ၾကားသိသမွ်

ထိုင်းတွင် တပ်မတော်မှ အာဏာသိမ်းမှု ရှိတော့မည် မဟုတ်ဟု ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ထိုင်းတွင် တပ်မတော်မှ အာဏာသိမ်းမှု ရှိတော့မည် မဟုတ်ဟု ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ထိုင်းနိုင်ငံတွင် တပ်မတော်မှအာဏာသိမ်းမှု ရှိတော့မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချယ်လမ်ပေါဆ

ရီဆာဝတ်က ပြောသည်။ထိုင်းတပ်မတော်အနေဖြင့်နိုင်ငံရေးတွင် လုံးဝပါဝင် တော့မည်မဟုတ်ဟု ၎င်းက သံန္နိဋ္ဌာန်ချ ပြောပြီး တပ်မတော်

သည် နိုင်ငံကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်ဟု ဆိုသည်။နိုင်ငံရေး၌ အဓိကဖြစ်စဉ်တစ်ရပ်ဖြစ်သော ၁၉၇၆ ခုနှစ်က သမ်မာဆတ်

တက္ကသိုလ် လူအစုလိုက် သ တ် ဖြ တ်မှု ၄၄ နှစ်ပြည့် အခမ်းအနားတွင် ၎င်းက ပြောခြင်း ဖြစ်သည်။

နှစ် ၈၀၀ ကြာ ဘုရင်အုပ်ချုပ်မှုစနစ်ကို အဆုံးသတ်စေခဲ့သော ၁၉၃၂ ပထမဆုံး အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတွင်

အာဏာသိမ်းမှုပေါင်း ၁၂ ခါ ဖြစ်ပွားခဲ့သည်။ နောက်ဆုံး အာဏာသိမ်းမှုသည် ၂၀၁၄ မေလအတွင်းက လက်ရှိ ထိုင်းဝန်ကြီးချုပ်ဖြစ်သူ

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် တပ်မတော်မှအာဏာသိမ်းမှုဖြစ်သည်။ လက်ရှိ လွှတ်တော်၌ တပ်မတော်သား လွီတ်

တော်အမတ်နေရာများတွင် တော်တော်များများ နေရာယူထားသော်လည်း နိုင်ငံရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆရီဆာ

ဝတ်က မှတ်ချက်ပြုခြင်း မရှိပေ။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ရေတပ်ဦးစီးချုပ်၊ လေတပ်

ဦးစီးချုပ်ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့အတွက် လွှတ်တော်နေရာ ခြောက်နေရာ သီးသန့်ထားရှိထားသည်။ ၂၀၂၀ အထိ

လွှတ်တော်အမတ် ၂၅၀ တွင် ၁၀၄ ဦးမှာ တပ်မတော်မှ တာဝန်ရှိသူများ ဖြစ်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အထူးအစည်းအဝေးတစ်ရပ်၌ ဗိုလ်ချုပ်ကြီးဆရီဆာဝတ်က ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများ

နှင့် ဘုရင့်စနစ်ကို ကာကွယ်ပေးရေး အခြေခံမူဘောင်ကို လိုက်နာကြရန် တိုက်တွန်းပြောဆိုသည်။

တပ်မတော်၏ တာဝန်မှာ နိုင်ငံ‌တော်နှင့်ပြည်သူလူထု ၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရေးပဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်း စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို တောင်းဆိုကြသော ဒီမိုက

ရေစီ ထောက်ခံသည့် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

သို့သော် ပြည်သူများအနေဖြင့် အမျိုးသားလုံခြုံရေးကို မထိခိုက်သ၍ လွတ်လပ်စွာ သဘောထားများ ထုတ်ဖော်ပြသနိုင်ခွင့် ရှိကြောင်း ဆရီဆာဝတ်က ပြောသည်။

အောက်တိုဘာ ၁၄ ရက် ဒီမိုကရေစီ လိုလားသည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများအတွက် လုံခြုံရေးယူပေး

သင့်သည်ဟုလည်း ၎င်းက ဆိုသည်။“နိုင်ငံဦးသျှောင် ဘုရင်နဲ့အတူ ဒီမိုကရေစီ အစိုးရတစ်ရပ်ဟာ ဆိုးဝါးတဲ့ အုပ်ချုပ်ရေးမဟုတ်ဘူးဆိုတာ

ကို ပြည်သူတွေလိုပဲ ကျွန်တော်တို့လည်း လက်ခံထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဘဝတွေကို ပိုမိုကောင်းမွန်အောင် အခွင့်အရေးတွေ အသုံးချနိုင်ဖို့ ဘယ်လို တွန်းအားပေးရမလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားသုံးသပ်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

Source :Crd
SaJdaily
ခွန် တိုး ဦး
KKPC

Zawgyi

ထိုင္းတြင္ တပ္မေတာ္မွ အာဏာသိမ္းမႈ ရွိေတာ့မည္ မဟုတ္ဟု ထိုင္းတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာၾကား
ထိုင္းနိုင္ငံတြင္ တပ္မေတာ္မွအာဏာသိမ္းမႈ ရွိေတာ့မည္မဟုတ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ခ်ယ္လမ္ေပါဆရီဆာဝတ္က ေျပာသည္။

ထိုင္းတပ္မေတာ္အေနျဖင့္နိုင္ငံေရးတြင္ လုံးဝပါဝင္ ေတာ့မည္မဟုတ္ဟု ၎က သံႏၷိ႒ာန္ခ် ေျပာၿပီး တပ္မေတာ္သည္ နိုင္ငံကို ကာကြယ္ရန္အတြက္သာ ျဖစ္သည္ဟု ဆိုသည္။

