စ စ်ဖြစ်ရင်မလွယ်ဘူး ဆိုပြီး မအလ အလိုကျ တိတ်တခိုး (မ)ပြီး ရေးထားတဲ့ စာတပုဒ်ပြန့်နေပါတယ်
မြို့ပြမှာ စစ်ဖြစ်ရင်မလွယ်ဘူး ဆိုပြီး မအလ အလိုကျ တိတ်တခိုး (မ)ပြီး ရေးထားတဲ့ စာတပုဒ်ပြန့်နေပါတယ် ၊ စစ်ဖြစ်တာ လွယ်တယ်မ
ပြောပါ၊ခက်ခဲ ကြမ်းတမ်းမှာပါ၊ သို့သော် pdf တွေနဲ့ ပြည်သူကို တိတ်တခိုး သွေးခွဲတာ၊ စစ်ကို ကြောက်လန့်ပြီး ရှောင်ပြေးချင်အောင် အင်
ဖေါ်မေးရှင်း အမှားတွေ ထည့်နေတာတွေကြောင့် အခုစာကို ရေးပါတယ်။
မအလရဲ့ စစ်ခွေးတွေနဲ့ ပြည်သူ့ pdf ရည်ရွယ်ချက်ချင်းမတူပါ၊ ဆင်းသက်လာပုံ မတူပါ၊ သူရေးတာက အကုန် အတူတူပဲ လုယ က် သ တ်
ဖြတ်ကြမယောင်ရေးထားပါတယ်၊စစ်ခွေးတွေက အဲလို ပေါ်တာဆွဲ၊ လုယ က်၊ မု ဒိ မ်းကျင့် လုပ်ကောင်း လုပ်မယ်၊ pdf က ပြည်သူကို ထိပါး
မှာ မဟုတ်ပါ၊ ကာကွယ်ပါမယ့်၊ စောင့်ရှောက်ပါလိမ့်မယ်။
တခါ စစ်တပ်က နှိ ပ်စ က်ပုံ ကြည့်ရင် တနေရာက ကြွလာရင် အဲဒီတနေရာကို တခြားနေရာတွေက လာပေါင်းပြီး အင်အားသုံးဖိတဲ့ပုံပါ၊
မင်းတပ်မှာ အဲလို လာပေါင်းမရအောင် လမ်းမှာ ဖြတ်တားလို့ ရဟတ်ယာဉ်နဲ့ သုံးပြီး တို က်ခဲ့ရတာ မှတ်မိပါလိမ့်မယ်၊
တပြည်လုံး တို က်ပြီဆိုရင်တော့ အဲလို လာပေါင်းဖို့ ခက်တဲ့အပြင် သူတို့ကိုယ်တိုင်ပြေးရဖို့များပါတယ်၊ မြို့ပြတိုက်ပွဲမှာ ရန်ကုန်လို မြို့ဆို
နယ်မြေရှင်းဖို့ တအိမ်တက်ဆင်း လုပ်နိုင်မလုပ်နိုင် စဉ်းစားကြည့်ပါ။
စနိုက်ပါသမားက သိမ်းမယ်၊ စနိုက်ပါရှိရာ အာ ပီ ဂျီထုမယ် ဘာညာပြောတာကြည့်ပါ၊ ပြည်သူပါဝင်ရင် ဒီစနိုက်ပါသမားနေရာကို ငါးမိနစ်
အတွင်း ပီဒီအက်ဖ်က သိနိုင်ပါတယ်။ ပီဒီအက်ဖ် က ဘယ်တက်နေနေ ဖွက်ထားပေးပြီး ပစ်ခွင့်ပေးမယ့်သူချည်းပါ။
မီးဖြတ်မယ်၊ ကတုတ်ကျင်းထဲ နေရမယ်၊ အသားကြော်စားရင်တောင် အနံ့မွှေးလို့ လာလုမယ်ဆိုတာတွေအတွက်ကတော့ ဇွန်ဘီ ရုပ်ရှင်တွေ
သိပ်မကြည့်ပါနဲ့လို့၊
မဲမဲမြင်ရာ ဗုံ း ကြဲတဲ့ ဂျပန်ခေတ်တောင် ကတုတ်ဘကျင်းထဲ တနေကုန် ယပ်ခပ်မနေရဘူး၊ နောက် စစ်ဖြစ်ရင် ရွှေထည်တွေ လုမယ်
ယက်မယ်ဆိုတော့ စစ်ဖြစ်ချိန် ရွှေဆိုင်တွေ ခင်းကျင်းထားမယ်များ ထင်နေလားမသိ။
ထားတော့၊ တချက်ချင်း ဖြေရှင်းနေရရင် သူ့ပေါတောတောတွေက အများကြီး၊ နာဂစ်လို သဘာဝဘေးဟာ ရေပြဿနာ သန့်ရှင်းရေး၊
လျှပ်စစ်မီး စတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့တယ်၊
သဘာဝရင်းမြစ်ပေါတဲ့ မြန်မာမှာ ကလိုရင်း တပုလင်းရှိရင်တရွာလုံး ရေသန့်သုံးရတယ်၊ ဆန်ဆေးရေ သောက်ရမယ်ဘာညာ မထင်နဲ့၊ ပြည်
သူမှာ CDM ဆရာဝန်ရှိတယ်၊ ဆေးဝါးရှိတယ်၊ နာဂစ်မှာ ပြည်သူနားလန်ထတာ မြန်ခဲ့တယ်။
အရေးအကြီးဆုံးက ပြည်သူမှာ ပြည်သူရှိတယ်၊ အဲလိုပြောလို့ ကိုဗစ်မှာ ဈေးတက်တဲ့ ဝိသမလောဘသားတွေ လက်ညိုးလာထိုး ပြဦးမယ်၊
တဖက်မှာ ဘာသာ လူမျိုးမခွဲပဲ ကူညီသူတွေ မှိုလိုပေါက်လာလို့ ဝိသမလောဘသားတွေ နောက်ဆုံး နောက်ဆုတ်ခဲ့ရတာပဲ မဟုတ်ဘူးလား။
အချုပ်က စ စ်ဖြစ်ရင် လွယ်မယ်မပြောပါ၊ ဒါပေမယ့် မအိန်လုံး လက်အောက်နေရတာ စာရင် စ စ်ပွဲနဲ့ တိုက်ယူမှရမယ်ဆို တိုက်ရုံပဲ။
ပြည်သူဟာ စိတ်ဆုံးဖြတ်ပြီးပါပြီ။
Credit သက္က မိုးညို