ၾကားသိသမွ်

ကိုယ့်အသက်ကိုယ် အပေါင်ထားကာ ကုသပေးခဲ့တဲ့ ဆရာဝန် နာဂသိန်းလှိုင်

ဆရာကြီးနာဂသိန်းလှိုင် (သို့) ဒေါက်တာသိန်းလှိုင်အား မွန်ပြည်နယ် သထုံမြို့တွင် ၁၉၃၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က မွေးဖွားခဲ့သည်။ မော်

လမြိုင် စိန်ဂျိုးဇက်ကွန်ဗင့် နှင့် ဆေးတက္ကသိုလ်(၁) ရန်ကုန်(ဆေးသိပ္ပံ) တို့တွင် ပညာသင်ကြားခဲ့သည်။


ဆရာဝန် နာဂသိန်းလှိုင်

ဆေးကျောင်းသားဘဝ
၁၉၅၇ ခုနှစ်တွင် ဆေးကောလိပ်ကျောင်းသားများသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ တွင်

မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ကာ အလုပ်သင်

ဆရာဝန်ဘဝတွင် အစိုးရထောက်ပံ့ကြေးမရသည့် အလုပ်သင်ဆရာဝန်များအတွက် ဦးဆောင်သပိတ်မှောက်ခဲ့သည်။ ဆန္ဒပြမှုကို

ခေါင်းဆောင်ခဲ့သည့်အတွက် လက်တွေ့ဆင်းနေရခြင်းကို ဖြုတ်ခံရသည်။

ဆရာဝန်ဘဝ အစောပိုင်း


ဆရာဝန် နာဂသိန်းလှိုင်

ဒေါက်တာသိန်းလှိုင်သည် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းဌာနတွင် သင်္ဘောဆရာဝန်အဖြစ် တစ်နှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင်

မြိတ်မြို့နယ် လက်ထောက် ဆရာဝန်အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီး အဆောင် (၃/၄)၏ တာဝန်ခံဆရာဝန်၊ ဆရာကြီး

ပါမောက္ခဒေါက်တာဦးဘသန်း၏ ပထမ လက်ထောက်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရှေ့ဘက်ခွဲစိတ်ဆောင်ကြီးကြပ်သူ စသဖြင့် တစ်နှစ်

စီဆောင်ရွက်ခဲ့သည်။၁၉၆၅ ခုနှစ်တွင် ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြစ်ပေးသည့် အနေဖြင့် ဒေါက်တာသိန်းလှိုင်ကို

ခန္တီးအရပ်ဒေသသို့ ပို့ခဲ့သည်။

နာဂသိန်းလှိုင်ဟု ကျော်ကြားခြင်း


ဆရာဝန် နာဂသိန်းလှိုင်


ဆရာဝန် နာဂသိန်းလှိုင်

ဒေါက်တာသိန်းလှိုင်ဟာ ဝေလံသီခေါင်တဲ့ နာဂတောင်တန်းရှိ တိုင်းရင်းသားတွေကို နှစ်ပေါင်းများစွာ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သူဖြစ်

ပြီး မေ့ဆေးမပါပဲ ထုံဆေးနဲ့ လည်ပင်းကြီးရောဂါတွေ ခွဲစိတ်ကုပေးခဲ့ရာမှာ နာမည်ကြီးတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။

ထိုစဉ်က နာဂတောင်တန်းဒေသတွင် အဖြစ်များနေသည့် လည်ပင်းကြီးရောဂါနှင့် အခြားခွဲစိတ်လူနာများကို အောင်မြင်အောင်ခွဲစိတ်ပေးနိုင်

ခဲ့သည်။ ဆရာကြီးသည် နာဂတောင်တန်းတွင် အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ပြီး ခွဲစိတ်ကုသမှုကို လက်မခံလိုသည့် နာဂလူမျိုးများ

ကို သဘောပေါက်နားလည်စေရန် ပြောဆိုရှင်းပြစည်းရုံးခဲ့ရသည်။ လူနာက ခွဲစိတ်မှုကို လက်မခံလိုကြသဖြင့် ကိုယ့်အသက်ကိုယ် အပေါင်

ထားကာ ကုသပေးခဲ့ရသည်။ထိုစဉ်က နာဂတောင်တန်းတစ်ခွင်မှာ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ လည်ပင်းကြီးရောဂါဖြစ်နေကြသည်။

