ၾကားသိသမွ်

ကုလအဖွဲ့ကို အံ့အားသင့်သွားစေတဲ့ NUG ထောက်ခံသူများ

အမျိူးသားညီညွတ်ရေးအစိုးရ NUG ထောက်ခံသူတွေဟာ ဖေ့စ်ဘုတ်ပရိုဖိုင် ကမ်ပိန်းတစ်ခုကို သြဂုတ်လအတွင်းမှာ စတင်လိုက်တယ် ။

ချက်ချင်းဆိုသလိုပါပဲ ။ ပရိုဖိုင်တင်သူတွေကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ( က ) နဲ့ ဖမ်းဆီးဖို့ လူမှု့ကွန်ယက်မှာ ကြေငြာလိုက်တယ် ။

ဒီတော်လှန်ရေးပရိုဖိုင်ကမ်ပိန်းကို ဦးဆောင်ခဲ့တာက ပြည်တွင်းတော်လှန်ရေးအင်အားစု ( GSCB ) က စတင်လှုံ့ဆော်လိုက်တာပါ ။ စစ်

ကောင်စီရဲ့ ကြေငြာချက်အပြီးမှာပဲ ပရိုဖိုင်မလဲရသေးသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် NUG ထောက်ခံတဲ့ ပရိုဖိုင်တွေ လဲလာကြ

တယ် ။ဒီပရိုဖိုင်ကမ်ပိန်းဟာ သြဂုတ်လ ( ၁၄ ) ရက်နေ့မှာ NUG နဲ့ စစ်ကောင်စီ ၊ ဘယ်သူက နိုင်ငံကိုဦးဆောင်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်နဲ့

လည်း သက်ဆိုင်နေတယ် ။ ဒါ့ကြောင့် ကုလအဖွဲ့အစည်းနဲ့ မြန်မာ့အရေး လေ့လာနေသူတွေဟာ ဆိုရှယ်မီဒီယာပေါ်က NUG ပရိုဖိုင်းတင်

သူတွေကို စောင့်ကြည့်ခဲ့ကြတယ် ။ဒီညီလာခံမှာ အမေရိကန် ၊ တရုပ် ၊ ရှရှားတို့ပါဝင်တဲ့ အမြဲတမ်းအဖွဲ့ဝင် ၉ နိုင်ငံက မြန်မာနိုင်ငံကို

ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကို မဲခွဲဆုံးဖြတ်ပေးဖို့ အဆိုတင်သွင်းကြမှာပါ ။ လက်ရှိမှာတော့ ဒီကော်မတီကို မော်လ်လဒိုက်နိုင်ငံက

ခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ် ။

ဒီဆုံးဖြတ်မှု့အတွက် လုံခြူံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဟာ ဗီတိုအာဏာသုံးခွင့် မရှိပါဘူး ။ မဲပေးတဲ့အခါမှာတော့ အဖွဲ့ဝင် ၁၉ ၃

နိုင်ငံက တစ်မဲစီပေးရမှာပါ ။ဒီရက်ပိုင်းမှာပဲ သြစတေးလျနိုင်ငံက အဖွဲ့တစ်ဖွဲ့ရဲ့ တောင်းဆို ၊ တင်ပြချက်တစ်ခုကို ကမ္ဘာကျော်တွေ

အပါအဝင် လက်မှတ်ပေါင်း နှစ်သိန်းကျော်နဲ့ NUG ကို တရားဝင်အစိုးရအဖြစ် ကုလအဖွဲ့ကြီးက အသိအမှတ်ပြုဖို့ တင်ပြလိုက်တယ်

အမေရိကန် သံအမတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်နဲ့ ချက်နိုင်ငံကိုယ်စားပြု သံတမန်တစ်ဦးဖြစ်တဲ့ ပေဘယ်လ်ဖစ်ရှာ တို့လို နာမည်ကြီးသူ

တွေ အများစုက ထောက်ခံလက်မှတ် ထိုးပေးထားပါတယ် ။နောက်တစ်နေ့မှာတော့ ပရိုဖိုင်တင်သူ နာမည်ကျော်အနုပညာရှင် ၆၃ ဦးကို

၅၀၅(က) နဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ် ။ ပရိုဖိုင်တင်သူတွေကိုလည်း အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံသူတွေအဖြစ် ဆက်လက်

အရေးယူမယ်လို့ စစ်ကောင်စီက ကြေငြာထားတယ် ။

လေလှိုင်းပေါ်က အစိုးရလို့ စစ်ကောင်စီဘက်က ဝေဖန်ထားပေမယ့် နွေဦးထီလက်မှတ်တွေဟာ အွန်လိုင်းပေါ်မှာ ဝယ်ယူခွင့်ရဖို့ မလွယ်

