ဦးဆောင်တဲ့ အရပ်သားအစိုးရကို ထာဝရ သစ္စာခံမယ်ဆိုရင် မြန်မာ့နိုင်ငံရေး သေနတ်တစ်ချက်မဖေါက်ရပဲ
အားလုံးအောင်ပွဲခံနိုင်မဲ့အနေထား Win Win situation ကို ရနိုင်မှာဖြစ်တယ်။မင်းအောင်လှိုင်အတွက်ကတော့ နိုင်ငံတော်ပုန်ကန်မှု၊ ပြည်
သူတွေကိုရက်စက်စွာသတ်ဖြတ်မှုအတွက် အရေးယူခံရမှာဖြစ်ပါတယ်။ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ သူပြုခဲ့တဲ့ ကံသူ့ထံကို
ပြန်လာတော့မဲ့အချိန်ဟာမဝေးတော့ဘူးဆိုတာ သူကိုယ်တိုင်လည်းသိနေပြီဖြစ်ပါတယ်။
Right Ananda
A.M.H
Credit to : Original