နာဂတိုင်းရင်းသားများမှာ နတ်ကိုးကွယ်သည့်ဓလေ့ရှိကြသဖြင့် ရောဂါတစ်ခုခုဖြစ်တိုင်း နတ်ဆရာထံ သွားရောက်ကာ နတ်ပသခြင်း၊

ယဇ်ပူဇော်ခြင်းတို့ ပြုလုပ်ကုသလေ့ရှိကြသည်။


ဆရာဝန် နာဂသိန်းလှိုင်


ဆရာဝန် နာဂသိန်းလှိုင်

နတ်များက ကုသမပေးနိုင်သည့် လည်ပင်းကြီးရောဂါကို ဒေါက်တာသိန်းလှိုင်က ပျောက်အောင် ကုသပေးနိုင်ခဲ့သဖြင့် “နာဂနတ်” ခေါ်ဆို

ကြကာ နာဂတိုင်းရင်းသားများက နတ်တစ်ပါးပမာ ကိုးကွယ်ခဲ့ကြသည်။ဒေါက်တာသိန်းလှိုင်သည် နာဂတောင်တန်းတွင် အဆီအကျိတ်

များ၊ အလုံးအကျိတ်မျိုးစုံ၊ အူကျခြင်းနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေရှိသည့် အကျိတ်ပေါင်းစုံကို ခွဲစိတ်ကုသခဲ့ရသည်။ ဒေါက်တာသိန်းလှိုင်

သည် မပြည့်စုံသည့် ဆေးဝါး၊ ပစ္စည်းကိရိယာများဖြင့် သူ့လူနာများကို မေ့ဆေးဖြင့် ခွဲစိတ်ခြင်းမဟုတ်ဘဲ ထုံဆေးပညာဖြင့်သာ ခွဲစိတ်ခြင်း

ဖြစ်သည်။ဆရာဝန်ကြီးဒေါက်တာနာဂသိန်းလှိုင်သည် ထုံဆေးပညာသီးသန့်ဖြင့် မေ့ဆေးမသုံးဘဲ ခွဲစိတ်ခဲ့သည့် လူနာပေါင်းမှာ အနားယူချိန်

၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း (၄၇) နှစ်အတွင်း ၂၈၉၅ ဦး ရှိခဲ့သည်။လူနာများကို ခွဲစိတ်ရာတွင်လည်း သူ့ခွဲစိတ်မှုကြောင့် သေဆုံးသူတစ်ဦးမှမ

ရှိခဲ့ဟု ဆိုသည်။ ထို့အပြင် လူနာကို ခွဲစိတ်နေရင်း အရေးပေါ် သွေးလိုအပ်ပါက မိမိနှင့် သွေးအုပ်စုတူသည့် လူနာကို မိမိသွေးဖောက်၍

ချက်ချင်းသွင်းပေးခဲ့သေးသည်။


ဆရာဝန် နာဂသိန်းလှိုင်

လည်ပင်းကြီးရောဂါကို ထုံဆေးသက်သက်ဖြင့် ခွဲစိတ်နိုင်သည့်ပုဂ္ဂိုလ်မျိုး ဒေါက်တာနာဂသိန်းလှိုင်မှလွဲ၍ ကမ္ဘာ့ဆေးပညာသမိုင်းမှာမရှိ

သေးဟု သိရကြောင်း ပြင်ဦးလွင်မြို့ G.P ဆရာဝန်များအဖွဲ့မှ ဒေါက်တာကျော်ကျော်မင်းက ရေးသားထားသည်။
တောင်ပေါ်မှ မြေပြန့်သို့ပြောင်းရွှေ့ခြင်း


ဆရာဝန် နာဂသိန်းလှိုင်

ဆရာကြီးသည် ၁၉၇၁ ခုနှစ်တွင် နာဂတောင်တန်းမှ ပြန်လည်ဆင်းသက်ခဲ့ရပြီး ဖြူးမြို့နယ်သို့ ဆေးရုံမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ဒေါက်တာသိန်းလှိုင်သည် ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ပုသိမ်မြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်

ကြီး (၁)အဖြစ် နမ့်ခမ်းမြို့သို့လည်းကောင်း၊ မီးရထားဆရာဝန်ကြီးအဖြစ် မန္တလေးမြို့သို့လည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးအဖြစ် သာယာ

