ၾကားသိသမွ်

Standard Army’ ကြီးလို့ပြောနေတဲ့ 2021 ရဲ့မအလ တပ်သားများတဲ့.. ဟုတ်သလား ကြည့်ကြဦး..












Unicode

Standard Army’ ကြီးလို့ပြောနေတဲ့ 2021 ရဲ့မအလ တပ်သားများတဲ့.. ဟုတ်သလား ကြည့်ကြဦး..

တပ်ရင်းတရင်း အင်အားက ၈၀ တရင်းပြုတ်ရင် နောက်တရင်းလွှတ်တယ်.ပြုတ်တဲ့တပ်ရင်းကို အင်အားထပ်မဖြည့်နိုင်ဘူး လူသစ်မရှိ့ဘူး လက်နက်ကောင်းမပေးဘူး ပြုတ်မှာပဲဆိုတာကိုသိတော့ အကုန်ကျမခံဘူး.

သံချပ်ကာတို့ တင့်ကားတို့ဆိုတာလဲ မလွှတ်ရဲတော့ဘူး ကယား PDF ကသုံးစီးကိုဖျတ်စီးပြတော့ငြိမ်သွားပြီ ဟယ်လီကော်ပတာလဲ နှစ်စီးလောက် KIA ကလောက်လေးခွနဲ့ပစ်ချပြလိုက်တော့ လန့်သွားပြီ တိုက်လေယာဉ်တွေကလည် ခဏခဏ မမောင်းနိုင်ဘူး ပြင်ဆင်စရိတ်ကကြီးတာရယ် တိုက်လေယာဉ်မှုးတွေကိုမယုံတာရယ် မအလ အရူးတပိုင်းဖြစ်နေပြီ..
ခြေလျှင်ခြေမြန်တပ်တွေကြပြန်တော့လည်း ကလန်တဲ့တပ်ရင်းတွေရှိ့တာကတကြောင်း တပ်တွင်း ကျပ်တည်းမှု့ကတဖုံ NUG နဲ့ ပြည်သူရဲ့စည်းရုံးမှုကတသွယ် သိန်း ငါးဆယ်ပေးမဲ့ PDF တွေကတဖန် ဆိုတော့သူ့လူတွေ လက်နက်တွေယူ ပြည်သူနဲ့ပူးပေါင်း ထွက်ပေါက်ရှာနိုင်တာကြောင့် မအလ သွေးပျတ်တာ ရှုးကြောင်နေတာက မဆန်းပါဘူး..

အခု ဘယ်လောက်အထိ တပ်ဖွဲ့စည်းပုံပျတ်နေလည်းဆိုလျှင် စာရမဲ့ သောက်ရမဲ့ စာမတတ်ပေမတတ် ထောင်ထွက် သူခိုးဂျပိုး လူသက် မုဒိမ်းကောင်တွေကို ပျူစောထီးအမည်တပ်ပြီး လက်နက်ပေးကိုင်ထားရတဲ့ Standard Army’ ကြီးအဆင့်ကိုရောက်ရှိ့နေပြီပေါ့.

ဒီလောက်နဲ့လား ဆိုတော့ မဟုတ်သေးပြန်ဘူး အရိုးစည်းထိုးချင်တယ်ဆိုတဲ့ ဘုန်းကြီးတွေကို ဂိတ်စောင့်ခိုင်းသတဲ့ ဖြစ်ပုံကအဲ့လို..

ဒါတင်မကသေး တူမီးနဲ့ ပြည်သူတွေအတွက်ခုခံကာကွယ်နေတဲ့ PDF ကိုမနိုင်တော့ သွားသလောက် စခ လေးတွေကုန်တော့ တပ်ကထွက်ခါနီး သက်ကျားရွယ်အို ၆၀ တန်းအရွယ်တွေကိုအမိန့်နဲ့ခြိမ်းခြောက်ပြီး သွားတေခိုင်းနေလေရဲ့ နောက်ဆိုလားပါဦးမယ် ခြေတုတွေ အပြတ်တွေကိုရှေ့တန်းလွှတ်ဘို့ဖိအားပေးတဲ့ မအလ ရဲ့ Standard Army’ စွမ်းပကား ကြီးကို မြင်ကြရဦးမှာပါ..

နောက်ဆုံး အချုပ်အနေနဲ့ပြောရရင်တော့ အဲ့ဒီလို သက်ကျားရွယ်အိုတွေ ခြေပြတ်လက်ပြတ်တွေ က မအလ ခိုင်းတာကို မလုပ်ချင်ပဲဘာလို့လိုက်ပြီးလုပ်နေရသလည်းဆိုရင် တနိုင်ငံလုံး ကစစ်သားဆိုလုံးဝကိုရွံနေကြပြီးဆိုတာသူတို့သိနေကြတော့

ပြည်သူလူထုကြားထဲနေရဘို့မလွယ်ဘူးဆိုတာကို သူတို့ခံယူထားတဲ့သဘောလို့မြင်မိတယ်..
ဒီတော့ သူ့လူကိုယ်ဘက်ပါမဲ့နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ထည့်ပြီးစဉ်းစားထားဘို့တော့လိုမယ်လို့ အကြံပြု ပါရစေ.
အရေးတော်ပုံအောင်ရမည် ..