တော်လှန်ရေးရင်ခုန်သံပြင်းထန်နေဖို့သာလိုအပ်တယ်။ပန်းတိုင်ကလက်တစ်ကမ်းမှာပါ။
ကျွန်တော်များ KIA တွေဟာ ၂၀၁၆ ခုနှစ်ကုန်ပိုင်းမှာ ဂိဒွန် Post ဂိဒွန်တောင်ကုန်းလေးတစ်ခုကိုပင် ၄ လကြာ အနိုင်မခံအရုံးမပေးဘဲအရိုးကြေကြေအရေခမ်းခမ်း အသက်ပေးကာကွယ်ခဲ့ကြပါတယ်။
ဘယ်အိမ်နီးချင်းကမှ ကျည်တစ်တောင့်မကူညီပါဘူး.. ရှိရာလက်နက်၊ရှိရာလူအင်အားနဲ့ အသေခံကာကွယ်ခဲ့ကြပါတယ်..ကိုယ်တိုင်ပါ၀င်ခဲ့
တဲ့တိုက်ပွဲ အတွက်ကျေနပ်တယ်ဂုဏ်ယူတယ်။ငါတို့တွေလွယ်လွယ်နဲ့အရုံးမပေးခဲ့ကြဘူး..နောက်ဆုံးခြေချလို့မရတော့တဲ့အဆုံးမှသာ
နောက်ဆုတ်ပေးခဲ့ကြတာပါ။နောက်ဆုတ်လိုက်ရတဲ့အကြောင်းအရင်းကလည်းကျွန်တော်တို့ဆီအခိုင်အမာရှိခဲ့ပါတယ်။လူအင်အား
လက်နက်အင်အားအင်မတန်ကွာခြားယုံမက ၎င်းတောင်ပေါ် တွင်တစ်စက္ကန့်မျှပင် အသက်ရှင်နေထိုင်ရန်မဖြစ်နိုင်တော့သည့်အဆုံးမှသာ
မိမိတို့ရင်နာနာနှင့် ဆုတ်ခွာခဲ့ရသောဂိဒွန်တောင်ပါ။ တိုက်ပွဲဝင်ခဲ့တဲ့ KIA ရဲဘော်တစ်ဦးတစ်ယောက်ကမှရေသာခိုတဲ့သူတွေမပါသလို..ရန်
သူ့တိုက်ခိုက်ဒဏ်ကိုမခံနိုင်လို့ထွက်ပြေးသွားတဲ့သူတွေ လုံးဝမရှိခဲ့ပါဘူး..သေအတူရှင်အတူခုခံကာကွယ်ခဲ့ကြတယ်။KIA ရဲဘော်များ၏စိတ်ဓါတ်ပါ ။
အာဖဂန်တွေအကြောင်းကျွန်တော်အများကြီးမသိပေမဲ့ ဖတ်ရသလောက်ကိုသုံးသတ်ကြည့်ရင် ကျွန်တော်တို့ KIA တွေရဲ့ခံယူချက်နဲ့ စိတ်
ဓါတ်ကဒီကောင်တွေထက်အများကြီးသာပါတယ်။အမေရိကန်များရဲ့ ကူညီမှု ပေးဆပ်မှုမြောက်မြားစွာကို သဲထဲရေသွန် ဖြစ်စေ
တယ်..သမ္မတကအစထွက်ပြေးသွားတယ်ဆိုမှတော့ပွဲကသိမ်းသွားပြီ။အမေရိကန်များနိုင်ငံမှားပြီးကူညီခဲ့ခြင်းလို့မြင်မိပါတယ်။ကျွန်တော်တို့ကိုများလာကူညီလို့ကတော့ဆိုတဲ့ အတွေးမျိုးတော့ရှိပါတယ်။
အာဖဂန်များကတပ်တွင်းစည်းလုံးညီညွတ်မှုမရှိခြင်း..အစိုးရနှင့်တပ်တွင်းချစားမှုများပြားခြင်း..စစ်သည်အင်အား ၃၀၀၀၀၀ ကျော်ရှိသည်
ဟုလိမ်လည်ကာအမေရိကန်ဆီမှ နှစ်ပေါင်းများစွာလခညာထုတ်စားခြင်း..အမေရိကန်အားကိုးဖြင့် ရေသာခို အချာင်လိုက်လိုသောစိတ်
