ၾကားသိသမွ်

မင်းအောင်လှိုင်ကြောင့် မျက်ခုံး လှုပ်လာနေရပြီ ဖြစ်သော ဘဏ်များ နှင့် ကြံ့ဖွတ်

မျက်ခုံး လှုပ်လာနေရပြီ ဖြစ်သော ဘဏ်များ နှင့် ကြံ့ဖွတ်

မိမိသင်ကြား တတ်မြောက်ခဲ့သော အသိပညာ အတတ်ပညာများ ဖြင့် တိုင်းပြည်နှင့် လူမျိုးကို မည်သို့မျှ အလုပ်အကျွေးပြု၍ မဖြစ်နိုင်တော့သော အခြေအနေများကို မြင်တွေ့ သိရှိနေကြပါလျှက် ရာထူး ဂုဏ် အရှိန်အဝါကို မက်ကာ မိမိကိုယ် မိမိ ရောင်းစားနေကြသော ဗျူရိုကရက် အရာရှိဆိုးများက ကြံ့ကြံ့ခံလျှက် ရှိနေကြဆဲ ဖြစ်သည်။

သို့သော် ယခုအခါ လက်နက်နှင့် တကွ တပ်ကို စွန့်ခွာ ထွက်ပြေးပြီး ပြည်သူ့ တော်လှန်ရေး တပ်ဖွဲ့များထံ ခိုလှုံလာကြသည့် အမြင်မှန် ရလာကြသော အာဏာသိမ်း တပ်ဖွဲ့ဝင်များ၏ အရည်အတွက်မှာ များသည်ထက် များလာနေသဖြင့် ယခင်ကလို လံကြုပ်သတင်းများဟု မျက်စိမှိတ် ငြင်းလို့ မရတော့သည့် အခြေအနေ ဆိုက်လာ နေပြီ ဖြစ်ရာ မြန်မာနောင်း၏ သတင်းအရ ဆိုမူ ၁,၅၀၀ ထိ ရှိလာနေပြီ ဖြစ်သည်ဟု သိရသည်။

စီးပွားရေး ဖက်တွင်လည်း မာဖီယားတို့၏ စစ္စလီ ဟု သမုတ်ခြင်း ခံထားရသည့် စစ်တပ်၏ ဦးပိုင် လုပ်ငန်းများ သည်လည်း ဒေါ်လာဈေးများ တဟုန်ထိုး မြင့်တက်လာနေမှု နှင့် အတူ ထိခိုက်လာနေရသည်။

ဗဟိုဘဏ်သည် ဩဂုတ်လ ၃ ရက်နေ့တွင် အွန်လိုင်း မှ အစည်းအဝေး ခေါပြီး ဒေါ်လာ လဲလှယ်နှုန်းကို သတ်မှတ်ထားသော နှုန်းထက် ၀.၈% သာ အတက်အကျ ပြုမည်ဟု ဆိုကာ အခြေခံဈေး ၁,၆၅၀ ကျပ် ကို ဩဂုတ်လ ၁၃ ရက်နေ့တွင် သတ်မှတ်ပေးလိုက်သည်။

အဆိုပါ လုပ်ရပ်အတွက် နိုင်ငံခြား ဘဏ်များ အပါအဝင် ပုဂ္ဂလိက ဘဏ် ၄၄ ခု ၏ သဘောတူညီမှုကို ရရှိပြီး ဖြစ်သည်ဟု ဒုဥက္ကဋ္ဌ ဝင်းသော် ဆိုသူက ပြောလာသည်။

အာဏာသိမ်း အဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံ လက်ထက်က စ၍ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုထားသည့် နိုင်ငံခြားငွေ လဲလှယ်ရေး ဈေးကွက်ကို ဆရာ့ ဆရာသမားများ လုပ်ထုံးလုပ်နည်း အတိုင်း အကြံကုန် ဂဠုန် ဆားချက် ဝင်ရောက် ဖျက်ဆီးလာခြင်းပင် ဖြစ်သည်။ ၁,၆၅၀ ကျပ် သတ်မှတ်ပြီး နောက်တနေ့မှာပင် ဒေါ်လာ ဈေးသည် ၁,၇၂၀ မှ ၁,၇၆၀ အကြား ထိုးကျသွားခဲ့သည်။

