ၾကားသိသမွ်

အောင်ဘာလေထီလုပ်ငန်းအား အပြီးတိုင်ဖျက်သိမ်းပြီး ရောင်းချသူကို အရေးယူမယ်လို့ NUG ကြေညာ

အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှု

ဝန်ကြီးဌာနက သြဂုတ် ၂၁ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာခဲ့သည်။

အပြီးတိုင် ဖျက်သိမ်းလိုက်သည့်အတွက် လက်ကားဝယ်ကာ ပြန်လည်ရောင်းချနေ‌သော ထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အောင်ဘာလေ

ထီလက်မှတ်များကို ဝယ်ယူ၊ ရောင်းချ၊ဖြန့်ဖြူးခြင်း မပြုကြရန် သတိပေး တားမြစ်ထားသည်။

ထုတ်ပြန်ချက်တွင် လောင်းကစားဥပဒေအား ပထမအကြိမ် ပြင်ဆင်သည့် ဥပဒေကို သြဂုတ် ၆ ရက်က ပြည်ထောင်စုဥပဒေ

အမှတ်( ၅ )ဖြင့် အတည်ပြု ပြဌာန်းခဲ့သည်ဟု ပါဝင်သည်။

ယင်း ပြင်ဆင်ပြဌာန်းသည့် ဥပဒေ၏ ပုဒ်မ (၂ ) ပုဒ်မခွဲ(ည)တွင် ထီ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ဘဏ္ဍာရေး နှင့်

ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန က ဖွင့်လှစ်သည့် အောင်လံလွှင့်ချီ နွေဦးထီကိုသာ ဆိုလိုကြောင်း ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် လောင်းကစားလုပ်ငန်းဖြစ်သည့် အောင်ဘာလေ ထီလက်မှတ်များအား ထီလုပ်ငန်းရှင်များက

ဝယ်ယူရောင်းချ ဖြန့်ဖြူးခြင်း မပြုလုပ်ရန် NUGက တားမြစ်ထားသည်။

ဖောက်ဖျက်ကျူးလွန်သည့် ထီလုပ်ငန်းရှင်ကြီးများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု စီမံကိန်း၊ဘဏ္ဍာရေး

နှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Zawgyi

ေအာင္ဘာေလထီလုပ္ငန္းကို အၿပီးတိုင္ဖ်က္သိမ္းေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျ

မႇပ္ႏွံမႈဝန္ႀကီးဌာနက ၾသဂုတ္ ၂၁ ရက္ ညပိုင္းတြင္ ထုတ္ျပန္ ေၾကညာခဲ့သည္။

အၿပီးတိုင္ ဖ်က္သိမ္းလိုက္သည့္အတြက္ လက္ကားဝယ္ကာ ျပန္လည္ေရာင္းခ်ေန‌ေသာ ထီလုပ္ငန္းရွင္ႀကီးမ်ားအေနျဖင့္ ေအာင္ဘာေလထီ

လက္မွတ္မ်ားကို ဝယ္ယူ၊ ေရာင္းခ်၊ျဖန႔္ျဖဴးျခင္း မျပဳၾကရန္ သတိေပး တားျမစ္ထားသည္။

ထုတ္ျပန္ခ်က္တြင္ ေလာင္းကစားဥပေဒအား ပထမအႀကိမ္ ျပင္ဆင္သည့္ ဥပေဒကို ၾသဂုတ္ ၆ ရက္က ျပည္ေထာင္စုဥပေဒ

အမွတ္( ၅ )ျဖင့္ အတည္ျပဳ ျပဌာန္းခဲ့သည္ဟု ပါဝင္သည္။

ယင္း ျပင္ဆင္ျပဌာန္းသည့္ ဥပေဒ၏ ပုဒ္မ (၂ ) ပုဒ္မခြဲ(ည)တြင္ ထီ ဆိုသည္မွာ အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ စီမံကိန္း၊ဘ႑ာေရး

ႏွင့္ရင္းႏွီးျမႇပ္ႏွံမႈဝန္ႀကီးဌာန ျပည္တြင္းအခြန္မ်ား ဦးစီးဌာန က ဖြင့္လွစ္သည့္ ေအာင္လံလႊင့္ခ်ီ ေႏြဦးထီကိုသာ ဆိုလိုေၾကာ

င္း ပါရွိသည္။အၾကမ္းဖက္စစ္ေကာင္စီ၏ တရားမဝင္ ေလာင္းကစားလုပ္ငန္းျဖစ္သည့္ ေအာင္ဘာေလ ထီလက္မွတ္မ်ားအား ထီလုပ္

ငန္းရွင္မ်ားက ဝယ္ယူေရာင္းခ် ျဖန႔္ျဖဴးျခင္း မျပဳလုပ္ရန္ NUGက တားျမစ္ထားသည္။

ေဖာက္ဖ်က္က်ဴးလြန္သည့္ ထီလုပ္ငန္းရွင္ႀကီးမ်ားအား တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္ရြက္သြားမည္ဟု စီမံကိန္း၊ဘ႑ာေရးႏွင့္ ရ

င္းႏွီးျမႇပ္ႏွံမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြန္းနိုင္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။