ဓါတ်ဖြင့်သာ တာဝန်ထမ်းဆောင်ကြခြင်း..တိုက်ပွဲနှင့်နဖူးတွေ.ဒူးတွေ.ရင်ဆိုင်ရမည့်အချိန် Super Power နိုင်ငံမှ စစ်ပညာသင်ကြားပေး
ထားသောအာဖဂန် စစ်သည်များ.. Demogracy စနစ်အရရွေးကောက်တင်မြောက်သည့်အစိုးရ၏ တပ်မတော်များဖြစ်သော်လည်း
အနစ်နာခံ ၊အသေခံ တိုင်းပြည်ကို ကာကွယ်လိုစိတ် တိုက်ခိုက်လိုစိတ်မရှိဘဲ သူရဲဘောကြောင်စွာ မိမိတို့ စစ်ယူနီဖောင်းများကိုချွတ် ၊ အမေ
ရိကန် made အဆင့်မြင့်လက်နက်များကိုပင် ပြစ်ထားကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြခြင်း…အဆိုးဆုံးကပြည်သူများ၏ ထောက်ခံမှု
မရရှိတော့ခြင်း ..အခြားကျွန်တော်မသိနားမလည်တဲ့ အကြောင်းအရာတွေလည်းအများကြီးရှိမှာပါ..ဘာဘဲပြောပြောရှုံးသင့်ပါတယ်..ဒီ
ကောင်တွေ…Demogracy တပ်မတော်တဲ့ သိက္ခာကျလိုက်လေခြင်း… စကစက အာဖဂန် အစိုးရနဲ့တူညီတဲ့အချက်တော်တော်များတာကိုတော့ပိုမို သတိထားမိသွားတယ်၊
ဂိဒွန်တိုက်ပွဲ မှာကျွန်တော်တို့ရဲ့စစ်ဦးစီးချုပ်က လုံးဝဆုံးရုံးလို့မရတဲ့ Post နော်..ရဲဘော်တို့..ဆိုတဲ့အမိန့် တစ်ခွန်းတည်းနဲ့အသက်ရှင်ဖို့
အင်မတန်ခက်ခဲတဲ့ တောင်ကုန်းလေးမှာလေးလကြာတောင့်ခံကာတိုက်ခိုက်ခဲ့ကြတယ်။..လေယာဥ်ဗုံးဒဏ် အမြှောက် မော်တာကြီးငယ်
ဒဏ်အကြိမ်ပေါင်းမရေတွက်နိုင်အောင်ခံခဲ့ရပေမဲ့ကိုယ့်လူမျိုး နှင့် ဘိုးဘွားပိုင်မြေကို ကိုကာကွယ်လိုတဲ့စိတ်ဓါတ်ကပိုပြင်းထန်တော့နောက်ဆုံးထွက်သက်ထိတောင့်ခံနိုင်ခဲ့ကြပါတယ် ။
ဂိဒွန်တောင်တော့ဆုံးရှုံးလိုက်ရပြီ…အရှုံးထဲကအမြတ်ကတော့..မိမိတို့နယ်မြေထဲ မတရား ကျူးကျော်သိမ်းပိုက်ကာ အနိုင်ကျင့်ခံရမှုတို့
ကြောင့် KIA နှင့်ကချင်ပြည်သူတစ်ရပ်လုံး၏ တော်လှန်ရေးစိတ်ဓါတ် ပိုမိုမြင့်တင်လိုက်နိုင်ခြင်း မိမိတို့နယ်မြေအားဂိဒွန်တိုက်ပွဲလိုနောက်
တစ်ကြိမ်ဆုံးရှုံးမှု မခံရလေအောင်ကာကွယ်မှု နှင့်အတူ စစ်ရေးပြင်ဆင်မှုများတိုးမြင့် လုပ်ဆောင်လိုက်နိုင်ခြင်းတွေပါ။