ငွေလဲလှယ်သူများကလည်း ယခင်ကလို ပေါ်ပေါ်တင်တင် မလုပ်ကြတော့ဘဲ အချင်းချင်း လျို့ဝှက်ဆက်သွယ် ကာ အရောင်းအဝယ် လုပ်လာကြပြီး မှောင်ခိုဈေးကွက်ကြီး ပြန်လည် ပေါ်ထွန်းကာ အတားအဆီးမဲ့ ကျဆင်း လာဖို့ ရှိနေသည်။ ဘဏ်များ အဖို့က ထိုသို့ လုပ်၍ မရဘဲ သတ်မှတ်သော ဈေးဖြင့်သာ အရောင်းအဝယ် လုပ်ကြရဖို့ ရှိနေ၍ အကြီးအကျယ် ထိခိုက်လာနေရပြီ ဖြစ်သည်။

‌ဒေါ်လာ ဈေးများ ကျဆင်းလာမှုကြောင့် ဒေါ်လာကို လက်ဝယ် ကိုင်ထားသူများက လာရောက် ရောင်းချကြ တော့မည် မဟုတ်၍ သွင်းကုန်သမားများ ဘဏ်တွင် ကျပ်ငွေ နှင့် ဒေါ်လာ လဲလှယ်ပြီး ပြည်ပ သို့ ငွေပေးချေရန် အခက်တွေ့လာနေသဖြင့် နိုင်ငံခြား ကုမ္ပဏီ အချို့ကလည်း နိုင်ငံတွင်းမှ ထွက်ခွာရန် ခြေလှမ်းပြင်နေကြပြီ ဖြစ်သည်ဟု နိုင်ငံခြား ဘဏ်တွင် လုပ်ကိုင်နေသူ တဦးက ပြောကြောင်း Nikkei Asia Review တွင် ဖေါ်ပြထားသည်။

ဘဏ်များအကြား နေ့စဉ် ဒေါ်လာ အလဲအလှယ်သည် ဇန်နဝါရီ လထဲတွင် ၂၀.၃ သန်း ရှိခဲ့ရာမှ ယခုအခါ ၃.၆ သန်း အထိသာ ရှိတော့သည်ဟု ဆိုသည်။

မင်းအောင်လှိုင် သည် အသိဉာဏ် နည်းသူ ဖြစ်မှန်း တတိုင်းပြည်လုံးက လက်ခံထားကြပြီ ဖြစ်သော်လည်း တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍ အသီးသီးကို တတ်ယောင်ကား သမားများနှင့် ပေါင်း၍ ဗြောင်းဆန်အောင် မွှေနှောက်နေဆဲပင် ဖြစ်သည်။

နိုင်ငံရေး ဖက်တွင်လည်း ချမ်းသာမပေး၊ မင်းအောင်လှိုင်သည် ၎င်းအား ရုရှား ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် တဦးအဖြစ် အပါ့ရိက ဆက်ဆံ ခံလိုက်ရသည့် အဖြစ်ကြောင့် အိမ်စောင့်အစိုးရ ဟု ကြံဖန်ခေါင်းစဉ်တပ်ကာ ဝန်ကြီးချုပ်အဖြစ် သူ့ကိုယ်သူ အမည်ပေးလာခဲ့သည်မှာ ထမင်းစား ကြီးသူတိုင်း ရိပ်စားမိပြီး ဖြစ်သည်။ ရောက်လေရာတွင် ၎င်းအား ကော်ဇော်နီ ခင်းကာ ကြိုဆိုဖို့ လိုအပ်လာပြီ ဟု နိုင်ငံတကာကိုလည်း လက်တို့ လိုက်ခြင်းဖြစ်သည်။