ဝတီမြို့သို့လည်းကောင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် အစိုးရဝန်ထမ်းဘဝမှ အငြိမ်းစားယူခဲ့သည်။

သူ့တွင် နတ်ဆရာဝန်၊ နာဂနတ်၊ နာဂသိန်းလှိုင်စသည့် အမည်များအပြင် “ရွှေဓားဗိုလ်” ဟူသည့် အမည်တစ်ခုလည်း တွင်ခဲ့သေးသည်။


ရွှေဓားဗိုလ်

ဖြူးမြို့နယ်မှ ပုသိမ်သို့ ပြောင်းရွှေ့စဉ်က ကျောင်းကုန်းမြို့နယ်ဆရာဝန် ခွင့်ယူထားသဖြင့် အစားဝင်ရောက်တာဝန်ထမ်းဆောင်စဉ် ကျောင်း

ကုန်းဆေးရုံတွင် ၂၄ နာရီထိုင် ခွဲစိတ်သောကြောင့် အခြားမြို့နယ်၊ ကျေးရွာများမှ လူနာများ တဖွဲဖွဲလာရောက်လျက်ရှိသည်။

လူနာတို့၏ ရောဂါပေါင်းစုံကို မနားတမ်းခွဲစိတ်နေသဖြင့် ရွှေဓားဗိုလ်ဟူ၍ နာမည်ကြီးခဲ့ခြင်း ဖြစ်သည်။

အငြိမ်းစားယူပြီးနောက် ဒေါက်တာနာဂသိန်းလှိုင်သည် ပြင်ဦးလွင်မြို့တွင် ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်လှစ်နေထိုင်ခဲ့သည်။ တောင်ကြီးမြို့

ကမ္ဘောဇဆေးရုံ၌ ခွဲစိတ်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့ရှိ အောင်ရတနာဆေးခန်း၊ စိတ္တသုခဆေးခန်းတို့တွင်လည်း ကုသမှုများ

ဆောင်ရွက်ခဲ့သည်။ဆရာကြီး နာဂသိန်းလှိုင် အကြောင်း အတ္ထုပ္ပတ္တိကို စာရေးဆရာ ညီပုလေးက ဝတ္ထုဟန်ဖွဲ့ထားတဲ့ ‘ထက်မြက်တဲ့

ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်သည် ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့သည်။


စာရေးဆရာ ညီပုလေး


ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်

ကွယ်လွန်ခြင်း

ဒေါက်တာနာဂသိန်းလှိုင်သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ မနက်ကိုးနာရီ ဆယ်မိနစ် (အသက် ၈ရနှစ် အရွယ်) တွင် ကွယ်လွန်ခဲ့သည်။

ဆရာဝန် နာဂသိန်းလှိုင်

မြန်မာအွန်လိုင်းစွယ်စုံကျမ်း ၊ Myanmar Wikipedia မှ

Zawgyi

ဆရာႀကီးနာဂသိန္းလွိုင္ (သို႔) ေဒါက္တာသိန္းလွိုင္အား မြန္ျပည္နယ္ သထုံၿမိဳ႕တြင္ ၁၉၃၃ ခုႏွစ္ နိုဝင္ဘာ ၇ ရက္ေန႔က ေမြးဖြားခဲ့သည္။ ေမာ္လၿမိဳင္ စိန္ဂ်ိဳးဇက္ကြန္ဗင့္ ႏွင့္ ေဆးတကၠသိုလ္(၁) ရန္ကုန္(ေဆးသိပၸံ) တို႔တြင္ ပညာသင္ၾကားခဲ့သည္။

ေဆးေက်ာင္းသားဘဝ
၁၉၅၇ ခုႏွစ္တြင္ ေဆးေကာလိပ္ေက်ာင္းသားမ်ားသမဂၢ၏ အေထြေထြအတြင္းေရးမႉးတာဝန္ကို ထမ္းေဆာင္ခဲ့သည္။ ၁၉၆၀ တြင္ ျမန္မာနိုင္ငံလူငယ္ဆရာဝန္မ်ားအသင္း (YDA)ကို တည္ေထာင္ခဲ့ၿပီး အေထြေထြအတြင္းေရးမႉးတာဝန္ ထမ္းေဆာင္ကာ အလုပ္သင္ဆရာဝန္ဘဝတြင္ အစိုးရေထာက္ပံ့ေၾကးမရသည့္ အလုပ္သင္ဆရာဝန္မ်ားအတြက္ ဦးေဆာင္သပိတ္ေမွာက္ခဲ့သည္။ ဆႏၵျပမႈကို ေခါင္းေဆာင္ခဲ့သည့္အတြက္ လက္ေတြ႕ဆင္းေနရျခင္းကို ျဖဳတ္ခံရသည္။