ဂိဒွန်တိုက်ပွဲ၏နောက်ပိုင်း KIA ၏ လက်နက်ပိုင်းဆိုင်ရာ ပြည်စုံလာမှုနှင့်စစ်ပိုင်းဆိုင်ရာနည်းဗျူဟာများပိုမိုကျွမ်းကျင်လာမှုတွေကိုတော့
အထူးတလည်အမွန်းတင်မနေတော့ပါ..အခုတစ်လောနွေဦးတော်လှန်ရေးတိုက်ပွဲတွေမှာ KIA များကျွေးလိုက်ချိန်ကံထူးစွာစားရသူများမှ အရသာကိုကောင်းကောင်းသိကြမှာပါ။
အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူများအားကိုးအားထားတဲ့ပြည်သူ့တပ်မတော်ဖြစ်လာပြန်တော့ KIA ဟာအရင်ကထက်ပိုမို
ပြင်းထန်တဲ့စိတ်ဓါတ်.အများပြည်သူများ၏ယုံကြည်မှုကို အလေးထားကာသက်ပြသောအနေဖြင့် မအလများ ၃၄ နှစ်အကြာခြေကုတ်
စခန်းချနေရာယူထားသောအဘောဘွမ်စခန်းကြီးအား ၈ နာရီမျှဖြင့်အရသိမ်းပိုက်နိုင်ခဲ့ပါတယ်။ KIA ၏အောင်မြင်မှုဟာမြန်မာပြည်သူတစ်ရပ်လုံး ၏အောင်မြင်မှုပါ ။
အခုချိန်မှာ ကျွန်တော့လိုဘာမှမဟုတ်တဲ့KIA ရဲဘော်တစ်ယောက်ပင်လျှင် လက်ရှိတော်လှန်ရေးအတွက်တာဝန်ကြီးသလိုခံစားနေရလျှင်
ကျွန်တော်တို့၏ KIAခေါင်းဆောင်များဟာ ပိုမိုသတိထားကာ အားစိုက်မှုတွေနဲ့အတူ နေ့မအားညမနားလုပ်ဆောင်နေကြမှာပါ။ခေါင်း
ဆောင်ကြီးများ၏ လုပ်ဆောင်မှုတိုင်းအတွက်အပြည့်အဝယုံကြည်ပါတယ်။ KIA ၏မဟာဗျူဟာ ဘာလဲဆိုတာကိုမကြာတော့သည့်အချိန်မှာမျက်ဝါးထင်ထင်တွေ.မြင်ကြရတော့မှာပါ။
တာလီဘန်တွေဟာအချိန်ကောင်းအခါကောင်းကိုရောက်ဖို့ နှစ်ပေါင်း ၂၀ စောင့်နေခဲ့ကြတယ်။ထိုနည်းတူစွာကျွန်တော်တို့မျှော်လင့်တောင့်
တနေတဲ့ D Day ကိုရောက်ဖို့အချိန်ကောင်းအခါကောင်းကိုလည်းစိတ်ရှည်သီးခံစွာစောင့်ကြရမှာပါ။ ကျွန်တော်တို့ KIA၊ KNU ၊ PDF
များ၏တော်လှန်ရေးစိတ်ဓါတ်ကမ္ဘာကြီးကို ချပြဖို့အချိန်မဝေးတော့ပါ။ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကိုလည်းကြိုဆိုနေပါတယ်။
ဂိဒွန်လိုတောင်ကုန်း Post တစ်ခုကိုပင် KIA ၏အားစိုက်မှုကိုကြည့်ခြင်းအားဖြင့်လက်ရှိနွေဦးတော်လှန်ရေး၏ပန်းတိုင်သို့ မရောက်မခြင်း မ
ဆုတ်မနှစ်သောလုံ့လဝရိယဖြင့်အရောက်ချီတက်မည့် KIA ၏ခံယူချက်နှင့်စိတ်ဓါတ် ဟာ ဂိဒွန် တိုက်ပွဲသက်သေပါ။