ၾကားသိသမွ်

ထောင်(၃)နှစ်ချမှတ်ခံရပြီး အိုးဘိုထောင်ကို အပို့ခံရပေမယ့် စိတ်ဓာတ်မကျတဲ့အပြင် ဖခင်ဖြစ်သူကိုပါအမှာစာပို့လိုက်တဲ့ သမီးလေးစုထက်ဝိုင်းရဲ့ အစ်မ

မိုးကုတ်မြို့က ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူကိုစိုးဌေးကို ရှာမတွေ့တာကြောင့် သမီးလေးစုထက်ဝိုင်းအပါအဝင်မိသားစုဝင်သုံး

ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တုန်းကသမီးလေးစုထက်ဝိုင်းတစ်ယောက်ပြန်လွတ်လာပြီး အစ်မနဲ့

မိခင်ဖြစ်သူတို့ကတော့ ဆက်လက်ဖမ်းဆီးခံထားရပါတယ်။ယခုမှာတော့ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့အစ်မဖြစ်သူဟာ

ထောင်ဒဏ်(၃)နှစ်ချမှတ်ခံခဲ့ရသလိုသားအမိနှစ်ယောက်ကိုလည်း အတူမထားဘဲ မိုးကုတ်အချုပ်ထောင်နှင့်ရဲစခန်းတို့မှာ ခွဲထားခဲ့ကြပါ

တယ်။ထောင်ဒဏ်ချမှတ်အပြီးမှာတော့ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့ အစ်မတို့ကို မန္တလေးမြို့ရှိအိုးဘိုထောင်သို့ ခေါ်ဆောင်သွားကြောင်း

သိရှိရပါတယ်။ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့သမီးလေးစုထက်ဝိုင်းရဲ့ အစ်မဖြစ်သူကတော့ စိတ်ပူနေကြတဲ့မိသားစုဝင်တွေဆီကို

လေးစားစရာကောင်းတဲ့ အမှာစာလေး ပို့ပေးလိုက်ပါတယ်။

သမီးလေးစုထက်ဝိုင်းရဲ့အစ်မဖြစ်သူက “သားအမိနှစ်ယောက်စလုံး ကျန်းမာစွာနဲ့ အာဏာရှင်အမြစ်ပြတ်ဖို့ရောက်တဲ့အရပ်၊ ရှိတဲ့နေရာက

ဆက်ပြီးတော်လှန်သွားမယ်” လို့ english လိုရေးပြီးမိသားစုထံကို အမှာစာလေး ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။

မိုးကုတ်က တတ်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုစိုးဌေးကတော့ သမီးကြီးရဲ့ စာလေးကိုဖတ်ပြီး ဂုဏ်ယူနေခဲ့ပါတယ်။

ကိုစိုးဌေးကတော့ ” သမီးကြီးရေ .. “အတိတ်ကရခဲ့တဲ့ ဒဏ်ရာတွေကိုကုစားရင်း တိုင်းပြည်ရဲ့အနာဂတ်ကြီးလှပဖို့တော်လှန်ရေးအလံကို

မြဲမြံစွာဆုပ်ကိုင်ထားရင်း နောက်ဆုံးထွက်သက်အထိအာဏာရှင်အမြစ်ပြတ်ရေး တိုက်ပွဲဝင်ပါ ” ဆိုပြီး ရေးသားထားပါတယ်။

ပြည်သူတွေကတော့ အာဏာရှင်ကိုတွန်းလှန်းရင်း မိသားစုတစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ ကိုစိုးဌေးတို့မိသားစုအတွက်စိတ်မကောင်းဖြစ်နေ

ကြပြီး အားတင်းထားဖို့ အားပေးစကားပြောဆိုနေကြပါတယ်။

Zawgyi

မိုးကုတ္ၿမိဳ႕က ဒီမိုကေရစီအေရးတတ္ႂကြလႈပ္ရွားသူကိုစိုးေဌးကို ရွာမေတြ႕တာေၾကာင့္ သမီးေလးစုထက္ဝိုင္းအပါအဝင္

