ကေအိုင်အေပစ်မှတ်ထားလာတဲ့ နေရာတွေကြောင့် လည်မြိုကို တက်နင်းခံနေရပြီဖြစ်တဲ့ စစ်ကောင်စီ
မြန်မာပြည်သူများသည် စစ်တပ် အပေါ် ရွံရှာ မုန်းတီးနေမှုများက ယခုမှ ပင် မဟုတ် ကာလကြာမြင့်စွာကပင် ရှိနေပြီး ဖြစ်သည်။ နိုင်ငံတော်
အတိုင်ပင်ခံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ် ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြရုံမက တိုင်းပြည်စီးပွားရေးကို ဂုတ်မှနေ ခွစီးထားခဲ့သဖြင့်
တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေမှု အပါအဝင် အကြောင်းပေါင်းစုံ ပါဝင်နေခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ရင်ကြားစေ့ရေး အောင်မြင်လို အောင်မြင်ငြား ဆိုက ပြည်ထောင်စု မိခင်ကြီး၏ မျက်နှာကို
ထောက်ထား၍ ငြိမ်ခံနေခဲ့ကြခြင်းမျိုးသာ ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအနေအထားကြားမှပင် သူမ၏ မူဝါဒကို ပြည်သူများ၏ ထောက်ခံမှု နှင့် အတူ မှန်ကန် ဖြောင့်မတ်စွာ
စွဲကိုင် လျှောက်လှမ်းနိုင်ခဲ့၍ မင်းအောင်လှိုင် အဖို့ မည်သို့သော အကြောင်းပြချက် မျိုးကိုမှ ရှာမတွေ့ တော့ဘဲ နောက်ဆုံး တွင် တုတ်စွဲ ဓါးစွဲ
ကာ လူမိုက်ဆန်ဆန် အာဏာသိမ်း ယူလိုက်ရသည့် လူသတ်ကောင် ဘဝ ကျရောက်သွားခဲ့ရပေသည်။
ယင်းနှင့် အတူ တချိန်လုံး အောင့်အီးထားခဲ့ရသော ပန်ဒိုရာ သေတ္တာကြီးမှာ ပွင့်ထွက်သွားခဲ့လေပြီ။ ပန်ဒိုရာ သေတ္တာကြီး ဆိုသည်က
ရှေးဟောင်း ဂရိ ဒဏ္ဍာရီလာ မကောင်းဆိုးဝါးတို့၏ ကျိန်စာများ သိုလှောင်ထားသည့် ကရားကြီးပင် ဖြစ်သည်။
လာမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် စစ်အုပ်စု၏ ကိုယ်စားလှယ်ကို ငြင်းပယ်ရန် နိုင်ငံလုံး ဆိုင်ရာ အထွေထွေ သပိတ်ညှိနိုင်းရေး
ကော်မတီ၏ Accept NUG, Reject Military ဆိုသည့် ဖေ့စ်ဘုတ် လှုပ်ရှားမှုသည် လည်း ကမ္ဘာသိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သည့်အပြင်
NUG Radio အားလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြသဖြင့် အရှက်ကင်းမဲ့စွာ ခြိမ်းလား ခြောက်လား နှင့် လိုက်လံသိမ်းဆည်း ခဲ့ရ
သည့် အထိ ဖြစ်လာသည်။ သူတို့အထဲမှ အချို့က ထိုသို့ မဖြစ်အောင် မိမိတို့ ငွေ (တိုင်းပြည်ဘဏ္ဍာဖြင့် သိမ်းကျုံး ဝယ်ယူရန်ပင် အကြံပေး