ဆရာဝန္ဘဝ အေစာပိုင္း
ေဒါက္တာသိန္းလွိုင္သည္ ျမန္မာနိုင္ငံကုန္သြယ္ေရေၾကာင္းဌာနတြင္ သေဘၤာဆရာဝန္အျဖစ္ တစ္ႏွစ္လုပ္ကိုင္ခဲ့သည္။ ၁၉၆၂ ခုႏွစ္တြင္ ၿမိတ္ၿမိဳ႕နယ္ လက္ေထာက္ ဆရာဝန္အျဖစ္ ျပန္လည္ဝင္ေရာက္ခဲ့ၿပီး ရန္ကုန္ေဆး႐ုံႀကီး အေဆာင္ (၃/၄)၏ တာဝန္ခံဆရာဝန္၊ ဆရာႀကီး ပါေမာကၡေဒါက္တာဦးဘသန္း၏ ပထမ လက္ေထာက္၊ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီး၊ အေရွ႕ဘက္ခြဲစိတ္ေဆာင္ႀကီးၾကပ္သူ စသျဖင့္ တစ္ႏွစ္စီေဆာင္ရြက္ခဲ့သည္။

၁၉၆၅ ခုႏွစ္တြင္ က်န္းမာေရးဦးစီးဌာန ညႊန္ၾကားေရးမႉးခ်ဳပ္က အျပစ္ေပးသည့္ အေနျဖင့္ ေဒါက္တာသိန္းလွိုင္ကို ခႏၲီးအရပ္ေဒသသို႔ ပို႔ခဲ့သည္။

နာဂသိန္းလွိုင္ဟု ေက်ာ္ၾကားျခင္း
ေဒါက္တာသိန္းလွိုင္ဟာ ေဝလံသီေခါင္တဲ့ နာဂေတာင္တန္းရွိ တိုင္းရင္းသားေတြကို ႏွစ္ေပါင္းမ်ားစြာ က်န္းမာေရးေစာင့္ေရွာက္ေပးခဲ့သူျဖစ္ၿပီး ေမ့ေဆးမပါပဲ ထုံေဆးနဲ႔ လည္ပင္းႀကီးေရာဂါေတြ ခြဲစိတ္ကုေပးခဲ့ရာမွာ နာမည္ႀကီးတဲ့ ဆရာဝန္တစ္ဦးျဖစ္ပါတယ္။

ထိုစဥ္က နာဂေတာင္တန္းေဒသတြင္ အျဖစ္မ်ားေနသည့္ လည္ပင္းႀကီးေရာဂါႏွင့္ အျခားခြဲစိတ္လူနာမ်ားကို ေအာင္ျမင္ေအာင္ခြဲစိတ္ေပးနိုင္ခဲ့သည္။ ဆရာႀကီးသည္ နာဂေတာင္တန္းတြင္ အခက္အခဲေပါင္းမ်ားစြာႏွင့္ ရင္ဆိုင္ခဲ့ၿပီး ခြဲစိတ္ကုသမႈကို လက္မခံလိုသည့္ နာဂလူမ်ိဳးမ်ားကို သေဘာေပါက္နားလည္ေစရန္ ေျပာဆိုရွင္းျပစည္း႐ုံးခဲ့ရသည္။ လူနာက ခြဲစိတ္မႈကို လက္မခံလိုၾကသျဖင့္ ကိုယ့္အသက္ကိုယ္ အေပါင္ထားကာ ကုသေပးခဲ့ရသည္။