သို့သော် မင်းအောင်လှိုင်သည် အကြောက်တရားကြောင့် ရာသက်ပန် သမ္မတ အဖြစ်မှ လက်လွှတ်ခံ၍ မည်သို့မျှ မဖြစ်တော့သည်ကို ရိပ်စားမိနေသူလည်း ဖြစ်သည်။ အိမ်စောင့် အစိုးရ ဆိုသည်မှာ ယာယီသာဖြစ်ပြီး ရွေး ကောက်တင်မြှောက်ခံ သမ္မတ အဖြစ် တက်လှမ်းချင်လာသည်။

ထိုအရေး အတွက် အဓိက အတားအဆီး ဖြစ်နေသည့် NLD ကို အခြေအနေကောင်းလာသည်ဟု ထင်မြင်လာ သည့် အချိန်တွင် NUG, CRPH အကြမ်းဖက် အဖွဲ့အစည်းများ နှင့် ဆက်ဆံသည်ဟု ဆိုကာ နိုင်ငံရေး ပါတီ အဖြစ်မှ အချိန်မရွေး ဖျက်သိမ်းပစ်ရန် စီစဉ်ထားပြီး ဖြစ်သည်။

သို့သော် သူ့အတွက် အဓိက အဟန့်အတား ဖြစ်လာနေသည်မှာ ကြံ့ဖွတ် ပါတီပင် ဖြစ်သည်။ NLD အား မဲခိုးသည်ဟု အကြောင်းပြ၍ အာဏာသိမ်းခဲ့ရသော်လည်း ကြံ့ဖွတ် ပါတီသည် ရွေးကောက်ပွဲ နှစ်ကြိမ်တွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ ပြီး ဖြစ်သဖြင့် သူ့အနေနှင့် လက်မခံ၍ မရသည့် မြေပြင် အခြေအနေ ဆိုသည်ကို သိရှိနားလည် ထားလေသည်။

ထို့အပြင် လက်ရှိ ကြံ့ဖွတ်ပါတီကို ဦးဆောင်နေသူများက စစ်တပ် အတွင်း သူ့ထက် ဝါများစွာ ရင့်သည့် ဗိုလ်ချုပ်ကြီးများ လည်း ဖြစ်နေပြန်သည်။ ထို့အတွက် ဗိုလ်သန်းရွှေ မှ သူ၏ အာဏာသိမ်း တည်ဆောက် ရေးအတွက် အနှောက်အယှက် ဖြစ်လာနိုင်သည့် ကျော်ဘ၊ ထွန်းကြည် ကဲ့သို့ ဗိုလ်ချုပ်ကြီးများကို လာဘ်စားမှု ဖြင့် ဖမ်းဆီး ထောင်ချပြီး ဖယ်ရှားပစ်ခဲ့သည့် အစဉ်အလာကလည်း ရှေ့တွင် ရှိခဲ့ပြီး ဖြစ်သည်။

သို့သော် ကြံ့ဖွတ် ပါတီအား NLD ကဲ့သို့ ဆက်ဆံ၍ တော့မရ၊ ၎င်းတို့၏ အားနည်းချက် Achille’s Heel ဖြစ်သည့် ဘဏ္ဍာရေး ဆိုင်ရာ မှတ်တမ်း မှတ်ရာများ မှ တဆင့် ကိုင်တွယ်ကာ ပါတီမှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပြီး နိုင်ငံရေး လောက မှ အပြီးအပိုင် ဖုတ်ကြည်း မီးသင်္ဂြိုလ် ပြစ်ပေတော့မည်။