ခဲ့သည်များ ရှိသည်ဟု သိရသည်)။
ပြည်သူများ က စစ်တပ်၏ ဒလကြမ်း ဖိနှိပ်နေမှု ကြားမှပင် ခေါင်းငုံ့မခံ၊ မိမိတို့ ဆန္ဒကို ထုတ်ဖေါ်လာကြသည့် အရေး ကို မြန်မာပြည်
အကြောင်း အနီးကပ် စောင့်ကြည့်နေကြသည့် မည်သူမဆို မချီးကျူးဘဲ နေနိုင်ကြမည် မဟုတ်ပေ။ ပေယျာလကန်လည်း လုပ်ဝံ့ကြမည်
မဟုတ်သည်ကား သေချာနေပေသည်။
ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်များ ဦးဆောင်၍ ထိုးစစ်ကြီး ဆင်နွှဲလာတော့မည် ဖြစ်သည်။ အထူးသဖြင့် မြန်မာပြည် မြောက်ပိုင်း
သား တို့ ၏ ပုန်ကန်မှု ကြီးက စစ်တပ်အား စစ်ရေး နှင့် စီးပွားရေး တွင် အကြီးအကျယ် ထိုးနှက် ရိုက်ချိုးခြင်း ခံရဖို့ ရှိနေသည်ဟု ဂျပန် အွန်
လိုင်း ဂျာနယ် The Diplomat တွင် ထောက်ပြလာခဲ့သည်။
အခြားဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင်များကလည်း ယခုလို အနေအထားမျိုး တသက်နှင့် တကိုယ် မည်သို့မျှ ရလာစရာ မရှိ
သဖြင့် ငြိမ်နေပါက ၎င်းတို့ လွတ်မြောက်အောင် တိုက်ပွဲ ဝင်ပေးပါမည်ဟု ကတိ ကဝတ်ပြုထားသော ဌာနေ တိုင်းရင်းသားများကို မည်သို့မျှ
မျက်နှာပြဝံ့စရာ ရှိမည် မဟုတ်ပေ။
၎င်းတို့ အဖို့လည်း စစ်တပ်၏ BGF များ သာသာ ဘဝ သို့ ကျရောက်သွားပေတော့မည်။ မိမိတို့ လူမျိုးများ အနာမခံ နိုင် ဆိုကလည်း
လက်နက် ချလိုက်ဖို့သာ ရှိပေတော့သည်။
The Diplomat တွင် ရေးသားထားသည်မှာ ကေအိုင်အေ၏ ဒေသတွင်း ပြစ်မှတ်များကို တိုက်ခိုက်လာခြင်း သည်ကပင် စစ်တပ် အတွင်း
လွန်စွာ ထိခိုက်နစ်နာမှု ဖြစ်လာခဲ့ရကြောင်း ဖားကန့် ကျောက်စိမ်းတွင်းများ နှင့် မြစ်ကြီးနားကို သိမ်းပိုက်နိုင်ပြီဆိုလျှင် ၎င်းတို့ လည်မြိုကို
တက်နင်းထားသလို အသက်ငင်သွား ဖို့သာ ရှိနေသည်ဟု ဆိုသည်။
ကေအိုင်အေသည် ယခုအချိန်အထိ ၎င်းတို့ နယ်မြေ အတွင်း ရှိ စစ်စခန်း ၁၀ ခု ထက်မနည်း သိမ်းယူ နိုင်ခဲ့ပြီး ဖားကန့် နှင့် မြစ်ကြီးနား တ
ဝိုက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက် ရှိနေသည်။
မြစ်ကြီးနားကို သိမ်းပိုက် နိုင်ပြီဆိုက စစ်တပ်၏ “ပြည်ထောင်စု မပြိုကွဲရေး” ဝါဒ ဖြန့်နေမှုကို ရိုက်ချိုးပစ်သလို ဖြစ်သွားပေမည်။ စိတ်ဓါတ်
