ၾကားသိသမွ်

ကလေးမြို့က ဘုရားရှင်လက်တော်ဆေးခဲ့တဲ့ လက်ဆေးကန်

ကလေးမြို့၏ ထူးဆန်းထွေလာ အံ့သြဖွယ်ရာ လက်ဆေးကန်သည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၃ဝ၆၉ပေ မြင့်သော တောင်

ပေါ်တွင် တည်ရှိသည့် ရေကန်ဖြစ်ပြီး မော်လိုက်ခရိုင်နှင့် ကလေးခရိုင် နယ်စပ်နေရာတွင် တည်ရှိကာ ကလေး-တမူး မြန်မာ-အိန္ဒိယ

ချစ်ကြည်ရေး ကားလမ်းမကြီးဘေး ကလေးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာအနီးမှ ပြောင်ဘုတ်-မော်လိုက်လမ်းအတိုင်း ၁၄ မိုင်ခန့် တောင်

တက်ခရီးသွားကာ မော်လိုက်မြို့မှ ၁၉ မိုင်ဝေးသည့် နေရာတွင် တည်ရှိသည်။


Photo:chitzawoo

မြတ်ဗုဒ္ဓငါးဝါအရတွင် ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်မြို့အနီး နန်းဇလိန်ရွာ၏ အနောက်ဘက် ဆွမ်းဘုဉ်းတောင်သို့ ကြွရောက်ခဲ့

သည့်အတွက် ယခုတိုင် ”ဆွမ်းဘုဉ်းတောင်” ဟု အမည်တွင်ပြီး ထိုဆွမ်းဘုဉ်းတောင်ပေါ်တွင် ညီတော်အာနန္ဒာက လက်ဆေးရန် ရေခပ်ပေး

သည့်ကန်ကို ”လက်ဆေးကန်” ဟု ယနေ့တိုင် ခေါ်တွင်ခဲ့ကာ ဆွမ်းဘုဉ်းဘုရားကိုလည်း ယနေ့တိုင်ဖူးမြော်နိုင်သည်။


မြတ်ဗုဒ္ဓ


Photo:chitzawoo


Photo:chitzawoo

လက်ဆေးကန်ရေပြင်သည် အကျယ် ၁၈ ဧကခန့်ရှိပြီး မြတ်ဗုဒ္ဓ၏ လက်ဆေးကန်ဝန်းကျင်တွင် ဝါးခါးရေစိုတောရှိခြင်း၊ နွေ-မိုး-ဆောင်း

ရေပြင်အတက်အကျ မရှိခြင်း၊ အမြဲတမ်းကြည်လင်အေးမြခြင်း၊ ရေကန်အတွင်း အမှိုက်ကင်းစင်ခြင်း၊ ကန်တွင်းရှိ အမှိုက်နှင့် သစ်ရွက်

ခြောက်များကို ငှက်ကောင်အဖွဲ့လိုက်ဖြင့် ကိုက်ချီပြီး သန့်ရှင်းရေး လုပ်ခြင်း၊ ရေအမျိုးအစား PH-7 ရှိခြင်းတို့ကြောင့် အလွန်ထူးဆန်းသည့်

ရေကန်ဖြစ်သည်။ယင်းအပြင် ကလေးသမိုင်းနှင့်ဆက်စပ်သည့် သမိုင်းတစ်ခုတွင်လည်း အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်မှ ပြေးလာခဲ့ကြသော

အဇာတသတ်မင်း၏ ဆွေတော်မျိုးတော် မြေးတော် မြစ်တော်များတွင် ရဟန္တာအရှင်မြတ် ၅ဝဝလိုက်ပါခဲ့ရာ ယခု လက်ဆေးကန်နေရာ

တောထဲတွင်ပင် သီတင်းသုံးခဲ့ကြကြောင်း ကလေးမြို့သမိုင်းအကြောင်း စုဆောင်းသူတို့က ဆိုသည်။


Photo:chitzawoo


Photo:chitzawoo

ယခုအခါ လက်ဆေးကန်တွင် ဆရာတော် ဦးကုမာရ(ဂန့်ဂေါ) ကျောင်းထိုင် သီတင်းသုံးတော်မူသည့် လက်ဆေးကန်တောင်ထိပ်ပေါ်တွင်

ရွှေကံသာမုနိစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုနိုင်ပြီး ဘုရားရင်ပြင်တော်မှ ကလေးမြို့နယ်တခွင်လုံး၏ အလှရှုခင်းများကို ကြည့်ရှု

ခံစားနိုင်သည်။လက်ဆေးကန်သည် ယခုတိုင် တောတောင်ရေမြေ မပျက်ယွင်းသေးသည့်နေရာဖြစ်ပြီး ဆွမ်းဘုဉ်းတောင်တွင် သစ်တော၊ ဝါး

တောကြီးများကျန်သေးသည့်အပြင် ဆရာတော်ဦးကုမာရ၏ အဆိုအမိန့်စကားအရ သဘာဝတောကောင်၊ သားကောင်များ၊ ကျား၊ ဝက်ဝံ၊

ပြောင်စသည့် အကောင်ကြီးများ ကျန်သေးသည်ဟုဆိုသည်။


Photo:chitzawoo
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီးနောက်ပိုင်း ဘုရား၊ ကျောင်းကန်၊ ဇရပ်တို့ဖြင့် ပြည့်စုံလာသည့်အတွက် ဘုရားဖူးခရီး၊

လေ့လာရေးခရီးသွားရောက်သူ များပြားလာပြီး အထူးသဖြင့် သီတင်းကျွတ်ချိန်၊ ကထိန်ခင်းချိန်နှင့် သင်္ကြန်ကာလတို့တွင် ဘုရားဖူး

သွားရောက်သူ၊ လေ့လာရေးခရီးသွားရောက်သူ အများဆုံးနေရာဖြစ်ကာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များကလည်း စိတ်ဝင်စား

လျက်ရှိကြောင်း သိရသည်။

ဂျိုးနက်

Zawgyi

ကေလးၿမိဳ႕၏ ထူးဆန္းေထြလာ အံ့ၾသဖြယ္ရာ လက္ေဆးကန္သည္ ပင္လယ္ေရမ်က္ႏွာျပင္ အထက္ အျမင့္ ၃ဝ၆၉ေပ ျမင့္ေ

သာ ေတာင္ေပၚတြင္ တည္ရွိသည့္ ေရကန္ျဖစ္ၿပီး ေမာ္လိုက္ခရိုင္ႏွင့္ ကေလးခရိုင္ နယ္စပ္ေနရာတြင္ တည္ရွိကာ ကေလး-တမူး

ျမန္မာ-အိႏၵိယခ်စ္ၾကည္ေရး ကားလမ္းမႀကီးေဘး ကေလးၿမိဳ႕နယ္၊ ရန္မ်ိဳးေအာင္ေက်းရြာအနီးမွ ေျပာင္ဘုတ္-ေမာ္လိုက္လမ္းအ

တိုင္း ၁၄ မိုင္ခန႔္ ေတာင္တက္ခရီးသြားကာ ေမာ္လိုက္ၿမိဳ႕မွ ၁၉ မိုင္ေဝးသည့္ ေနရာတြင္ တည္ရွိသည္။

ျမတ္ဗုဒၶငါးဝါအရတြင္ ခ်င္းတြင္းျမစ္အထက္ပိုင္း ေမာ္လိုက္ၿမိဳ႕အနီး နန္းဇလိန္ရြာ၏ အေနာက္ဘက္ ဆြမ္းဘုဥ္းေတာင္သို႔ ႂကြေ

ရာက္ခဲ့သည့္အတြက္ ယခုတိုင္ ”ဆြမ္းဘုဥ္းေတာင္” ဟု အမည္တြင္ၿပီး ထိုဆြမ္းဘုဥ္းေတာင္ေပၚတြင္ ညီေတာ္အာနႏၵာက လ

က္ေဆးရန္ ေရခပ္ေပးသည့္ကန္ကို ”လက္ေဆးကန္” ဟု ယေန႔တိုင္ ေခၚတြင္ခဲ့ကာ ဆြမ္းဘုဥ္းဘုရားကိုလည္း ယေန႔တိုင္ဖူးေျမာ္နိုင္သည္။

လက္ေဆးကန္ေရျပင္သည္ အက်ယ္ ၁၈ ဧကခန႔္ရွိၿပီး ျမတ္ဗုဒၶ၏ လက္ေဆးကန္ဝန္းက်င္တြင္ ဝါးခါးေရစိုေတာရွိျခင္း၊ ေႏြ-