၎င်း ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေး ပါတီများ ၏ ရံပုံငွေများ နှင့် ပိုင်ဆိုင်မှုများ တင်သွင်းရမည်ဟု တောင်း ဆိုလာပေတော့သည်။ NLD က မင်းအောင်လှိုင်၏ အစေစားခံ ရွေးကောက်ပွဲ ကော်မရှင် ကို အသိအမှတ် ပြုမည် မဟုတ်၍ ၎င်းတို့ တောင်းဆိုသမျှ လိုက်လျောဖို့ အလားအလာ မရှိပေ။ ထို့အတွက် NLD ကို ဖျက်သိမ်းပစ်ဖို့က ပို၍ပင် လွယ်ကူသွားပေလိမ့်မည်။

ထိုဗိုလ်ချုပ်ကြီးများသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်သာ ၎င်းတို့ ၂၅% ကျော် ရရှိပါက မင်းအောင်လှိုင် နှင့် သမ္မတ ရာထူး အတွက် အာဏာလွန်ဆွဲပွဲ သေချာပေါက် ဖြစ်လာပေတော့မည်။ မင်းအောင်လှိုင်ကို ဒုသမ္မတ ရာထူး လောက်သာ ပေးရန် ရည်မှန်းထားကြပြီးလည်း ဖြစ်သည်။
မင်းအောင်လှိုင်က ထိုအကြောင်းကို ရိပ်စားမိမှာ အမှန်ပင်။

ယခုတဖန် သူ ပြုလုပ်ပေးမည် ဆိုသော ရွေးကောက် ပွဲတွင် ကြံ့ဖွတ်သာ အနိုင်ရဖို့ ရှိနေသည်။ ထိုအခါ လူထုက သူ့အား လက်မခံတော့၊ မျက်နှာသစ်များ ဖြင့် သွေးသစ်လောင်းမှ ဖြစ်မည်ဟု အကြောင်းပြပြီး ကြံ့ဖွတ်က ချောင်ထိုး လာဖို့ ရှိနေသည်။ မင်းအောင်လှိုင်က လက်ရှိတွင် ကြံ့ဖွတ် ပါတီ‌ခေါင်းဆောင်ပိုင်းရှိ လူများကို ခွဲထုတ် နေရာပေးကာ စတင် သွေးခွဲနေပြီ ဖြစ်သည်။

ကြံ့ဖွတ်ကို ဖယ်ရှားပြီး ခင်မောင်ဆွေ၊ သက်သက်ခိုင် ပါတီ လောက်နှင့် သမ္မတ ရာထူးကို တက်လှမ်းဖို့က သူ့အတွက် အသေချာဆုံးပင် ဖြစ်သည်။

ကြံ့ဖွတ်ပါတီကတော့ မည်သို့မျှ ထင်မြင်ချက် မပေးသေးပေ။ ထိုအနေအထား ရောက်လာသည်အထိ သက်ဆိုးရှည်လိမ့်မည် မဟုတ်ဟု ယူဆနေပုံရှိသည်။
အရေးတော်ပုံ အောင်ရမည်!!!
Hla Soewai

မ်က္ခုံး လႈပ္လာေနရၿပီ ျဖစ္ေသာ ဘဏ္မ်ား ႏွင့္ ႀကံ့ဖြတ္

မိမိသင္ၾကား တတ္ေျမာက္ခဲ့ေသာ အသိပညာ အတတ္ပညာမ်ား ျဖင့္ တိုင္းျပည္ႏွင့္ လူမ်ိဳးကို မည္သို႔မၽွ အလုပ္အေကၽြးျပဳ၍ မျဖစ္နိုင္ေတာ့ေသာ အေျခအေနမ်ားကို ျမင္ေတြ႕ သိရွိေနၾကပါလၽွက္ ရာထူး ဂုဏ္ အရွိန္အဝါကို မက္ကာ မိမိကိုယ္ မိမိ ေရာင္းစားေနၾကေသာ ဗ်ဴရိုကရက္ အရာရွိဆိုးမ်ားက ႀကံ့ႀကံ့ခံလၽွက္ ရွိေနၾကဆဲ ျဖစ္သည္။