များ ကျဆင်းကုန်ပြီး စစ်တပ် အတွင်း မင်းအောင်လှိုင်အား ပြဿနာ ကောင် အဖြစ် ယခင်ကထက်ပင် ပို၍ လက်ညိုးထိုးလာကြပေတော့
မည်။ဖားကန့် ဒေသ ကို သိမ်းနိုင်ခဲ့လျှင်ပင် ၎င်းတို့ အတွက် နှစ်စဉ် ဒေါ်လာ ၃၁ ဘီလီယံ ဝင်ငွေ ရနေသည့် ငွေတွင်း ကြီး ပိတ်သွားတော့
မည် ဖြစ်သည်။ ဖားကန့်အား ကေအိုင်အေ အတွက် စစ်စရိတ် ရဖို့ နှင့် ဗိုလ်ချုပ်ကြီးများ၏ အိတ်များ ဖောင်းသထက် ဖောင်းလာစေရန် ပံ့ပိုး
ပေးနေသည့် နေရာလည်း ဖြစ်သည်။ထို့အပြင် မင်းအောင်လှိုင် နှင့် အဖွဲ့အား ကချင်ဒေသတွင် ဝ လူမျိုး များ ကဲ့သို့ ကိုယ်ပိုင် အုပ်ချုပ်ရေး
ဒေသအဖြစ် ပေးရန် အရေးဆိုနိုင်ခွင့် ရရှိသွားမည်လည်း ဖြစ်သည်။
ထို့အပြင် ဖားကန့် မိုင်း များ အပေါ် မှီခိုနေရသည့် ဝ နှင့် အေအေ တို့အားလည်း မိမိတို့ဖက်ပါလာအောင် ဆွဲဆောင် နိုင်ဦးမည် ဖြစ်သည်ဟု
The Diplomat တွင် ရေးသားထားသည်။
ယခု ထွက်ရှိလာသော Global Witness Report တွင် ကေအိုင်အေ အား နောက်ဆုံးပေါ် လက်နက်များ ရောင်းချ ခြင်း မပြုလုပ်တော့ရန်
ပင် တရုတ်တို့က ဝ အဖွဲ့အား ဖိအားများ ပေးလာနေသည်ဟု ပါရှိလာခဲ့သည်။
ထိုသို့ သော အကြောင်းများ ကြောင့် ပြည်သူများဖက်က မည်သို့ မည်ပုံ အောင်မြင် နိုင်မည် ဆိုသည်ကား သံသယ ရှိစရာပင် မလိုတော့
သည့်အပြင် အဓိက မေးခွန်း ထွက်ပေါ်လာသည်က စစ်တပ်က ၎င်းတို့ အရှုံးကို မည်သို့ ကာကွယ်လာမည်လဲ ဆိုသည်ပင် ဖြစ်သည်ဟု
ဆောင်းပါး ကို အဆုံးသတ်ထားခဲ့သည်။ယခုပင် နေပြည်တော်မှ စစ်တိုင်း အသီးသီးရှိ တပ်မှူးများကို မိမိတို့ လက်အောက်ခံ တပ်များအား
တိုက်ပွဲဝင် အနေအထား ဖြင့် အမြဲ အသင့်ရှိနေရန် ပြင်ဆင်ထားရမည် ဆိုသည့် ညွှန်ကြားချက်အား မြင်တွေ့ခဲ့ရသည်ဟု ဧရာဝတီ တွင်
ရေးသားထားသည်။ဤသည်က သေရန် အသင့်ပြင်ထား ဆိုသည့် သဘောမျိုး ဖြစ်နေ၍ လက်အောက်ခံ အရာရှိ အရာခံ များက မည်မျှ
အတိုင်းအတာ အထိ လိုက်နာကြမည်ဆိုသည်ကို စောင့်ကြည့်ရုံသာ ရှိပေတော့သည်။ ယခုပင်လျှင် တပ်ကို စွန့်ခွာလာသူ များသည်ထက်
များပြားလာပြီ ဖြစ်သည်။နောက်ဆုံး ပြည်သူများ ဖက်မှ သေနတ်တချက်ပင် မဖေါက်လိုက်ရဘဲ ပွဲသိမ်းသွားနိုင်သည်ကို မဖြစ်လောက်ဟု
မည်သူ ငြင်းချက် ထုတ်နိုင်အံ့ပေမည်နည်း။
အရေးတော်ပုံ အောင်ရမည်!!!
Hla Soewai