ထိုစဥ္က နာဂေတာင္တန္းတစ္ခြင္မွာ လူဦးေရ ၇၀ ရာခိုင္ႏႈန္းခန႔္မွာ လည္ပင္းႀကီးေရာဂါျဖစ္ေနၾကသည္။ နာဂတိုင္းရင္းသားမ်ားမွာ နတ္ကိုးကြယ္သည့္ဓေလ့ရွိၾကသျဖင့္ ေရာဂါတစ္ခုခုျဖစ္တိုင္း နတ္ဆရာထံ သြားေရာက္ကာ နတ္ပသျခင္း၊ ယဇ္ပူေဇာ္ျခင္းတို႔ ျပဳလုပ္ကုသေလ့ရွိၾကသည္။

နတ္မ်ားက ကုသမေပးနိုင္သည့္ လည္ပင္းႀကီးေရာဂါကို ေဒါက္တာသိန္းလွိုင္က ေပ်ာက္ေအာင္ ကုသေပးနိုင္ခဲ့သျဖင့္ “နာဂနတ္” ေခၚဆိုၾကကာ နာဂတိုင္းရင္းသားမ်ားက နတ္တစ္ပါးပမာ ကိုးကြယ္ခဲ့ၾကသည္။

ေဒါက္တာသိန္းလွိုင္သည္ နာဂေတာင္တန္းတြင္ အဆီအက်ိတ္မ်ား၊ အလုံးအက်ိတ္မ်ိဳးစုံ၊ အူက်ျခင္းႏွင့္ ရင္သားကင္ဆာျဖစ္နိုင္ေျခရွိသည့္ အက်ိတ္ေပါင္းစုံကို ခြဲစိတ္ကုသခဲ့ရသည္။ ေဒါက္တာသိန္းလွိုင္သည္ မျပည့္စုံသည့္ ေဆးဝါး၊ ပစၥည္းကိရိယာမ်ားျဖင့္ သူ႔လူနာမ်ားကို ေမ့ေဆးျဖင့္ ခြဲစိတ္ျခင္းမဟုတ္ဘဲ ထုံေဆးပညာျဖင့္သာ ခြဲစိတ္ျခင္းျဖစ္သည္။

ဆရာဝန္ႀကီးေဒါက္တာနာဂသိန္းလွိုင္သည္ ထုံေဆးပညာသီးသန႔္ျဖင့္ ေမ့ေဆးမသုံးဘဲ ခြဲစိတ္ခဲ့သည့္ လူနာေပါင္းမွာ အနားယူခ်ိန္ ၂၀၀၉ ခုႏွစ္အထိ ႏွစ္ေပါင္း (၄၇) ႏွစ္အတြင္း ၂၈၉၅ ဦး ရွိခဲ့သည္။

လူနာမ်ားကို ခြဲစိတ္ရာတြင္လည္း သူ႔ခြဲစိတ္မႈေၾကာင့္ ေသဆုံးသူတစ္ဦးမွမရွိခဲ့ဟု ဆိုသည္။ ထို႔အျပင္ လူနာကို ခြဲစိတ္ေနရင္း အေရးေပၚ ေသြးလိုအပ္ပါက မိမိႏွင့္ ေသြးအုပ္စုတူသည့္ လူနာကို မိမိေသြးေဖာက္၍ ခ်က္ခ်င္းသြင္းေပးခဲ့ေသးသည္။

လည္ပင္းႀကီးေရာဂါကို ထုံေဆးသက္သက္ျဖင့္ ခြဲစိတ္နိုင္သည့္ပုဂၢိဳလ္မ်ိဳး ေဒါက္တာနာဂသိန္းလွိုင္မွလြဲ၍ ကမၻာ့ေဆးပညာသမိုင္းမွာမရွိေသးဟု သိရေၾကာင္း ျပင္ဦးလြင္ၿမိဳ႕ G.P ဆရာဝန္မ်ားအဖြဲ႕မွ ေဒါက္တာေက်ာ္ေက်ာ္မင္းက ေရးသားထားသည္။