သို႔ေသာ္ ယခုအခါ လက္နက္ႏွင့္ တကြ တပ္ကို စြန႔္ခြာ ထြက္ေျပးၿပီး ျပည္သူ႔ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားထံ ခိုလႈံလာၾကသည့္ အျမင္မွန္ ရလာၾကေသာ အာဏာသိမ္း တပ္ဖြဲ႕ဝင္မ်ား၏ အရည္အတြက္မွာ မ်ားသည္ထက္ မ်ားလာေနသျဖင့္ ယခင္ကလို လံၾကဳပ္သတင္းမ်ားဟု မ်က္စိမွိတ္ ျငင္းလို႔ မရေတာ့သည့္ အေျခအေန ဆိုက္လာ ေနၿပီ ျဖစ္ရာ ျမန္မာေနာင္း၏ သတင္းအရ ဆိုမူ ၁,၅၀၀ ထိ ရွိလာေနၿပီ ျဖစ္သည္ဟု သိရသည္။

စီးပြားေရး ဖက္တြင္လည္း မာဖီယားတို႔၏ စစၥလီ ဟု သမုတ္ျခင္း ခံထားရသည့္ စစ္တပ္၏ ဦးပိုင္ လုပ္ငန္းမ်ား သည္လည္း ေဒၚလာေဈးမ်ား တဟုန္ထိုး ျမင့္တက္လာေနမႈ ႏွင့္ အတူ ထိခိုက္လာေနရသည္။
ဗဟိုဘဏ္သည္ ဩဂုတ္လ ၃ ရက္ေန႔တြင္ အြန္လိုင္း မွ အစည္းအေဝး ေခါၿပီး ေဒၚလာ လဲလွယ္ႏႈန္းကို သတ္မွတ္ထားေသာ ႏႈန္းထက္ ၀.၈% သာ အတက္အက် ျပဳမည္ဟု ဆိုကာ အေျခခံေဈး ၁,၆၅၀ က်ပ္ ကို ဩဂုတ္လ ၁၃ ရက္ေန႔တြင္ သတ္မွတ္ေပးလိုက္သည္။ အဆိုပါ လုပ္ရပ္အတြက္ နိုင္ငံျခား ဘဏ္မ်ား အပါအဝင္ ပုဂၢလိက ဘဏ္ ၄၄ ခု ၏ သေဘာတူညီမႈကို ရရွိၿပီး ျဖစ္သည္ဟု ဒုဥကၠ႒ ဝင္းေသာ္ ဆိုသူက ေျပာလာသည္။

အာဏာသိမ္း အဖြဲ႕သည္ နိုင္ငံေတာ္အတိုင္ပင္ခံ လက္ထက္က စ၍ လြတ္လပ္စြာ ေဆာင္ရြက္ခြင့္ ျပဳထားသည့္ နိုင္ငံျခားေငြ လဲလွယ္ေရး ေဈးကြက္ကို ဆရာ့ ဆရာသမားမ်ား လုပ္ထုံးလုပ္နည္း အတိုင္း အႀကံကုန္ ဂဠဳန္ ဆားခ်က္ ဝင္ေရာက္ ဖ်က္ဆီးလာျခင္းပင္ ျဖစ္သည္။ ၁,၆၅၀ က်ပ္ သတ္မွတ္ၿပီး ေနာက္တေန႔မွာပင္ ေဒၚလာ ေဈးသည္ ၁,၇၂၀ မွ ၁,၇၆၀ အၾကား ထိုးက်သြားခဲ့သည္။