နိုင္ငံေရး၌ အဓိကျဖစ္စဥ္တစ္ရပ္ျဖစ္ေသာ ၁၉၇၆ ခုႏွစ္က သမ္မာဆတ္တကၠသိုလ္ လူအစုလိုက္ သ တ္ ၿဖ တ္မႈ ၄၄ ႏွစ္ျပည့္ အခမ္းအနားတြင္ ၎က ေျပာျခင္း ျဖစ္သည္။

ႏွစ္ ၈၀၀ ၾကာ ဘုရင္အုပ္ခ်ဳပ္မႈစနစ္ကို အဆုံးသတ္ေစခဲ့ေသာ ၁၉၃၂ ပထမဆုံး အာဏာသိမ္းမႈ ျဖစ္ပြားၿပီးေနာက္ ထိုင္းနိုင္ငံတြင္ အာဏာသိမ္းမႈေပါင္း ၁၂ ခါ ျဖစ္ပြားခဲ့သည္။ ေနာက္ဆုံး အာဏာသိမ္းမႈသည္ ၂၀၁၄ ေမလအတြင္းက လက္ရွိ ထိုင္းဝန္ႀကီးခ်ဳ

ပ္ျဖစ္သူဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္ခ်န္အိုခ်ာ ဦးေဆာင္သည့္ တပ္မေတာ္မွအာဏာသိမ္းမႈျဖစ္သည္။ လက္ရွိ လႊတ္ေတာ္၌ တပ္မေတာ္သား လြီတ္ေတာ္အမတ္ေနရာမ်ားတြင္ ေတာ္ေတာ္မ်ားမ်ား ေနရာယူထားေသာ္လည္း နိုင္ငံေရးတြင္ ၎တို႔၏ အခန္းက႑ႏွင့္ ပတ္သက္ၿပီး ဆရီဆာဝတ္က မွတ္ခ်က္ျပဳျခင္း မရွိေပ။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ေရတပ္ဦးစီးခ်ဳပ္၊ ေလတပ္ဦးစီးခ်ဳပ္ကာကြယ္ေရးဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီးတို႔အတြက္ လႊတ္ေတာ္ေနရာ ေျခာက္ေနရာ သီးသန႔္ထားရွိထားသည္။ ၂၀၂၀ အထိ လႊတ္ေတာ္အမတ္ ၂၅၀ တြင္ ၁၀၄ ဦးမွာ တပ္မေတာ္မွ တာဝန္ရွိသူမ်ား ျဖစ္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၏ အထူးအစည္းအေဝးတစ္ရပ္၌ ဗိုလ္ခ်ဳပ္ႀကီးဆရီဆာဝတ္က ကာကြယ္ေရးဝန္ႀကီးဌာန၏ မူဝါဒမ်ားႏွင့္ ဘုရင့္စနစ္ကို ကာကြယ္ေပးေရး အေျခခံမူေဘာင္ကို လိုက္နာၾကရန္ တိုက္တြန္းေျပာဆိုသည္။

တပ္မေတာ္၏ တာဝန္မွာ နိုင္ငံ‌ေတာ္ႏွင့္ျပည္သူလူထု ၏အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေပးေရးပဲျဖစ္သည္ဟု ၎က ဆိုသည္။
ၿပီးခဲ့သည့္ လအနည္းငယ္အတြင္း စစ္အုပ္ခ်ဳပ္ေရး အဆုံးသတ္ေရးႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးတို႔ကို ေတာင္းဆိုၾကေသာ ဒီမိုကေရစီ ေထာက္ခံသည့္ ဆႏၵျပမႈမ်ား ျဖစ္ပြားေပၚေပါက္ခဲ့သည္။

သို႔ေသာ္ ျပည္သူမ်ားအေနျဖင့္ အမ်ိဳးသားလုံျခဳံေရးကို မထိခိုက္သ၍ လြတ္လပ္စြာ သေဘာထားမ်ား ထုတ္ေဖာ္ျပသနိုင္ခြင့္ ရွိေၾကာင္း ဆရီဆာဝတ္က ေျပာသည္။

ေအာက္တိုဘာ ၁၄ ရက္ ဒီမိုကေရစီ လိုလားသည့္ ၿငိမ္းခ်မ္းစြာဆႏၵျပမႈမ်ားတြင္ ထိုင္းနိုင္ငံရဲတပ္ဖြဲ႕က ျပည္သူမ်ားအတြက္ လုံျခဳံေရးယူေပးသင့္သည္ဟုလည္း ၎က ဆိုသည္။

“နိုင္ငံဦးေသၽွာင္ ဘုရင္နဲ႔အတူ ဒီမိုကေရစီ အစိုးရတစ္ရပ္ဟာ ဆိုးဝါးတဲ့ အုပ္ခ်ဳပ္ေရးမဟုတ္ဘူးဆိုတာကို ျပည္သူေတြလိုပဲ ကၽြန္ေတာ္တို႔လည္း လက္ခံထားပါတယ္။

ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ဘဝေတြကို ပိုမိုေကာင္းမြန္ေအာင္ အခြင့္အေရးေတြ အသုံးခ်နိုင္ဖို႔ ဘယ္လို တြန္းအားေပးရမလဲဆိုတာကို ကၽြန္ေတာ္တို႔ စဥ္းစားသုံးသပ္သြားမွာ ျဖစ္ပါတယ္။”ဟု ၎က ေျပာခဲ့သည္။

Source :Crd
SaJdaily
ခြန္ တိုး ဦး
KKPC