မိုး-ေဆာင္း ေရျပင္အတက္အက် မရွိျခင္း၊ အျမဲတမ္းၾကည္လင္ေအးျမျခင္း၊ ေရကန္အတြင္း အမွိုက္ကင္းစင္ျခင္း၊ ကန္တြင္းရွိ အမွို

က္ႏွင့္ သစ္ရြက္ေျခာက္မ်ားကို ငွက္ေကာင္အဖြဲ႕လိုက္ျဖင့္ ကိုက္ခ်ီၿပီး သန႔္ရွင္းေရး လုပ္ျခင္း၊ ေရအမ်ိဳးအစား PH-7 ရွိျခင္း

တို႔ေၾကာင့္ အလြန္ထူးဆန္းသည့္ ေရကန္ျဖစ္သည္။

ယင္းအျပင္ ကေလးသမိုင္းႏွင့္ဆက္စပ္သည့္ သမိုင္းတစ္ခုတြင္လည္း အိႏၵိယနိုင္ငံ ရာဇၿဂိဳဟ္မွ ေျပးလာခဲ့ၾကေသာ အဇာတသတ္မ

င္း၏ ေဆြေတာ္မ်ိဳးေတာ္ ေျမးေတာ္ ျမစ္ေတာ္မ်ားတြင္ ရဟႏၲာအရွင္ျမတ္ ၅ဝဝလိုက္ပါခဲ့ရာ ယခု လက္ေဆးကန္ေနရာ ေတာထဲတြင္ပင္ သီတင္းသုံးခဲ့ၾကေၾကာင္း ကေလးၿမိဳ႕သမိုင္းအေၾကာင္း စုေဆာင္းသူတို႔က ဆိုသည္။

ယခုအခါ လက္ေဆးကန္တြင္ ဆရာေတာ္ ဦးကုမာရ(ဂန႔္ေဂါ) ေက်ာင္းထိုင္ သီတင္းသုံးေတာ္မူသည့္ လက္ေဆးကန္ေတာ

င္ထိပ္ေပၚတြင္ ေရႊကံသာမုနိေစတီေတာ္ျမတ္ႀကီးကို ဖူးေျမာ္ၾကည္ညိဳနိုင္ၿပီး ဘုရားရင္ျပင္ေတာ္မွ ကေလးၿမိဳ႕နယ္တခြင္လုံး၏ အလွရႈခင္းမ်ားကို ၾကည့္ရႈခံစားနိုင္သည္။

လက္ေဆးကန္သည္ ယခုတိုင္ ေတာေတာင္ေရေၿမ မပ်က္ယြင္းေသးသည့္ေနရာျဖစ္ၿပီး ဆြမ္းဘုဥ္းေတာင္တြင္ သစ္ေတာ၊

ဝါးေတာႀကီးမ်ားက်န္ေသးသည့္အျပင္ ဆရာေတာ္ဦးကုမာရ၏ အဆိုအမိန႔္စကားအရ သဘာဝေတာေကာင္၊ သားေကာင္မ်ား၊ က်ား၊ ဝက္ဝံ၊ ေျပာင္စသည့္ အေကာင္ႀကီးမ်ား က်န္ေသးသည္ဟုဆိုသည္။

လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္လာၿပီးေနာက္ပိုင္း ဘုရား၊ ေက်ာင္းကန္၊ ဇရပ္တို႔ျဖင့္ ျပည့္စုံလာသည့္အတြက္ ဘုရားဖူး

ခရီး၊ ေလ့လာေရးခရီးသြားေရာက္သူ မ်ားျပားလာၿပီး အထူးသျဖင့္ သီတင္းကၽြတ္ခ်ိန္၊ ကထိန္ခင္းခ်ိန္ႏွင့္ သၾကၤန္ကာလ

တို႔တြင္ ဘုရားဖူးသြားေရာက္သူ၊ ေလ့လာေရးခရီးသြားေရာက္သူ အမ်ားဆုံးေနရာျဖစ္ကာ ျပည္တြင္းျပည္ပခရီးသြားဧည့္သည္မ်ားကလည္း စိတ္ဝင္စားလ်က္ရွိေၾကာင္း သိရသည္။

ဂ်ိဳးနက္