ေငြလဲလွယ္သူမ်ားကလည္း ယခင္ကလို ေပၚေပၚတင္တင္ မလုပ္ၾကေတာ့ဘဲ အခ်င္းခ်င္း လ်ိဳ႕ဝွက္ဆက္သြယ္ ကာ အေရာင္းအဝယ္ လုပ္လာၾကၿပီး ေမွာင္ခိုေဈးကြက္ႀကီး ျပန္လည္ ေပၚထြန္းကာ အတားအဆီးမဲ့ က်ဆင္း လာဖို႔ ရွိေနသည္။ ဘဏ္မ်ား အဖို႔က ထိုသို႔ လုပ္၍ မရဘဲ သတ္မွတ္ေသာ ေဈးျဖင့္သာ အေရာင္းအဝယ္ လုပ္ၾကရဖို႔ ရွိေန၍ အႀကီးအက်ယ္ ထိခိုက္လာေနရၿပီ ျဖစ္သည္။

‌ေဒၚလာ ေဈးမ်ား က်ဆင္းလာမႈေၾကာင့္ ေဒၚလာကို လက္ဝယ္ ကိုင္ထားသူမ်ားက လာေရာက္ ေရာင္းခ်ၾက ေတာ့မည္ မဟုတ္၍ သြင္းကုန္သမားမ်ား ဘဏ္တြင္ က်ပ္ေငြ ႏွင့္ ေဒၚလာ လဲလွယ္ၿပီး ျပည္ပ သို႔ ေငြေပးေခ်ရန္ အခက္ေတြ႕လာေနသျဖင့္ နိုင္ငံျခား ကုမၸဏီ အခ်ိဳ႕ကလည္း နိုင္ငံတြင္းမွ ထြက္ခြာရန္ ေျခလွမ္းျပင္ေနၾကၿပီ ျဖစ္သည္ဟု နိုင္ငံျခား ဘဏ္တြင္ လုပ္ကိုင္ေနသူ တဦးက ေျပာေၾကာင္း Nikkei Asia Review တြင္ ေဖၚျပထားသည္။

ဘဏ္မ်ားအၾကား ေန႔စဥ္ ေဒၚလာ အလဲအလွယ္သည္ ဇန္နဝါရီ လထဲတြင္ ၂၀.၃ သန္း ရွိခဲ့ရာမွ ယခုအခါ ၃.၆ သန္း အထိသာ ရွိေတာ့သည္ဟု ဆိုသည္။

မင္းေအာင္လွိုင္ သည္ အသိဉာဏ္ နည္းသူ ျဖစ္မွန္း တတိုင္းျပည္လုံးက လက္ခံထားၾကၿပီ ျဖစ္ေသာ္လည္း တိုင္းျပည္၏ စီးပြားေရး၊ လူမႈေရး၊ က်န္းမာေရး အစရွိသည့္ က႑ အသီးသီးကို တတ္ေယာင္ကား သမားမ်ားႏွင့္ ေပါင္း၍ ေျဗာင္းဆန္ေအာင္ ေမႊေႏွာက္ေနဆဲပင္ ျဖစ္သည္။

နိုင္ငံေရး ဖက္တြင္လည္း ခ်မ္းသာမေပး၊ မင္းေအာင္လွိုင္သည္ ၎အား ႐ုရွား ခရီးစဥ္အတြင္း စစ္ေခါင္းေဆာင္ တဦးအျဖစ္ အပါ့ရိက ဆက္ဆံ ခံလိုက္ရသည့္ အျဖစ္ေၾကာင့္ အိမ္ေစာင့္အစိုးရ ဟု ႀကံဖန္ေခါင္းစဥ္တပ္ကာ ဝန္ႀကီးခ်ဳပ္အျဖစ္ သူ႔ကိုယ္သူ အမည္ေပးလာခဲ့သည္မွာ ထမင္းစား ႀကီးသူတိုင္း ရိပ္စားမိၿပီး ျဖစ္သည္။ ေရာက္ေလရာတြင္ ၎အား ေကာ္ေဇာ္နီ ခင္းကာ ႀကိဳဆိုဖို႔ လိုအပ္လာၿပီ ဟု နိုင္ငံတကာကိုလည္း လက္တို႔ လိုက္ျခင္းျဖစ္သည္။