လောက်အောင်ကို အားပေးမှု့ရခဲ့တယ် ။ ဒီသတင်းကိုလည်း ကုလအဖွဲ့နဲ့ နိုင်ငံတကာသတင်းဌာနတွေက စောင့်ကြည့်နေကြတယ် ။ကုလ

အဖွဲ့ကြီးနဲ့ မြန်မာ့အရေး လှုပ်ရှား ၊ လေ့လာနေသူတွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေတာကတော့ ၊ ဘယ်လိုပင် အရေးယူပါစေ

NUG ကို ရဲရဲဝန့်ဝန့် ထောက်ခံမယ်ဆိုတဲ့ ဖေ့စ်ဘုတ်သုံးစွဲသူအရေအတွက်ဟာ ၃ သန်းကျော်အထိ ရှိခဲ့လို့ပါ ။

သောကြာနေ့ကစပြီး NUG ရဲ့ ရေဒီယိုလှိုင်းတွေကို နားထောင်သူတွေ တိုးပွားလာခဲ့တယ်လို့ မြန်မာ့အရေး လေ့လာ ၊ လှုပ်ရှားသူတွေက ကု

လထံကို တင်ပြခဲ့တယ် ။ ရေဒီယိုဟာ နံနက် ၇ နာရီနဲ့ ညနေ ၅ နာရီအချိန်တွေမှာ နေ့စဉ်ထုတ်လွှင့်ပေးမယ်လို့ နိုင်ငံတကာသတင်းဌာနတွေ

က ဖော်ပြနေပါတယ် ။ အစီအစဉ် ပထမနေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ပြည်သူ့တော်လှန်ရေးသမားတွေ အစုအပြူံလိုက်ကို စစ်

ကောင်စီက သတ်ဖြတ်ခဲ့တဲ့အကြောင်း အကျယ်တဝင့် ပြောပြထားပါတယ် ။

စစ်ကောင်စီဘက်ကတော့ NUG RADIO အစီအစဉ်ဟာ တရားမဝင်အဖွဲ့အစည်းက ထုတ်လွှင့်တာဖြစ်တဲ့အတွက် နားထောင်သူတွေဟာ

အကြမ်းဖက်အဖွဲ့အစည်းကို အားပေးနေသူတွေအဖြစ် ရာဇဝတ်မှု့ကျူးလွန်သူ ၊ အားပေးသူတွေလို့ ကြေငြာထားပါတယ် ။သုံးသပ်ရရင်

NUG ဟာ စက်တင်ဘာ ၁၄ ရက်နေ့မတိုင်မီမှာ ခြေလှမ်းတွေကျဲလာတယ် ။ အွန်လိုင်းထီရောင်းတယ် ။

တိုးလို့မပေါက်ဘူး ။ ပရိုဖိုင်တင်တယ် ။ လူ ၃ သန်းကျော်တင်တယ် ။ ရေဒီယိုလွှင့်တယ် ။ ရေဒီယိုဝယ်သူတွေ လက်မလည်ဘူး ။ ဒီ

အခြေအနေတွေ ပြန်သုံးသပ်ရရင် ၊ ” ပြည်သူတွေဘက်ကရော အဆင်ပြေနေလို့လား ” လို့ မေးချင်စရာပါ ။ ဟုတ်ပါတယ် ။ ပြည်သူတွေ

အဆင်မပြေပါဘူး ။ စီဒီအမ်ဝင်ကြတယ် ။ ဝင်ငွေမရှိဘူး ။ စျေးပိတ် ၊ ဆိုင်ပိတ် ၊ အလုပ်နားထားရသူတွေရှိတယ် ။ လက်ထဲမှာ ငွေသားမရှိသူ

တွေ အများကြီးရှိတယ် ။

သို့ပေမယ့် NUG အတွက်တော့ ဖြစ်သလိုနည်းနဲ့ အကူအညီပေးနေကြပါတယ် ။ ပြည်သူတွေဟာ ” စစ်အာဏာဝါဒ ” တော်တော်လေး

မုန်းတီးသွားကြပြီဆိုတာ သက်သေပါဘဲ ။

အနှစ်ချုပ်ရရင် …၊စာရေးသူကတော့ အထွေထွေညီလာခံမှာ ကုလအဖွဲ့ကြီးကိုယ်တိုင်က မှန်မှန်ကန်ကန် ၊ သမာသမတ်ကျစွာနဲ့ ပြည်သူ

ကိုယ်စားပြု အစိုးရကို ရွေးချယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ အခြေအနေကလည်း ဖြစ်နိုင်စွမ်းတွေ များနေပါတယ် ။

crd