ေတာင္ေပၚမွ ေျမျပန႔္သို႔ေျပာင္းေရႊ႕ျခင္း
ဆရာႀကီးသည္ ၁၉၇၁ ခုႏွစ္တြင္ နာဂေတာင္တန္းမွ ျပန္လည္ဆင္းသက္ခဲ့ရၿပီး ျဖဴးၿမိဳ႕နယ္သို႔ ေဆး႐ုံမႉးအျဖစ္ ေျပာင္းေရႊ႕ခဲ့သည္။ ထို႔ေနာက္ ေဒါက္တာသိန္းလွိုင္သည္ က်န္းမာေရးဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမႉးရာထူးျဖင့္ ပုသိမ္ၿမိဳ႕သို႔လည္းေကာင္း၊ ၿမိဳ႕နယ္ဆရာဝန္ႀကီး (၁)အျဖစ္ နမ့္ခမ္းၿမိဳ႕သို႔လည္းေကာင္း၊ မီးရထားဆရာဝန္ႀကီးအျဖစ္ မႏၲေလးၿမိဳ႕သို႔လည္းေကာင္း၊ ၿမိဳ႕နယ္ဆရာဝန္ႀကီးအျဖစ္ သာယာဝတီၿမိဳ႕သို႔လည္းေကာင္း ေျပာင္းေရႊ႕တာဝန္ထမ္းေဆာင္ခဲ့ရၿပီး ၁၉၈၈ ခုႏွစ္တြင္ အစိုးရဝန္ထမ္းဘဝမွ အၿငိမ္းစားယူခဲ့သည္။

သူ႔တြင္ နတ္ဆရာဝန္၊ နာဂနတ္၊ နာဂသိန္းလွိုင္စသည့္ အမည္မ်ားအျပင္ “ေရႊဓားဗိုလ္” ဟူသည့္ အမည္တစ္ခုလည္း တြင္ခဲ့ေသးသည္။

ေရႊဓားဗိုလ္
ျဖဴးၿမိဳ႕နယ္မွ ပုသိမ္သို႔ ေျပာင္းေရႊ႕စဥ္က ေက်ာင္းကုန္းၿမိဳ႕နယ္ဆရာဝန္ ခြင့္ယူထားသျဖင့္ အစားဝင္ေရာက္တာဝန္ထမ္းေဆာင္စဥ္ ေက်ာင္းကုန္းေဆး႐ုံတြင္ ၂၄ နာရီထိုင္ ခြဲစိတ္ေသာေၾကာင့္ အျခားၿမိဳ႕နယ္၊ ေက်းရြာမ်ားမွ လူနာမ်ား တဖြဲဖြဲလာေရာက္လ်က္ရွိသည္။

လူနာတို႔၏ ေရာဂါေပါင္းစုံကို မနားတမ္းခြဲစိတ္ေနသျဖင့္ ေရႊဓားဗိုလ္ဟူ၍ နာမည္ႀကီးခဲ့ျခင္း ျဖစ္သည္။
အၿငိမ္းစားယူၿပီးေနာက္ ေဒါက္တာနာဂသိန္းလွိုင္သည္ ျပင္ဦးလြင္ၿမိဳ႕တြင္ ကိုယ္ပိုင္ေဆးခန္းေလး ဖြင့္လွစ္ေနထိုင္ခဲ့သည္။ ေတာင္ႀကီးၿမိဳ႕ ကေမၻာဇေဆး႐ုံ၌ ခြဲစိတ္ဆရာဝန္အျဖစ္ လုပ္ကိုင္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕ရွိ ေအာင္ရတနာေဆးခန္း၊ စိတၱသုခေဆးခန္းတို႔တြင္လည္း ကုသမႈမ်ား ေဆာင္ရြက္ခဲ့သည္။

ဆရာႀကီး နာဂသိန္းလွိုင္ အေၾကာင္း အတၳဳပၸတၱိကို စာေရးဆရာ ညီပုေလးက ဝတၳဳဟန္ဖြဲ႕ထားတဲ့ ‘ထက္ျမက္တဲ့ဓားသြားေပၚက ခ်ိဳျမျမပ်ားရည္စက္’ စာအုပ္သည္ ၂၀၁၆ ခုႏွစ္အတြက္ အမ်ိဳးသားစာေပဆု ရရွိခဲ့သည္။

ကြယ္လြန္ျခင္း
ေဒါက္တာနာဂသိန္းလွိုင္သည္ ၂၀၂၁ ခုႏွစ္ ဩဂုတ္လ ၁၀ ရက္ေန႔ မနက္ကိုးနာရီ ဆယ္မိနစ္ (အသက္ ၈ရႏွစ္ အရြယ္) တြင္ ကြယ္လြန္ခဲ့သည္။
ျမန္မာအြန္လိုင္းစြယ္စုံက်မ္း ၊ Myanmar Wikipedia မွ