သို႔ေသာ္ မင္းေအာင္လွိုင္သည္ အေၾကာက္တရားေၾကာင့္ ရာသက္ပန္ သမၼတ အျဖစ္မွ လက္လႊတ္ခံ၍ မည္သို႔မၽွ မျဖစ္ေတာ့သည္ကို ရိပ္စားမိေနသူလည္း ျဖစ္သည္။ အိမ္ေစာင့္ အစိုးရ ဆိုသည္မွာ ယာယီသာျဖစ္ၿပီး ေရြး ေကာက္တင္ေျမႇာက္ခံ သမၼတ အျဖစ္ တက္လွမ္းခ်င္လာသည္။

ထိုအေရး အတြက္ အဓိက အတားအဆီး ျဖစ္ေနသည့္ NLD ကို အေျခအေနေကာင္းလာသည္ဟု ထင္ျမင္လာ သည့္ အခ်ိန္တြင္ NUG, CRPH အၾကမ္းဖက္ အဖြဲ႕အစည္းမ်ား ႏွင့္ ဆက္ဆံသည္ဟု ဆိုကာ နိုင္ငံေရး ပါတီ အျဖစ္မွ အခ်ိန္မေရြး ဖ်က္သိမ္းပစ္ရန္ စီစဥ္ထားၿပီး ျဖစ္သည္။

သို႔ေသာ္ သူ႔အတြက္ အဓိက အဟန႔္အတား ျဖစ္လာေနသည္မွာ ႀကံ့ဖြတ္ ပါတီပင္ ျဖစ္သည္။ NLD အား မဲခိုးသည္ဟု အေၾကာင္းျပ၍ အာဏာသိမ္းခဲ့ရေသာ္လည္း ႀကံ့ဖြတ္ ပါတီသည္ ေရြးေကာက္ပြဲ ႏွစ္ႀကိမ္တြင္ ခြက္ခြက္လန္ေအာင္ ရႈံးနိမ့္ခဲ့ ၿပီး ျဖစ္သျဖင့္ သူ႔အေနႏွင့္ လက္မခံ၍ မရသည့္ ေျမျပင္ အေျခအေန ဆိုသည္ကို သိရွိနားလည္ ထားေလသည္။

ထို႔အျပင္ လက္ရွိ ႀကံ့ဖြတ္ပါတီကို ဦးေဆာင္ေနသူမ်ားက စစ္တပ္ အတြင္း သူ႔ထက္ ဝါမ်ားစြာ ရင့္သည့္ ဗိုလ္ခ်ဳပ္ႀကီးမ်ား လည္း ျဖစ္ေနျပန္သည္။ ထို႔အတြက္ ဗိုလ္သန္းေရႊ မွ သူ၏ အာဏာသိမ္း တည္ေဆာက္ ေရးအတြက္ အေႏွာက္အယွက္ ျဖစ္လာနိုင္သည့္ ေက်ာ္ဘ၊ ထြန္းၾကည္ ကဲ့သို႔ ဗိုလ္ခ်ဳပ္ႀကီးမ်ားကို လာဘ္စားမႈ ျဖင့္ ဖမ္းဆီး ေထာင္ခ်ၿပီး ဖယ္ရွားပစ္ခဲ့သည့္ အစဥ္အလာကလည္း ေရွ႕တြင္ ရွိခဲ့ၿပီး ျဖစ္သည္။

သို႔ေသာ္ ႀကံ့ဖြတ္ ပါတီအား NLD ကဲ့သို႔ ဆက္ဆံ၍ ေတာ့မရ၊ ၎တို႔၏ အားနည္းခ်က္ Achille’s Heel ျဖစ္သည့္ ဘ႑ာေရး ဆိုင္ရာ မွတ္တမ္း မွတ္ရာမ်ား မွ တဆင့္ ကိုင္တြယ္ကာ ပါတီမွတ္ပုံတင္ျခင္းကို ဖ်က္သိမ္းၿပီး နိုင္ငံေရး ေလာက မွ အၿပီးအပိုင္ ဖုတ္ၾကည္း မီးသၿဂႋဳလ္ ျပစ္ေပေတာ့မည္။