မိသားစုဝင္သုံးေယာက္ကို ဖမ္းဆီးသြားခဲ့ပါတယ္။အက်ဥ္းသားေတြ ျပန္လႊတ္ေပးခဲ့တုန္းကသမီးေလးစုထက္ဝိုင္းတစ္ေယာက္ျ

ပန္လြတ္လာၿပီး အစ္မနဲ႔ မိခင္ျဖစ္သူတို႔ကေတာ့ ဆက္လက္ဖမ္းဆီးခံထားရပါတယ္။

ယခုမွာေတာ့ သမီးေလးစုထက္ဝိုင္းရဲ့ မိခင္နဲ႔အစ္မျဖစ္သူဟာ ေထာင္ဒဏ္(၃)ႏွစ္ခ်မွတ္ခံခဲ့ရသလိုသားအမိႏွစ္ေယာက္ကိုလည္း အတူမ

ထားဘဲ မိုးကုတ္အခ်ဳပ္ေထာင္ႏွင့္ရဲစခန္းတို႔မွာ ခြဲထားခဲ့ၾကပါတယ္။

ေထာင္ဒဏ္ခ်မွတ္အၿပီးမွာေတာ့ သမီးေလးစုထက္ဝိုင္းရဲ့ မိခင္နဲ႔ အစ္မတို႔ကို မႏၲေလးၿမိဳ႕ရွိအိုးဘိုေထာင္သို႔ ေခၚေဆာင္သြားေၾ

ကာင္း သိရွိရပါတယ္။ေထာင္ထဲမွာ ထိန္းသိမ္းခံထားရတဲ့သမီးေလးစုထက္ဝိုင္းရဲ့ အစ္မျဖစ္သူကေတာ့ စိတ္ပူေနၾကတဲ့မိသားစုဝ

င္ေတြဆီကို ေလးစားစရာေကာင္းတဲ့ အမွာစာေလး ပို႔ေပးလိုက္ပါတယ္။

သမီးေလးစုထက္ဝိုင္းရဲ့အစ္မျဖစ္သူက “သားအမိႏွစ္ေယာက္စလုံး က်န္းမာစြာနဲ႔ အာဏာရွင္အျမစ္ျပတ္ဖို႔ေရာက္တဲ့အရပ္၊ ရွိတဲ့ေနရာက

ဆက္ၿပီးေတာ္လွန္သြားမယ္” လို႔ english လိုေရးၿပီးမိသားစုထံကို အမွာစာေလး ပို႔ေပးခဲ့တာပဲျဖစ္ပါတယ္။

မိုးကုတ္က တတ္ႂကြလႈပ္ရွားသူျဖစ္တဲ့ ကိုစိုးေဌးကေတာ့ သမီးႀကီးရဲ့ စာေလးကိုဖတ္ၿပီး ဂုဏ္ယူေနခဲ့ပါတယ္။

ကိုစိုးေဌးကေတာ့ ” သမီးႀကီးေရ .. “အတိတ္ကရခဲ့တဲ့ ဒဏ္ရာေတြကိုကုစားရင္း တိုင္းျပည္ရဲ့အနာဂတ္ႀကီးလွပဖို႔ေတာ္လွန္ေရး

အလံကို ျမဲၿမံစြာဆုပ္ကိုင္ထားရင္း ေနာက္ဆုံးထြက္သက္အထိအာဏာရွင္အျမစ္ျပတ္ေရး တိုက္ပြဲဝင္ပါ ” ဆိုၿပီး ေရးသားထားပါတယ္။

ျပည္သူေတြကေတာ့ အာဏာရွင္ကိုတြန္းလွန္းရင္း မိသားစုတစ္ကြဲတစ္ျပားစီ ျဖစ္ေနတဲ့ ကိုစိုးေဌးတို႔မိသားစုအတြက္စိတ္မေကာ

င္းျဖစ္ေနၾကၿပီး အားတင္းထားဖို႔ အားေပးစကားေျပာဆိုေနၾကပါတယ္။