လုံခြုံရေးပေးလျှင် CDM ထပ်လုပ်မည့် စစ်သား ၅ဝဝခန့် စာရင်းရှိကြောင်း ပြည်သူ့စစ်သားအဖွဲ့ ထုတ်ပြော
(INUG)ကသာ လုံခြုံရေးကူညီပေးနိုင်လျှင် တစ်လအတွင်း နောက်ထပ်စစ်သား ၅ဝဝခန့် CDM လုပ်မည့်စာရင်းရှိကြောင်း ပြည်သူ့စစ်သား
ကဏ္ဍက ယနေ့ရေးသားဖော်ပြသည်။
ပြည်သူ့စစ်သားကဏ္ဍသည် CDM ပြုလုပ်ထားသည့် စစ်တပ်မှ အရာရှိများ၊ စစ်သားများပြုလုပ်ထားပြီး CDM ပြုလုပ်သူ၎င်းတို့အတွက်
INUG နှင့် ချိတ်ဆက်ပေးခြင်း၊ အကူအညီပေးခြင်းများလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။
စစ်သားအင်အား ၅ဝဝခန့် အရေအတွက်သည် တိုက်ခိုက်ရေးအင်အားအရဆိုလျှင် တပ်ရင်း ၅ရင်းခန့်မျှ ရှိပြီး ပြည်သူနှင့် ပြည်သူ့စစ်သား
ပေါင်းစည်းခြင်းသည် သွေးမြေကျမှုအနည်းဆုံးနှင့် အောင်ပွဲရမည့်နည်းလမ်းဖြစ်ကြောင်း ယင်းအဖွဲ့က ရေးသားဖော်ပြသည်။
အာဏာသိမ်းပြီး ၆ကျော်ကာလအတွင်း အကြမ်းမဖက် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သည့် စစ်သား ၁၅ဝဝခန့်အထိရှိ
လာပြီဖြစ်ကြောင်း ၎င်းတို့ကို အကူအညီပေးနေသည့် CDM အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now သတင်းဌာနသို့ ပြော
ကြားထားသည်။
လုံခြုံရေးအရနှင့် ကိုဗစ်ကြောင့် အပြင်မထွက်နိုင်သေးဘဲ တပ်တွင်းမှာပင်ရှိနေသေးပြီး CDM ပြုလုပ်လိုသည့် စစ်သည်၊ အရာရှိများအနေ
နှင့် ပြည်သူ့ရင်ခွင့်အဖွဲ့ထံသို့ ဆက်သွယ်၍ INUG ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု Pre-CDM ကုတ်များရယူနိုင်ကြောင်း ယင်း
အဖွဲ့က ကြေညာထားသည်။
Source RiSE_News
လုံခြုံရေးပေးလျှင် CDM ထပ်လုပ်မည့် စစ်သား ၅ဝဝခန့် စာရင်းရှိကြောင်း ပြည်သူ့စစ်သားအဖွဲ့ ထုတ်ပြော
(INUG)ကသာ လုံခြုံရေးကူညီပေးနိုင်လျှင် တစ်လအတွင်း နောက်ထပ်စစ်သား ၅ဝဝခန့် CDM လုပ်မည့်စာရင်းရှိကြောင်း ပြည်သူ့စစ်သားကဏ္ဍက ယနေ့ရေးသားဖော်ပြသည်။
ပြည်သူ့စစ်သားကဏ္ဍသည် CDM ပြုလုပ်ထားသည့် စစ်တပ်မှ အရာရှိများ၊ စစ်သားများပြုလုပ်ထားပြီး CDM ပြုလုပ်သူ၎င်းတို့အတွက်
INUG နှင့် ချိတ်ဆက်ပေးခြင်း၊ အကူအညီပေးခြင်းများလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။
စစ်သားအင်အား ၅ဝဝခန့် အရေအတွက်သည် တိုက်ခိုက်ရေးအင်အားအရဆိုလျှင် တပ်ရင်း ၅ရင်းခန့်မျှ ရှိပြီး ပြည်သူနှင့် ပြည်သူ့စစ်သား
ပေါင်းစည်းခြင်းသည် သွေးမြေကျမှုအနည်းဆုံးနှင့် အောင်ပွဲရမည့်နည်းလမ်းဖြစ်ကြောင်း ယင်းအဖွဲ့က ရေးသားဖော်ပြသည်။
အာဏာသိမ်းပြီး ၆ကျော်ကာလအတွင်း အကြမ်းမဖက် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်သည့် စစ်သား ၁၅ဝဝခန့်အထိရှိ
လာပြီဖြစ်ကြောင်း ၎င်းတို့ကို အကူအညီပေးနေသည့် CDM အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က Myanmar Now သတင်းဌာနသို့ ပြောကြားထားသည်။
လုံခြုံရေးအရနှင့် ကိုဗစ်ကြောင့် အပြင်မထွက်နိုင်သေးဘဲ တပ်တွင်းမှာပင်ရှိနေသေးပြီး CDM ပြုလုပ်လိုသည့် စစ်သည်၊ အရာရှိများအနေ
နှင့် ပြည်သူ့ရင်ခွင့်အဖွဲ့ထံသို့ ဆက်သွယ်၍ INUG ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု Pre-CDM ကုတ်များရယူနိုင်ကြောင်း ယင်းအဖွဲ့က ကြေညာထားသည်။
Source RiSE_News