၎ ဖြဲ႕စည္းေပးထားသည့္ ေရြးေကာက္ပြဲ ေကာ္မရွင္သည္ နိုင္ငံေရး ပါတီမ်ား ၏ ရံပုံေငြမ်ား ႏွင့္ ပိုင္ဆိုင္မႈမ်ား တင္သြင္းရမည္ဟု ေတာင္း ဆိုလာေပေတာ့သည္။ NLD က မင္းေအာင္လွိုင္၏ အေစစားခံ ေရြးေကာက္ပြဲ ေကာ္မရွင္ ကို အသိအမွတ္ ျပဳမည္ မဟုတ္၍ ၎တို႔ ေတာင္းဆိုသမၽွ လိုက္ေလ်ာဖို႔ အလားအလာ မရွိေပ။ ထို႔အတြက္ NLD ကို ဖ်က္သိမ္းပစ္ဖို႔က ပို၍ပင္ လြယ္ကူသြားေပလိမ့္မည္။

ထိုဗိုလ္ခ်ဳပ္ႀကီးမ်ားသည္ ၿပီးခဲ့သည့္ ေရြးေကာက္ပြဲတြင္သာ ၎တို႔ ၂၅% ေက်ာ္ ရရွိပါက မင္းေအာင္လွိုင္ ႏွင့္ သမၼတ ရာထူး အတြက္ အာဏာလြန္ဆြဲပြဲ ေသခ်ာေပါက္ ျဖစ္လာေပေတာ့မည္။ မင္းေအာင္လွိုင္ကို ဒုသမၼတ ရာထူး ေလာက္သာ ေပးရန္ ရည္မွန္းထားၾကၿပီးလည္း ျဖစ္သည္။
မင္းေအာင္လွိုင္က ထိုအေၾကာင္းကို ရိပ္စားမိမွာ အမွန္ပင္။

ယခုတဖန္ သူ ျပဳလုပ္ေပးမည္ ဆိုေသာ ေရြးေကာက္ ပြဲတြင္ ႀကံ့ဖြတ္သာ အနိုင္ရဖို႔ ရွိေနသည္။ ထိုအခါ လူထုက သူ႔အား လက္မခံေတာ့၊ မ်က္ႏွာသစ္မ်ား ျဖင့္ ေသြးသစ္ေလာင္းမွ ျဖစ္မည္ဟု အေၾကာင္းျပၿပီး ႀကံ့ဖြတ္က ေခ်ာင္ထိုး လာဖို႔ ရွိေနသည္။ မင္းေအာင္လွိုင္က လက္ရွိတြင္ ႀကံ့ဖြတ္ ပါတီ‌ေခါင္းေဆာင္ပိုင္းရွိ လူမ်ားကို ခြဲထုတ္ ေနရာေပးကာ စတင္ ေသြးခြဲေနၿပီ ျဖစ္သည္။

ႀကံ့ဖြတ္ကို ဖယ္ရွားၿပီး ခင္ေမာင္ေဆြ၊ သက္သက္ခိုင္ ပါတီ ေလာက္ႏွင့္ သမၼတ ရာထူးကို တက္လွမ္းဖို႔က သူ႔အတြက္ အေသခ်ာဆုံးပင္ ျဖစ္သည္။

ႀကံ့ဖြတ္ပါတီကေတာ့ မည္သို႔မၽွ ထင္ျမင္ခ်က္ မေပးေသးေပ။ ထိုအေနအထား ေရာက္လာသည္အထိ သက္ဆိုးရွည္လိမ့္မည္ မဟုတ္ဟု ယူဆေနပုံရွိသည္။
အေရးေတာ္ပုံ ေအာင္ရမည္!!!
Hla Soewai